Anxiety Disorders စိုးရိမ်စိတ်ကဲလွန်ခြင်း

၁။ ဆရာရှင့်။ ကျွန်မအသက် ၂၃ နှစ်ပါ။ အပျိုပါ။ အမြဲလိုလို Anxiety တွေဝင်နေပါတယ်ဆရာ။ ပြုံးရင်တောင် အသက်မပါ fake smile (လုပ်ပြုံး) ကြီးဖြစ်နေပါတယ်ဆရာ။ ဘယ်လိုပြုပြင်ရပါမလဲဆရာ။

၂။ ဆရာခင်ဗျား ကျွန်တော် social anxity အကြောင်းသိချင်လို့ပါ။ အဓိကကတော့ ဘယ်လိုကုသနိုင်မလဲဆိုတာကိုပါ။

 

၃။ အသက် ၄၉ နှစ်ရှိ၊ အမျိုးသမီးတဦးကနေ စာမျက်နှာ ၂ ရွက်အပြည့် လက်ရေးနဲ့စာတစောင်နဲ့မေးပါတယ်။

 

စိုးရိမ်စိတ်ကဲလွန်ခြင်းမှာ အမျိုးအစားတွေများတယ်။

1. Panic disorder ဆောက်တည်ရာမရဖြစ်ခြင်း၊

2. Obsessive compulsive disorder စွဲလမ်းမှု အားကြီးခြင်း၊

3. Post-traumatic stress disorder ထိခိုက်ဒဏ်ရာရပြီး စိတ်ဖိအားများခြင်း၊

4. Social anxiety disorder အသိုင်းအဝိုင်းထဲ ဝင်မဆန့်ခြင်း၊

5. Specific phobias တခုခုကိုသတ်သတ်မှတ်မှတ်ကြောက်နေခြင်း နဲ့

6. Generalized anxiety disorder ယေဘုယျကြောက်စိတ်အားကြီးခြင်း။

 

စိုးရိမ်စိတ်ဆိုတာ သဘာဝဖြစ်တယ်။ အချိန်မရွေး၊ လူမရွေးမှာလာဖြစ်နေတယ်။ စိုးရိမ်စိတ်ကဲလွန်ခြင်းကတော့ ရောဂါဖြစ်တယ်။ သူ့ရဲ့ပုံမှန်ဘဝကို ရင်ဆိုင်ကျော်လွှားဘို့မှာ အခက်အခဲအတားအဆီးတခု ဖြစ်နေတော့တယ်။ ပုံမှန်မဟုတ်တဲ့ စိတ်အခြေအနေတွေထဲမှာ ဒီရောဂါက ဆိုးတဲ့အထဲမှာပါတယ်။

 

1. Panic disorder ဆောက်တည်ရာမရဖြစ်ခြင်း၊ ရုတ်တရက် ကြိုတင်မှုမရှိပဲ ကြောက်စိတ်ဖြစ်လာတယ်။ ထပ်ထပ်ဖြစ်မယ်။ ဇောချွေးတွေပြန်မယ်။ ရင်ပတ်နာမယ်။ ရင်တုန်မယ်။ ဆို့နေသလိုခံစားရမယ်။ နှလုံးရောဂါ အတက်ရသလိုမျိုး ဆင်ဆင်တူနေမယ်။ နှလုံးရောဂါ မဟုတ်ပါ။

 

2. Obsessive-compulsive disorder (OCD) စွဲလမ်းမှုအားကြီးခြင်း၊ ကြောက်စိတ်ကိုသာ အမြဲတွေးထင်နေမယ်။ ဒီအတွက် တခုခုအားကိုးရာရှာတာမျိုး လုပ်နေမယ်။ စိုးရိမ်စိတ်နဲ့ လက်ခဏခဏဆေးနေသူမျိုးလည်းအတူဘဲ။

 

3. Post-traumatic stress disorder (PTSD) ထိခိုက်ဒဏ်ရာရပြီး စိတ်ဖိအားများခြင်း၊ ထိန့်လန့်ကြောက်ရွံ့စရာ တကယ်တန်းတခုခုကို ကြုံတွေ့ခံစားပြီးနောက် ကြောက်နေမယ်။ ရုပ်ပိုင်းစော်ကားမှု၊ လိင်ပိုင်းစော်ကားမှု ခံရသူမျိုး။ ဆွေမျိုးထဲက သေဆုံးမှု။ သဘာဝဘေးအန္တရာယ် ကျရောက်ခြင်း။

 

4. Social anxiety disorder အသိုင်းအဝိုင်းထဲ ဝင်မဆန့်ခြင်း၊ social phobia လဲခေါ်တယ်။ ကိုယ့်ကိုယ်ကို သိပ်သတိထားလွန်းနေသူ။ လူမှုအသိုင်းအဝိုင်းထဲဝင်ရမှာ စိုးကြောက်နေသူ။

 

5. Specific phobias တခုခုကိုသတ်သတ်မှတ်မှတ် ကြောက်နေခြင်း၊ မြွေ၊ အမြင့်၊ ပျံသန်းမှု စတာတွေကို သိပ်ကြောက်နေသူ။ တကယ့်အခြေအနေနဲ့ ကြောက်စိတ်က အချိုးမမျှဘူး။

 

6. Generalized anxiety disorder ယေဘုယျကြောက်စိတ်အားကြီးခြင်း။ ကျိုးကြောင်းဆီလျှော်မှုကင်ပြီး ကြောက်အားကြီးနေသူ။

 

ဘယ်လိုခံစားနေရသလဲ

ဆောက်တည်ရမရ၊ ကြောက်နေ၊ မနေနိုင်မထိုင်နိုင်ဖြစ်နေ။ ထိန်းမနိုင်သိမ်းမရ၊ အထင်အမြင်ကိုသာ တန်းတန်းစွဲဖြစ်နေ။ ခံစားခဲ့ရဘူးတာကိုဘဲ ထပ်ထပ်တွေးထင်နေ၊ အိပ်မက်ဆိုးတွေမက်နေ။ တခုခုကိုထပ်ထပ်လုပ်နေ၊ လက်ကိုခဏခဏ ဆေးနေ။ အိပ်မရ။ ခြေ-လက် အေးစက်နေ။ အသက်ရှူတိုတောင်း၊ ရင်တုန်၊ တည်ငြိမ်အောင်နေလို့မရ၊ အာခေါင်ခြောက်၊ ခြေ-လက်ထုံကျင်နေ၊ ပျို့၊ ကြွက်သားတွေ တင်းတောင့်နေ၊ ခေါင်းမူး။

 

ဘာလို့ဖြစ်သလည်းတိတိကျကျမသိပါ။ တခြားစိတ်အခြေအနေတွေလိုဘဲ ပုဂ္ဂိုလ်ရေးအားနည်းလို့ဖြစ်ရတာတော့ မဟုတ်ပါ။ စာရိတ္တချို့ယွင်းလို့လဲ မဟုတ်ပါ။ မိဘအုပ်ထိန်းမှုနည်းလို့လဲ မဟုတ်ပါ။ အကြောင်းတရားတွေ ပေါင်းဆုံရာကနေဖြစ်တယ်။ စိတ်မှာဖြစ်တာပေမဲ့ ဦးနှောက်စီးကြောင်းချို့ယွင်းလို့လဲဖြစ်နိုင်တယ်။ နာတာရှည် စိတ်ဖိစီးမှုကနေ ဦးနှောက်စီးကြောင်းကို သက်ရောက်နိုင်တယ်။ ဦးနှောက်တည်ဆောက်မှု ပြောင်းလို့လဲဖြစ်နိုင်တယ်။ မိသားစုထဲတယောက်မကဖြစ်တတာလဲရှိတယ်။ စိတ်ထိခိုက်စရာ ကြီးကြီးမားမား ခံစားရတာကနေ ဆက်ဖြစ်နိုင်တယ်။

 

ဘယ်လိုကုသမလဲ

1. Psychotherapy စိတ်ကုသနည်း။

2. Cognitive-behavioral therapy စိတ်ကုသနည်းတမျိုး။

3. Dietary and lifestyle changes လူနေမှုပုံစံပြောင်းပေးနည်း။

4. Relaxation therapy စိတ်ပြေလက်ပျောက်လုပ်ပေးနည်။

5. Medication ဆေးပေးနည်း။ anti-depressants နဲ့ anxiety-reducing drugs ဆေးတွေပေးမယ်။

 

(က) Anti-depressants စိတ်မကျဆေးများ

Monoamine oxidase inhibitors (MAOIs) = desvenlafaxine (Pristiq), fluoxetine (Prozac), imipramine (Tofranil), isocarboxazid (Marplan), meperidine, methadone, phenelzine (Nardil), propoxyphene (Darvon), selegiline transdermal system (EMSAM), sertraline (Zoloft), St. John's Wort, tramadol (Ultram), tranylcypromine (Parnate), venlafaxine (Effexor), Tricyclic antidepressants (TCAs) = amitriptyline (Elavil, Endep), amoxapine, clomipramine (Anafranil), desipramine (Norpramin), doxepin (Sinequan, Adapin), imipramine (Tofranil), nortriptyline (Pamelor, Aventyl), protriptyline (Vivactil), trimipramine (Surmontil)

Selective serotonin reuptake inhibitors (SSRIs) = citalopram (Celexa), escitalopram (Lexapro), fluoxetine (Prozac, Sarafem), fluvoxamine (Luvox), paroxetine (Paxil, Paxil CR, Pexeva), sertraline (Zoloft)

Serotonin norepinephrine reuptake inhibitors (SNRIs) = duloxetine (Cymbalta), venlafaxine (Effexor), desvenlafaxine (Pristiq)

 

(ခ) Anti-anxiety drugs စိုးရိမ်စိတ်နည်းစေတဲ့ဆေးတွေကို tranquilizers လို့လဲခေါ်တယ်။ benzodiazepines = Xanax (alprazolam), Klonopin (clonazepam), Valium (diazepam), Ativan (lorazepam) ဆေးတွေ ဖြစ်တယ်။

 

အများဆုံးသုံးတဲ့ Alprazolam ဆေး၏ ဘေးထွက်အကျိုးများ    

အဖြစ်နည်းတဲ့ဘေးထွက်ဆိုးကျိုးတွေ = စိတ်တို၊ ၂ရ့၂% လူဝ၊ ချွေးများ၊ အိပ်မပျော်၊ ကြွက်သားတွေလှုတ်၊ မှတ်ဉာဏ်လျော့။ အရက်နဲ့ရောရင် ဒါတွေပိုဖြစ်တယ်။ လိင်စိတ်ပြောင်းမယ်။ ၁၄့၄% မှာ လိင်စိတ်နည်းပြီး၊ ရ့ရ% မှာ ကဲတယ်။ လိင်အင်္ဂါမသန်မာတာ၊ မပြီးစီးတာဖြစ်တယ်။ ရှားပါတဲ့အဖြစ်မျိုးတွေ = ဝမ်းပျက်၊ ဝမ်းချုပ်၊ ပျို့-အန်၊ ဆီးသွားရခက်၊ မျက်စိဝေဝါး၊ ဗိုက်နာ၊ သွေးဖိအားကျ။

 

ဆရာဝန်ပေးတဲ့အတိုင်း အတိအကျသောက်ပါ။ လိုတာထက်ပိုသောက်ရင် သိပ်အိပ်ချင်မယ်။ သတိလစ်မယ်။ လက်အစိုနဲ့ ဆေးကိုမကိုင်ပါနဲ့။ ချိုချဉ်လို လျှာ-ပါးစောင်မှာ သူ့အလိုလို ပျော်သွားပါစေ။ စိတ်ရောဂါမတူရင် ဆေးအကျိုးမတူတာ ဖြစ်စေတယ်။ တချို့ဆေးဆက်သောက်နေမှရတယ်။ ၁ နှစ်ဆက်ဆေးသောက်ရသူ ၃ ပုံ ၁ ပုံက ဆေးဖြတ်လို့ မရဘူး။ ဆောက်တည်ရာမရ လုပ်ချင်ရာလုပ်တာမျိုးကို သိသိသာသာသက်သာစေတယ်။ စားချင်စိတ် ပြောင်းတယ်။ ဆာတတ်တယ်။ တည်ငြိမ်မှု နည်းတယ်။ စကားပြောနှေးတယ်။ သွားရည်များမယ်။ အာရုံစိုက်ရခက်မယ်။ ခေါင်းက ပေါ့နေသလို ခံစားရမယ်။ အသက်ကြီးသူတွေမှာသာ ဒီလို ဖြစ်တတ်တယ်။ မျက်စိရေတိမ်ရှိနေသူ၊ မှိုဆေး Itraconazole or Ketoconazole တွေသောက်နေသူ၊ အသည်းမကောင်းသူ၊ ကျောက်ကပ်မကောင်းသူ၊ သတ်သေချင်စိတ်ရှိသူ မပေးပါ။ ကိုယ်ဝန်မသုံးရပါ။ ကလေးနို့တိုက်နေချိန်လဲ မပေးရပါ။ အသက် ၁၈ နှစ်အောက်လဲ မပေးပါ။

 

အမေရိကန်လူမျိုးအရွယ်ရောက်သူတွေ စုစုပေါင်း ၁၉ သန်းမှာဒီရောဂါရှိတယ်။ တချို့ဆိုရင် ကလေးဘဝကတည်းကနေ ခံစားနေရတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ မြန်မာလူမျိုးတွေ အကြောက်တရားကင်းဝေးကြပါစေ။

 

Social phobia လူတောတိုးရမှာကြောက်ခြင်း https://dr-tint-swe.blogspot.com/2021/01/social-phobia_31.html

Alprazolam စိတ်ဆေး https://dr-tint-swe.blogspot.com/2020/12/alprazolam_2.html

 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

Pruritus scroti ယောက်ျားကပ်ပယ်အိတ်ယားခြင်း

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း