NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန် ့ပေါင်းအစိုးရ (NCGUB) သည် (၁၉၉ဝ) ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ လျှို့ဝှက် အစည်းအဝေး သဘောတူညီချက်များအား အခြေခံလျက်၊ လွတ်မြောက်နယ်မြေရှိ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) နှင့် မြန်မာနိုင်ငံဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ် (DAB) တို့၏ အခိုင်အမာ ကူညီထောက်ခံမှုများဖြင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ၁၈-၁၂-၁၉၉ဝ နေ့တွင် ထိုင်း-မြန်မာနယ်စပ်အနီး၊ မြန်မာနိုင်ငံမြေပေါ်ရှိ (မာနယ်ပလော) ၌ စတင်ဖွဲ့စည်းပြီး၊ လွတ်လပ်သော၊ ငြိမ်းချမ်းသော၊ ညီညွတ်သော၊ သာယာဝပြောသော၊ ခေတ်မီသော ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရကို ဖွဲ့စည်း တည်ထောင်လိုက်သည်ဟု ပါရှိသည်။ ၁၈-၁၂-၁၉၉ဝ နေ့က ဖွဲ့သည့် အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းနှင့် ဝန်ကြီးအဖွဲ့ဝင်များမှာ ဦးဝင်းကို၊ ဦးပီတာလင်းပင်၊ ဦးသန်းကြွယ်၊ ဦးလှဖေ၊ ဦးသိန်းဦး၊ ဦးဘိုလှတင့်၊ ဦးထွန်းဦးတို့ဖြစ်ကြသည်။ ၂၅-၄-၁၉၉၁ နေ့တွင် အစိုးရကို ပြင််ဆင်တိုးချဲ့ဖွဲ့စည်းရာ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းနှင့် ဝန်ကြီးမ...
Comments
Post a Comment