Ampicillin ပဋိဇီဝဆေး

အသက်က ၂၆ပါ အမောက်ဆာစလင် မရလို့ အမ်ပက်စလင်ပဲရှိတယ်။ လည်ချောင်းနာတဲ့အတွက် သောက်လို့ရလားဆရာ တရက်ဘယ်နှစ်ကြိမ်သောက်လို့ရလဲ သိချင်လို့ပါဆရာ။


သောက်နိုင်။ ၂၅၀ တနေ့ ၄ ကြိမ်။ သို့မဟုတ် ၅၀၀ တနေ့ ၂ ကြိမ်သောက်နိုင်။ အနည်းဆုံး ၅ ရက်။


Ampicillin ပနယ်စလင်အုပ်စုဝင် ပဋိဇီဝဆေး၊ Penicillin နှင့် သတ္တိတူသော်လည်း Gram-negative bacteria တို့အား ပိုမိုထိရောက်သည်။ Pneumonia, Meningitis, Bacteremia, or Endocarditis ဖြစ်လျှင် IV ပေးပါ။ ရောဂါလက္ခဏာ ပျောက်သွားစေကာမူ ဆေးပါတ်လည်အောင် ပေးရမည်။ အစာနှင့် နီးသည် ဖြစ်စေ ဝေးသည် ဖြစ်စေ ပေးနိုင်သည်။


Ampicillin 250-500 mg TDS or 500 mg BD or 750 mg BD x 7-14 days; ကလေး 125-250 mg TDS အစာလမ်း (အူ) ရောင်ခြင်း၊ (500-1,000 mg QID IV/IM) ; Children ½ of the adult dose x 7-14 days နားအလည်ပိုင်း (အင်ဖက်ရှင်)၊ (ဆိုင်းနပ်စ်)၊ ဆီးလမ်း-ကျောက်ကပ်-နှလုံးသား-အာသီး-လေပြွန်-သည်းခြေလမ်း ရောင်ခြင်း၊ သွေးထဲ ပိုးရောက်ခြင်း၊ အရေပြားအနာ၊

• Ampicillin 500 mg QID x 7-10 days နူမိုးနီးယား၊ ဒေါင့်သန်းရောဂါ၊

• Ampicillin 1 Gm x 10-14 days followed by Omeprazole 20 mg or Rabeparzole 20 mg, Lansoprazole 15-30 mg, Pantoprazole 40 mg 30 minutes before meals OD (or) Ranitidine and Nizatidine 300 mg, Famotidine 40 mg and Cimetidine 800 mg HS x 4-8 weeks အကိုက်အခဲပျောက် ဆေးများကြောင့်ဖြစ်သော အစာအိမ် လေနာ၊

• Ampicillin 3 Gm BD/TDS သွားပိုးဝင်၍ ပြည်တည်ခြင်း၊ သွားမနုတ်မီ ၁ နာရီ။ ပြင်းထံသော အသက်ရှူလမ်း ပိုးဝင်ခြင်း၊

• Ampicillin 2 Gm IV QID အသက်ရှူလမ်း အောက်ပိုင်း ရောင်ခြင်း၊

• Ampicillin + Gentamicin 3-week course of IV (မင်နင်ဂျိုက်တစ်) ဦးနှောက်မြှေးရောင်၊

• Ampicillin 1 Gm QID + Gentamycin 1 mg/kg TDS IV x 21 days ကျောက်ကပ်ပြွန် ရောင်ခြင်း၊

• Ampicillin 1-2 Gm QID + Gentamycin 2 mg/kg TDS + Metronidazole 500 mg IV TDS ဝမ်းတွင်းမြှေး ရောင်ခြင်း၊

• Ampicillin 500 mg IV QID or Ciprofloxacin 250 mg IV BD ခွဲစိတ်ပြီးဖြစ်သော သဲခြေအိတ် ရောင်ခြင်း၊

• Ampicillin 2 Gm + 1 Gm of Probenecid နှင့်တွဲပေးပါ၊ (ဂနိုးရီးယား)၊

• Ampicillin 1 Gm QID + Gentamycin 1 mg/kg TDS IV x 21 days အရိုးအတွင်းရောင်ခြင်း၊ နားပြည်ယိုခြင်း၊ မွေးလမ်း ရောင်ခြင်း၊ ကျောက်ကပ်ပြွန်ရောင်ခြင်း၊

• Ampicillin 1-2 Gm QID x 2 weeks (500-1,000 mg QID IV/IM) (18.75 mg/kg QID Oral/IV/IM) တိုက်ဖွိုက်၊

• Methotrexate, Sulfa drugs, Tetracycline ကိုယ်ဝန်တားဆေးတို့နှင့် တွဲမပေးသင့်။


ဘေးထွက်ဆိုးကျိုးများ 

ဝမ်းပျက်၊ ခေါင်းမူး၊ ရင်ဘတ်ပူ၊ အိပ်မရ၊ ပျိူ့၊ ယား၊ အန်၊ ဗိုက်နာ၊ အင်ပြင်ထွက်။ အသက်ရှူခက်၊ မျက်နှာ-နှုပ်ခမ်း-လျှာ-လည်ပင်းရောင်၊ ကိုယ်ပူ၊ ချမ်းတုံ၊ မူးဝေ၊ ယားယံ၊ အိပ်မပျော်၊ စိတ်မကြည်၊ ဗိုက်အောင့်၊ သွေးယို၊ ဆီးနည်း၊ တက်ခြင်း၊ မွေးလမ်းမှ အဖြူဆင်းခြင်း၊ မှက်ခရုဖြစ်ခြင်း။


ဒေါက်တာတင့်ဆွေ

၂၁-၄-၂၀၂၀

၂၁-၄-၂၀၂၁

Comments

Popular posts from this blog

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း

Vitamin A ဗီတာမင်အေ နှင့် ကလေး

Pruritus scroti ယောက်ျားကပ်ပယ်အိတ်ယားခြင်း