Indonesian Model အင်ဒိုနီးရှား ဒွိစုံနမူနာ

မြန်မာပြည်မှာ နဝတ/နအဖ လက်ထက်က စည်းကမ်းပြည့်ဝသောဒီမိုကရေစီနဲ့ လွှတ်တော်မှာ ၂၅% ဆိုတဲ့ အသံတွေ စထွက်တော့ မြန်မာပြည်ကို အင်ဒိုနီးရှားနမူနာနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။ အင်ဒိုနီးရှားဖြစ်စဉ်နဲ့ ဆင်တူတာတွေ အတော်များများ မြန်မာပြည်မှာလဲရှိပါတယ်။ ဗိုလ်ချုပ်နေဝင်းက (၁၉၆၂-၁၉၈၈) ၂၆ နှစ်တာ အုပ်စိုးကြိုးကိုင်ခဲ့သလို ဆူဟာတို က အင်ဒိုနီးရှားကို နှစ်ပေါင်း (၁၉၆၇-၁၉၈၈) ၂၁ နှစ် အုပ်စိုးခဲ့တယ်။ အဲဒီအာဏာရှင်ကြီးတွေ နန်းကျနှစ်ကလဲ ၁၉၈၈ အတူတူဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာ New Order အစီအစဉ်သစ်ဆိုပြီးလုပ်ခဲ့တယ်။ ဒိနောက်မှာ Reformation Era ပြုပြင်ပြောင်းလဲရေး ကာလဆိုတာ ဖြစ်လာတယ်။ ဒီမိုကရေရေးလှုပ်ရှားမှုရှိလာတယ်။ စီးပွါးရေးပျက်ကပ်ကြီး ခံရတယ်။ ဆူဟာတို ပြုတ်ကျတယ်။ ဘာသာရေးအခြေခံအကြမ်းဖက်မှုနဲ့ အရှေ့တီမောခွဲထွက်မှု ဖြစ်ခဲ့တယ်။ နောက် ဆူဟာတိုကနေ စစ်တပ်အင်အားသုံးပြီး ဆူကာနို ကို ၁၉၆၅ မှာ ဖယ်ရှားလိုက်ပါတယ်။ 

အဲသည်ကတည်းက လွှတ်တော်ထဲမှာ စစ်ဗိုလ်တွေက နေရာ ၅ဝဝ ထဲမှာ ၁ဝဝ (၂ဝ%) ကို ယူထားပါတယ်။
ဆူဟာတိုကာလအတွင်းမှာ Dual function တာဝန်နှစ်ရပ် ထမ်းဆောင်ရမယ်လို့ ပြဋ္ဌာန်းခဲ့တယ်။ အင်ဒိုနီးရှားလို Dwifungsi ဒွေးဖန်ဆီ လို့ခေါ်တယ်။ တိုင်းပြည်ရဲ့အတွင်းရန်၊ အပြင်ရန်ကိုကာကွယ်မယ်၊ အစိုးရ ပေါ်လစီချုပ်ကိုင်သူလဲ လုပ်မယ်။ ၁၉၉၈ ဆူဟာတို အာဏာကျသွားပြီးနောက်မှာတော့ စစ်တပ်က နိုင်ငံရေးကနေ ဆုတ်ခွါစပြုလာပါတယ်။ လွှတ်တော်ထဲမှာ အချောင်နေရာဝင်ယူထားတာကို လျှော့ရာကနေ မယူတော့ဘဲနေတော့တာ ဖြစ်ပါတယ်။ ဆူဟာတို အာဏာလက်လွှတ်လိုက်ရတာနဲ့ လွှတ်တော်ထဲမှာ စစ်တပ်ကနေရာဝင်ယူထားတာကို ရပ်တန်းကရပ်ဘို့ တောင်းဆိုတာက လူမှုအဖွဲ့အစည်းတွေက ဖြစ်ပါတယ်။

ဒါပေမဲ့ ကြားကာလမှာ သမတ မက်ဂါဝါတီ ဆူကာနိုပူထရီ အပါအဝင် အရပ်သားခေါင်းဆောင်တွေကတော့ ချက်ချင်း ရပ်စဲတာကိုသဘောမတူခဲ့ကြသေးပါ။ စစ်ဗိုလ်အမတ်ဦးရေ ၁ဝဝ ကနေ ၇၅ ယောက်အထိတော့ လျှော့ချလိုက်ပါတယ်။ ၂ဝဝ၂-၂ဝဝ၄ ခုနှစ်ရောက်တော့မှသာ Peoples Consultative Assembly ထဲမှာ စစ်သားတွေ မပါနိုင်တော့ပါ။ 

အင်ဒိုနီးရှားက နောက်ဆုံးရွေးကောက်ပွဲမှာ ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယာတိုကို အရပ်သားတဦး ဂျိုကို ဝီဒိုဒိုက အနိုင်ရလိုက်တယ်။ ဒီရွေးကောက်ပွဲရလဒ်ကို အာဏာရှင် ဆူဟာတို မျိုးဆက်ပြတ်သွားတာလို့ သုံးသပ်ကြတယ်။ ဒါတောင် ဗိုလ်ချုပ်ကြီးဟောင်းက ရွေးကောက်ပွဲမသမာမှုရှိတယ်လို့ ပြောနေတယ်။ 

အင်ဒိုနီးရှား ရွေးကောက်ပွဲ ကော်မရှင်က မြန်မာရွေးကောက်ပွဲကော်မရှင်နဲ့တခြားစီဖြစ်ပါတယ်။ ၉-၇-၂ဝ၁၄ နေ့က ကျင်းပတဲ့ အင်ဒိုနီးရှား ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သူတွေက ယေဘုယျအားဖြင့် တရားမျှတလွတ်လပ်တယ်လို့ ဆိုပါတယ်။

ပရာဘိုဝို ဆူဘီယာတို ဟာချမ်းသာကြွယ်ဝသူဖြစ်တယ်။ သူ့ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာလဲ ငွေတွေအများကြီး သုံးခဲ့တယ်။  စစ်ထဲမှာအမှုထမ်းစဉ်ကလဲ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ကျူးလွန်ခဲ့သူဖြစ်တယ်။ သူ့ကို တခြား နိုင်ငံရေးပါတီတွေကလဲ ထောက်ခံမှုပေးခဲ့ကြပါတယ်။ ဂျိုကို ဝီဒိုဒိုကတော့ အရပ်သားမြို့တော်ဝန်ဖြစ်တယ်။ မြန်မာပြည်က စစ်ထွက်မြို့တော်ဝန်မျိုးမဟုတ်ပါ။ 
အင်ဒိုနီးရှားစစ်တပ်ရဲ့ အကတိလိုက်စားမှုတွေကို ထောက်ပြနေသူ ဖြစ်တယ်။

ကနေ့အချိန်မှာပြောရရင်တော့ မြန်မာပြည်ဟာ အင်ဒိုနီးရှားဆီကနေ လွှတ်တော်ထဲမှာ အချောင် နေရာယူတာကိုသာ နမူနာယူပြီး၊ နိုင်ငံရေးကနေ ဆုတ်ခွါတာကိုတော့ မယူပါလို့ သုံးသပ်နိုင်ပါတယ်။ ပိုဆိုးသေးတာက ယူနီဖေါင်းချွတ်ပြီး နိုင်ငံရေးပါတီထောင်တယ်။ ဖွဲ့စည်းပုံကိုလဲ သူတို့အကြိုက်သာရေးတယ်။ မြန်မာစစ်တပ်ဟာ ရာသက်ပန် ဒွိစုံမဟာတာဝန် မပေးဘဲယူနေတာ ဖြစ်ပါတော့တယ်။

Dwifungsi ခေါ် စစ်နဲ့ နိုင်ငံရေးတာဝန် နှစ်ရပ်ထမ်းရွက်မယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ဟာ တဖြည်းဖြည်းနဲ့ စစ်တပ်ပါဝင်မှု ဆုတ်ခွါပေးလာပြီး Reform era ခေါ်ခေတ်သစ်ပြောင်းလဲရေး ဖြစ်လာတယ်။ ၂၀၀၀ ခုနှစ် ABRI အစည်းအဝေးကစတင်တာဖြစ်တယ်။ ၂၀၀၄ ကနေ စနစ်သစ် ရွေးကောက်ပွဲ စတင်မယ်လို့ ဆုံးဖြတ်တယ်။ Susilo Bambang Yudhoyono ဟာ စစ်တပ်တာဝန်ကို စွန့်ပြီး သမတသစ် ဖြစ်လာတယ်။ စစ်တပ်နဲ့ ရဲတပ် တာဝန်ထမ်းနေသူတွေအားလုံး ၂၀၀၄-၂၀၀၉ ကစပြီး အင်ဒိုနီးရှားလွှတ်တော်မှာ မရှိကြတော့ပါ။ ကနေ့ အင်ဒိုနီးရှားဟာ အာစီယံထဲမှာ အကြီးဆုံးဒီမိုကရေစီနိုင်ငံ ဖြစ်လာပါတော့တယ်။

Guided Democracy
Sukarno then used this difference of opinion with the legislature as justification for the establishment of a People's Representative Council of Mutual Assistance (Indonesian: Dewan Perwakilan Rakyat Gotong Royong, DPR-GR). The membership was no longer based on the results of the 1955 election, but was determined by the president, who could appoint and dismiss members at will. Political opponents were sidelined, and some who opposed the establishment of the DPR-GR refused to take their seats. As Masyumi and the Indonesian Socialist Party did not agree with Sukarno, they were given no seats, meaning there was no longer a parliamentary opposition. A number of representatives from various functional groups including the military were also appointed. As of mid-1962, there were 281 members; 130 from 10 political parties, 150 from 20 functional groups and 1 representative from West Irian.

The responsibilities and duties of the parliament were dramatically curtailed as it was reduced to helping the government implement its policies. In 1960 it produced only 9 laws, compared with 87 in 1958 and 29 in 1959. It became little more than a rubber stamp for Sukarno's policies. For example, it passed a law allowing volunteers to be sent to participate in the 'Confrontation' with Malaysia.

New Order
Following the coup attempt of the 30 September Movement in 1965, which was officially blamed on the Indonesian Communist Party (PKI), the DPR-GR was purged of PKI members – 57 communist members were suspended. On 14 November parliament resumed without the PKI representatives, including deputy speaker M. H. Lukman. In 1969, the government passed an election law that set the membership of the DPR at 360 elected and 100 appointed members. The number of representatives from the military increased to 75. Elections were finally held in 1971, having been delayed to allow preparations to ensure a victory for the government's Golkar organisation.

Following the election, the words Gotong Royong were removed and the body became the Dewan Perwakilan Rakyat again. In 1973 the remaining political parties were reduced to two, the United Development Party and the Indonesian Democratic Party. For the remainder of the New Order, Golkar won absolute majorities at every elections, while the parliament did not produce a single law on its own initiative, its role being reduced to passing laws proposed by the government.

Reform era
In May 1998, President Suharto stepped down and the following year saw Indonesia's first free elections since 1955. Of the 500 seats, 462 were elected, while 38 seats were reserved for the military/police faction. In the 2004 elections, all 550 seats were elected. In the 2009 elections the number of seats was increased to 560. There are now no appointed military officers in the legislature.

Current composition
The People's Representative Council has 575 members resulting from the 2019 legislative election. The representatives come from 9 political parties.

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း

NCGUB ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက်