Anti-Itch အယားသက်သာဆေး
ဆေးအမျိုးအစား များတယ်။ နောက်ပေါ်ဆေးတွေ ကောင်းပါတယ်။ အင်းဆက်ကောင်လေးတွေကိုက်တာ။ အလာဂျီခေါ် မတည့်လို့ယားတာတွေအတွက် ချက်ချင်းသက်သာစေတယ်။
Anti-Itch အယားသက်သာဆေးထဲမှာ Camphor ပရုပ်နဲ့ Menthol ဘုမ္မသိန် (ပရုပ်ကိုပိုသန့်အောင်လုပ်ထားတာ) ပါတယ်။
Aveeno Lotion အဗီးနိုလိမ်းဆေးထဲမှာ Calamine + Pramoxine HCl တွေပါတယ်။ Natural Colloidal Oatmeal သဘာဝအုတ်စပါးကနေ ထုတ်တယ်။
ဆေးနှစ်မျိုးလုံးက အင်းဆက်ကိုက်တာ၊ ဘာကြောင့်ယားမှန်းမသိတာတွေအတွက် အမြန်သက်သာစေတယ်။ ကလေး လူကြီး ကျား မ သုံးနိုင်တယ်။ Aveeno အမည်နဲ့ ဘေဘီလိုးရှင်း၊ အရေပြားရေဓါတ်လိမ်းဆေးတွေလည်းလာတယ်။ ကော်တီဇုန်း မပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment