မြင့်မိုရ် မြင်းမိုရ် သင်္ကဿနဂိုရ် နဂို
၁။ မင်္ဂလာပါ ဆရာရှင့်။ မြင့်မိုရ်တောင် နဲ့ မြင်းမိုရ်တောင် ဘယ်ဟာအမှန်လဲ သိပါရစေရှင့်။
၂။ ဆရာခင်ဗျား မြင့်မိုရ်တောင် ကအမှန်လား၊ မြင်းမိုရ်တောင် ကအမှန်လား၊ နှစ်ခုလုံးမှန်လား သိချင်ပါတယ်ခင်ဗျား။
၃။ ဆရာခင်ဗျား မြင့်မိုရ် နဲ့ မြင်းမိုရ် ဘယ်စာလုံးက ပိုမှန်ပါသလဲခင်ဗျား။
မြင့်မိုရ်တောင်၊ မြင်းမိုရ်တောင်လို့လည်း အရင်က ရေးပါတယ်။
မို
မိုမောက်
ပိုမို
လင်ဘုန်းမို
မိုရ်
မြင့်မိုရ်တောင်
တောင်တွင်မြင်းမိုရ်
မြင့်
တမြင့် = တမြှင့် = အတူတူ တူသည်
ကြာမြင့်သည်
ကြီးမြင့်သည်
မြင့်မားသည်
မြင့်မြတ်သည်
မြင့်မောက်သည်
မြင့်အောင်မြှင့်ပါ
အနိမ့်အမြင့်
အမြင့်တက် အကျနာ
အမြင့်မြို့
စျေးကြီးမြင့်သည်
တောင်ကုန်းမြင့်
နေမြင့်သည်
ကြေးမြင့်ဒိုင်မြို့
ရေမြင့်မှ ကြာမြင့်
မြင်း
ကမြင်းသည်
ကမြင်မ (ဆဲဆိုခြင်း)
ငမြင်းရင်းငါး
စာမြင်းတုံး
မြင်း = ဟောင်းနွမ်းသည်
မြင်းကပါအရပ်
မြင်းကတောင်ရွာ
မြင်းစီးသည်
မြင်းမိုရ်ကျီးအက်
မြင်းမိုရ်ပိတ် (အိမ်)
မြင်းမိုရ်တောင်
မြင်းခြံမြို့ (၎င်းမြို့ကို မျဉ်းဖြင့်ချန်ထားရန်သတ်မှတ်သောကြောင့် မျဉ်းချန်မြို့ဟုခေါ်ခဲ့သည်။)
မြင်းသရိုက်နာ
မြင်းသီလာကျောက်
မြင်းကောင်း ခွါလိပ်
မြင်းတော်ခံ
ဟောင်းမြင်းသည်
၃။ ဆရာရှင့် နကိုယ်ဆိုတာ နဂိုကို ပြောတာလား၊ နကိုယ်လို့ ရေးရတာလားဆရာ။ နဂိုကမှားနေတဲ့ အရေးအသားလားဆရာ။
နဂိုလို့သာ ရေးရတယ်။ နကိုယ်လို့ မရေးရပါ။ သတင်းတပုဒ်မှာလည်း နဂိုရ်စစ်အစိုးရလို့ ဖတ်ရတယ်။ အဲတာ မှားတယ်။ မူလပင်ရင်း နဲ့ ယခင်အတိတ် အဓိပ္ပါယ်လွဲသွားမယ်။ ကိုယ်ဆိုတာ ကိုယ်ခန္ဓာ။
ဂို
နဂိုမူလ
ဂိုထောင် (ဟိန္ဒီစကား)
နဂိုဇာတိ
ဂိုရ်
စမ္ပါနဂိုရ် (အရင်က စမ္ပန္နဂိုရ်လို့ရေးတယ်)
နဂိုရ် = နဂရ = မြို့
သင်္ကဿနဂိုရ် (မြတ်စွာဘုရား လူ့ပြည်ကို ပြန်လည်ကြွတဲ့နေရာ)
ရ်
မြင့်မိုရ်တောင် (မြင်းမိုရ်တောင်လို့လည်း ရှေးက ရေးပါတယ်။)
မြင်းမိုရ်ပိတ် (အိမ်၊ အဆောက်အဦ)
ယုဂန္ဓိုရ်တောင်
ဝိဇ္ဇာဓိုရ်၊
မထေရ်၊
မာရ်နတ်၊
သောနုတ္ထိုရ်၊
အဂ္ဂင်္ုတ္ထိုရ်
နဂိုရှိမှ နဂိုင်းထွက်သည်။
နဂိုဓါတ်ဟောင်း မပျက်ကောင်း။
နဂိုတိမ်ညှောက် သံတိုင်ဆောက်သို့။
ညောင်ဦးကမ်းပါပြို စမ္မနဂိုရ်က နွားပေါင်ကျိုး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment