Pruritus scroti ယောက်ျားကပ်ပယ်အိတ်ယားခြင်း

(ကန်တော့)


ဆရာခင်ဗျား Pruritus scroti အကြောင်းသိချင်လို့ပါဆရာ။ အများသိအောင် fb မှပြန်ကြားပေးပါဆရာ။ 


ယောက်ျားကပ်ပယ်အိပ်ယားခြင်းရောဂါ အဖြစ်မနည်းလှပါ။ မေးကြတယ်။ အကြောင်းခံအမျိုးမျိုးကြောင့် ယားစေတယ်။ ပိုးအမျိုးမျိုးဝင်တာကနေ ကင်ဆာအထိ စဉ်းစားရတယ်။ ဆီးချို၊ မာလ်တီပယ်စကယ်လရိုးဆစ်ရောဂါ၊ ဆင်ရေယုံခေါ် ရှင်ဂဲလ်၊ အလာဂျီ စတာတွေကနေလည်း ယားစေတယ်။ 



Anogenital pruritus ဆိုတာက စအိုနားနေရာတွေမှာ ယားတာကိုခေါ်တယ်။ ရက်တိုနဲ့ နာတာရှည်ရှိတယ်။ ကျား-မ ဖြစ်တယ်။ pruritus vulvae, pruritus ani, lichen simplex chronicus နဲ့ neurodermatitis ရောဂါတွေကနေ ယားစေတယ်။ ဗက်တီးရီးယားနဲ့ ဖန်းဂတ်စ် ခေါ်မှိုပ0ို0းကနေဖြစ်စေနိုင်တယ်။


High-potency topical steroid စတီရွိုက်လိမ်းဆေး ရက်တိုပေးနိုင်တယ်။ ညအချိန်ယားတာသက်သက်သာအောင် Sedating antihistamines အင်တီဟစ်စတမင်းဆေးပေးနိုင်တယ်။ တချို့အတွက် Antidepressants စိတ်ဆေးပါ လိုနိုင်တယ်။ 


Scrotal dermatitis ဆိုတာက အရေပြားတခြားနေရာတွေမှာဖြစ်သလိုပဲ။ ပျောက်နိုင်ခဲတာက နှင်းခူနာသဘောဖြစ်မယ်။ Narrow band UVB နည်းကအသစ်ပေါ်တာဖြစ်တယ်။ 


Fungal jock itch ယောက်ျား ကပ်ပယ်အိတ်-မှိုရောဂါကို ဂျွတ်လို့ခေါ်ကြတယ်။

နည်းနည်းဖြစ်တာအတွက် Antifungal shampo နဲ့ တနေ့ ၂ ခါ ဆေးကြောပါ။ Ketoconazole (Nizoral shampoo) ဒါမှမဟုတ် Selenium sulfide (Selsun Blue shampoo) သုံးပါ။


အသင့်အတင့်ဆိုးတာအတွက် Antifungal shampo- နဲ့ တနေ့ ၂ ခါဆေးကြောပါ။ Ketoconazole (Nizoral shampoo) ဒါမှမဟုတ် Selenium sulfide (Selsun Blue shampoo) သုံးပါ။ လိမ်းဆေး Miconazole (Monistat, Micatin), Clotrimazole or Terbinafine (Lamisil) တခုခုလိမ်းပါ။ Hydrocortisone cream and Clotrimazole (Lotrimin, Mycelex) cream ကို တနေ့ ၁-၂ ကြိမ်လိမ်းပါ။


ဆိုးတဲ့ရောဂါအတွက် Antifungal shampo- နဲ့ တနေ့ ၂ ခါဆေးကြောပါ။ Ketoconazole (Nizoral shampoo) ဒါမှမဟုတ် Selenium sulfide (Selsun Blue shampoo) သုံးပါ။ လိမ်းဆေး Miconazole (Monistat, Micatin), Clotrimazole or Terbinafine (Lamisil) တခုခုလိမ်းပါ။ စားဆေး Fluconazole (Diflucan), Itraconazole (Sporanox), or Terbinafine သောက်ပါ။


ယားလဲယား၊ ရောင်လဲရောင်နေရင် Triamcinolone 0.025% တနေ့ ၁-၂ ကြိမ်၊ ၅-၇ ရက် လိမ်းပါ။ ဒါမှမဟုတ် Cortaid တနေ့ ၁-၂ ကြိမ်၊ ၅-၇ ရက် လိမ်းပါ။ Topical immunomodulator = Pimecrolimus (Elidel) cream ဒါမှမဟုတ် Tacrolimus (Protopic) ointment တနေ့ ၂ ကြိမ်လိမ်းပါ။


ဗက်တီးရီးယားပါ ဝင်နေရင် Lever 2000 soap or Chlorhexidine (Hibiclens) soap ဆပ်ပြာနဲ့ တနေ့ ၂ ခါဆေးပါ။ Chlorhexidine soap ဆပ်ပြာနဲ့ တနေ့ ၂ ခါဆေးပါ။ Clindamycin lotion or Metronidazole lotion လိမ်းဆေး တနေ့ ၂ ခါလိမ်းပါ။ Cephalexin (Keflex), Dicloxacillin, Doxycyline, Minocycline (Dynacin, Minocin), Tetracycline (Sumycin), Ciprofloxacin (Cipro, Cipr- XR, Proquin XR) ဆေး တမျိုးမျိုး ၅-၁၄ ရက်သောက်ပါ။ Levofloxacin (Levaquin) တခြားပိုးသေဆေး မတိုးတာအတွက် သောက်ပါ။


မကြာမကြာဆေးကြောပါ။ ချွေးထွက်ရင် ဆေးပါ။ ရေခပ်နွေးနွေးသုံးပါ။ ဆပ်ပြာမပြင်းစေနဲ့။ ဆေးပြီးတာနဲ့ ခြောက်သွေ့ပါစေ။ ချည်ထည်အတွင်းခံသာဝတ်ပါ။ မကြပ်စေပါနဲ့။ ပုဝါကို White vinegar (ဗနီဂါ) တဆ + ရေ ၄ ဆ) ရောထားတာထဲ စိမ်တာသုံးပြီး သန့်ရှင်းပါ။ ပြီးရင် ခြောက်သွေ့စေပါ။ အဆီများတာ၊ သကြားများတာ မစားပါနဲ့။ 


Dr. တင့်ဆွေ


Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း

NCGUB ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက်