ကရင်နီမှ ကယားသို့ ပြောင်းလဲခေါ်ဆိုရေး
တခြားပုဂ္ဂိုလ်ရေးတာတခုကို တင်ပြပါမယ်။
၁၉၄၉ ခုနှစ် သြဂုတ်လ(၁၀) ရက်နေ့တွင် ကျင်းပပြုလုပ်သော ကရင်နီပြည်နယ် ဒုတိယညီလာခံတွင် ကရင်နီပြည်နယ်အမတ်ဖြစ်သူ ဦးစိန်က လူထု၏ ဆန္ဒကိုလေးစားသောအားဖြင့် ကရင်နီပြည်နယ်ကို ကယားပြည်နယ်ဟူသော အမည်သို့ပြောင်းလဲရန် အဆိုတင်သွင်းခဲ့သည် ထိုမှတဖန် ၁၉၅၀ ခုနှစ် ဖေဖေါ်ဝါရီလ (၉) ရက်နေ့တွင် ကျင်းပသော တိုင်းပြုပြည်ပြုလွတ်တော်တွင် တင်သွင်းခဲ့ပါသည် ထို့ကြောင့် ၁၉၅၀ ခုနှစ် ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့တွင် ကျင်းပသော တိုင်းပြုပြည်ပြုလွတ်တော် ဒသမညီလာခံတွင် ကရင်နီပြည်နယ် အမတ် ဦးစိန်က အောက်ပါအဆို(၂) ခုကို တင်သွင်းခဲ့ပါသည်
ပထမအဆို
ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ကရင်နီဟုခေါ်ဆိုသော အမည်ဟူသရွေ့ကို ကယားဟူသော အမည်စစ်အမည်မှန်သို့ ပြောင်းလဲရန် အစိုးရက လိုအပ်သည်ကို ဆောင်ရွက်ပေးရန် ဤပါလီမန်က အကြံပေးထောက်ခံပါသည်
ဒုတိယအဆို
ကရင်နီပြည်နယ်ဟုခေါ်ထားသော ကယားပြည်နယ်သည် ၎င်းပြည်နယ်သူနယ်သားများ လိုအပ်သည့်အတိုင်း မည်သည့်ဒေသနှင်မျှ ပူးပေါင်းဖွဲ့စည်းခြင်းမပြုပဲ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတွင် ပြည်ထောင်စုအဖွဲ့ဝင် တခုအနေဖြင့် တည်မြဲနိုင်စေရန် အစိုးရက လိုအပ်သည်တို့ကို ဆောင်ရွက်ပေးရန်ဩပါလီမန်က အကြံပေး ထောက်ခံပါကြောင်း ဦးစိန်တင်သွင်းသော ပထမအဆိုကို ရှမ်းပြည်နယ်အမတ် ဦးကြာပုထောက်ခံ၍ ဒုတိယအဆိုကို ဦးကြာပုနှင့် ကျိုက္ခမီကျေးလက်အနောက်ပိုင်း ကရင်အမျိုးသားအမတ် စောနော်တင်ဘွားတို့က ထောက်ခံသည် နိုင်ငံတော်ဝန်ကြီးချုပ် သခင်နုက အဆို(၂)ခုစလုံးသည် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ပါရှိသော အချို့အချက်အလက်တို့ကို ပြင်ဆင်ရန်ကိစ္စနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်အုပ်ချုပ်ပုံအခြေခံဥပဒေမှာ အလွယ်တကူပြင်ဆင်သင့်သော ဥပဒေမဟုတ်ကြောင်း ထိုအဃြေံဥပဒေကို မပြင်မဆင်ပဲ အခြားနည်းလမ်းများကို ရှာကြံ၍ ဆောင်ရွက်နိုင်ပါက ဆောင်ရွက်ရန်လိုအပ်ကြောင်း အခြားနည်းလမ်းများရှာကြံ၍ ဆောင်ရွက်နိုင်ပါက ဆောင်ရွက်ရန်လိုအပ်ကြောင်း အခြားနည်းလမ်းရှာကြံ၍မရသဖြင့် အခြေခံဥပဒေကြီးကိုပြင်ဆင်ရမည်ဆိုလျှင်လည်း သေချာစွာ ဆွေးနွေးရန် လိုအပ်ကြောင်း ဤကိစ္စများကို အထူးကော်မရှင်တခုကို အမြန်ဖွဲ့စည်း၍ စုံစမ်းစေပါမည်ဟု ဂတိပေးရာ အဆို (၂)ခုစလုံးကို ဦးစိန်က လွတ်တော်ဥက္ကဌ၏ ခွင့်ပြုချက်အရ ပြန်လည်ရုပ်သိမ်းလိုက်ပါသည် ၁၉၅၀ခုနှစ် မတ်လ(၁) ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ တရားဌာနက အမိန့်ပြန်တမ်းတခုကို အများသိစေရန် ပြည်ထောင်စုမြန်မာနိုင်ငံတော်အမိန့် ပြန်တမ်းအနေဖြင့် ၁၉၅၀ခုနှစ် မတ်လ(၁၁) ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေငြာခဲ့ပါသည်
ပြဌာန်းချက်
ကရင်နီနယ်သားများသည် (က)မိမိတို့အား ကယားဟူ၍၎င်း မိမိတို့၏ ပြည်နယ်ဖြစ်သော ကရင်နီပြည်နယ်အား ကယားပြည်နယ်ဟူ၍၎င်း ခေါ်တွင်စေလိုကြောင်းနှင့် (ခ)ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၁၈၀ အရဖြစ်စေ အခြားနည်းလမ်းအရဖြစ်စေ ကရင်ပြည်နယ်တစုကိုဖွဲ့စည်းတည်ထောင်သောအခါ မိမိတို့၏ ကရင်နီပြည်ကို ထိုပုဒ်မတွင် ရည်ညွန်းထားသည့်အတိုင်း ထည့်သွင်းပါဝင်စေရန် မလိုလားကြောင်း အဆိုရှိသဖြင့်
(၁) အောက်ပါပုဂ္ဂိုလ်များပါဝင်သော အထူးစုံစမ်းရေးကော်မရှင်တခုကို ကရင်နီပြည်နယ် အထူးစုံစမ်းရေး ကော်မရှင်ဟု ခေါ်တွင်စေလျက် ၁၉၅၀ ခုနှစ် စုံစမ်းရေးကော်မတီများ အက်ဥပဒေပုဒ်မ၃ အရ နိုင်ငံတော်သမ္မတကဖွဲ့စည်းခန့်ထားလိုက်သည်
(၁) စဝ်ခွန်းချို ရှမ်းပြည်နယ်နှင့် နိုင်ငံခြားဝန်ကြီး(သဘာပတိ)
(၂) ဗိုလ်ခင်မောင်ကလေး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီး
(၃) ဒူးဝါးစော်လွန်း ကချင်ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်တော်ဌာနဝန်ကြီး
(၄) စောနော်တင်ဘွား ကရင်ရေးရာကောင်စီသဘာပတိ
(၅) မဟာသရစည်သူ ဦးချန်ထွန်း နိုင်ငံတော်ရှေးနေချုပ်
(၆) ဦးတင် (ပြန်တော်)ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ပါလီမန်အတွင်းဝန်
(၇) မဟာသရစည်သူ ဦးစိန် ကရင်နီပြည်နယ်ပါလီမန်အတွင်းဝန်
(၈) မဟာသရစည်သူ ကပ္ပတိန် မန်းတုံးနုံး ချင်းရေးရာဝန်ကြီး ပါလီမန်အတွင်းဝန်
(၉) ဦးမြင့်ထူး ပြည်နယ်များဆိုင်ရာ ဥပဒေအကြံပေးအရာရှိ
(၁၀) ဦးဖိုးလတ် ကရင်နီပြည်နယ်ဝန်ကြီးဌာနအတွင်းဝန်(အတွင်းရေးမှူး)
(၂) ဤအထူးစုံစမ်းရေးကော်မရှင်တွင် သင့်တော်သော ပုဂ္ဂိုလ်များကို အဖွဲ့ဝင်အဖြစ် ဤကော်မရှင်ကပင် ထပ်မံတိုးချဲ့ခန့်ထားပိုင်ခွင့်ရှိစေရမည်
(၃) အထူးစုံစမ်းရေးကေည်မရှင်၏ တာဝန်နှင့် အလုပ်ဝတ္တရားများမှာ
(က) ကရင်နီပြည်နယ်သားများက မိမိတို့အား ကယားလူမျိုးဟူ၍၎င်း မိမိတို့ပြည်နယ်ဖြသ်သော ကရင်နီပြည်နယ်အား ကယားပြည်နယ်ဟူ၍၎င်း ခေါ်တွင်လိုသောဆန္ဒရှိ/မရှိစုံစမ်းရန်
(ခ) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ၁၈၀ အရဖြစ်စေ အခြားနည်းလမ်းအရဖြစ်စေ ကရင်ပြည်နယ်တခုကို ဖွဲ့စည်းတည်ထောင်သောအခါ ကရင်နီပြည်နယ်သားများကမိမိတို့၏ပြည်နယ်ကို အဆိုပါ ကရင်ပြည်နယ်တွင် ထည့်သွင်းပါဝင်လိုသောဆန္ဒရှိ / မရှိကို စုံစမ်းရန်
(ဂ) အကယ်၍ ထိုဆန္ဒနှင့်အညီ ဆောက်ရွက်ရန်ကိစ္စအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအဃြေံဥပဒေကိုပြင်ဆင်ရန်မလိုပဲ ဆောင်ရွက်နိုင်ရန် နည်းလမ်းကို စိစစ်ရှာဖွေ၍ ဖြစ်နိုင်ပါက နိုင်ငံတော်အစိုးရသို့ အကြံပေးထောက်ခံရန်
(ဃ) အကယ်၍ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ သက်ဆိုင်ရာပြဌာန်းချက်တခုကိုသော်၎င်း အများကိုသော်၎င်း ပြောင်းခြင်း ဖြည့်ခြင်း ရုပ်သိမ်းခြင်းတိုကို ပြုလုပ်ခြင်းဖြင့်သာလျှင် ထိုဆန္ဒအရ ဆောင်ရွက်နိုင်သည်ဟု သဘောရရှိပါက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါသက်ဆိုင်ရာပြဌာန်းချက်တို့ကို မည်သို့မည်ကုံပြင်ဆင်ခြင်းကို ပြုသင့်ကြောင်းစသည်တို့ကိုနိုင်ငံတော်အစိုးရအား အကြံပေးထောက်ခံရန်
(၄) ဤအထူးစုံစမ်းရေးကော်မရှင်သည် မိမိတို့၏ တာဝန်နှင့် အလုပ်ဝတ္တရားများကို ဤနေ့မှစ၍ (၃) လအတွင်း ပြီးမြောက်အောင်ဆောင်ရွက်လျက်နိုင်ငံတော်အစိုးရထံထောက်ခံချက်များပါသော အစီရင်ခံစာကို တင်သွင်းရမည်ဟု ထုတ်ပြန်ကြေငြာထားပါသည် အထက်ပါအမိန့်ပြဌာန်းချက်အရ ကရင်နီပြည်နယ် အထူးစုံစမ်းရေးကော်မရှင်၏ ပထမအကြိမ်အစည်းအဝေးကို ၁၉၅၀ခုနှစ် မတ်လ(၁၇) ရက်နေ့တွင် ကျင်းပပြီး ကရင်နီနယ်သုနယ်သားတို့အား စုံစမ်းမေးမြန်ရန်အတွက် မေးခွန်းလွှာစာရွက်ပေါင်း ၁၉၅၀၀ ကိုပုံနှိပ်၍ ကရင်နီပြည်နယ်အရေးပိုင်ထံသို့ နယ်အသီးသီးသို့ဝေငှရန် ပေးပို့လိုက်ရာ တိုက်နယ်အသီးသီးမှ ဖြေဆိုပြီး မေးခွန်းလှွာ စာရွက်ပေါင်း ၇၆၆၅ ခုကို ပြန်လည်ရရှိပါသည်
အမိန့်ပြဌာန်းချက်အရ ကော်မရှင်၏သက်တမ်းသည် (၃)လအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ရမည် ဖြစ်သော်လည်း ၁၉၅၀ ခုနှစ် ဧပြီလ (၂၇)ရက်နေ့တွင် ကျင်းပသောအစည်းအဝေးတွင် ကရင်နီပြည်နယ်၏ အခြေအနေအရလမ်းပန်းဆက်သွယ်ရေးကမကောင်းသေးသည်ကတကြောင်း မိုးတွင်းကျရောက်သည့်အခါ အသွားအလာခဲယဉ်းသည်ကတကြောင်း ဤအကြောင်းများကြောင့် ၁၉၅၀ ခုနှစ် ဒီဇင်ဘာလကုန်သည်အထိ ရွေ့ဆိုင်းရန်အားလုံးကသဘေားတူဆုံးဖြတ်ကြပါသည် ကော်မရှင်၏လုပ်ငန်းကို ၁၉၅၀ ခုနှစ် ဒီဇင်ဘာလကုန်အထိ ရွေ့ဆိုင်းရန် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ တရားရေးဌာနက သဘောတူသော်လည်း အကြောင်းမညီညွတ်သောကြောင့် ကော်မရှင်၏လုပ်ငန်တာဝန်ကို ၁၉၅၁ ခုနှစ် ဖေဖေါ်ဝါရီလကုန်အထိ နောက်ထပ် (၂) လရွေ့ဆိုင်းပေးရန် ထပ်မံတောင်းဆိုရပြန်လေရာ ဤတောင်းဆိုချက်ကိုလည်း ပြည်ထောင်စုအစိုးရက တရားရေးဌာနက သဘောတူလက်ခံပါသည်
၁၉၅၀ ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် ကော်မရှင်လူကြီးများသည် လွိုင်ကော်မြို့သို့ကြွရောက်လာ၍ ဒီဇင်ဘာလ (၁၁/၁၂/၁၃/၁၄)ရက်နေ့တို့၌ ကရင်နီပြည်နယ်အရပ်ရပ်တို့မှ လူထုခေါင်းဆောင်များနှင့်တွေ့ဆုံး၍ သက်သေများစစ်ဆေးခြင်းပြုသည်
စုံစမ်းချက်နှင့် ထောက်ချက်များ
ကရင်နီပြည်နယ်တနယ်လုံးကို ဖြေကြားရန်ဖြန့်ဝေသော မေးခွန်းများတွင် အောက်ပါအတိုင်းဖြစ်သည်
မေးခွန်းအမှတ်(၂) သင်သည် ကရင်နီနယ်သားများကို ကယားလူမျိုးဟုခေါ်တွင်စေလိုပါသလား
(က) ဤသို့ခေါ်တွင်စေလိုလျှင် အဘယ်ကြောင့်ခေါ်တွင်စေလိုကြောင်းကိုဖော်ပြနိုင်ပါကဖော်ပြပါ
(ခ) ဤသို့မခေါ်တွင်စေလိုလျှင် အဘယ်ကြောင့်မခေါ်တွင်စေလိုကြောင်းကို ဖော်ပြနိုင်ပါကဖော်ပြပါ
မေးခွန်းအမှတ်(၃) သင်သည်ကရင်နီပြည်နယ်ကို ကယားပြည်နယ်ဟုခေါ်တွင်စေလိုပါသလား
(က) ဤသို့ခေါ်တွင်စေလိုလျှင် အဘယ်ကြောင်းခေါ်တွင်စေလိုကြောင်းကို ဖော်ပြနိုင်ပါက ဖော်ပြပါ
(ခ) ဤသို့မခေါ်တွင်စေလိုလျှင် အဘယ်ကြောင့် မခေါ်တွင်စေလိုကြောင်းကို ဖော်ပြနိုင်ပါကဖော်ပြပါ မေးခွန်းအမှတ်(၄) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ၁၈၀ (၁)အရဖြစ်စေ အခြားနည်းအရဖြစ်စေ
ကရင်နီပြည်နယ်တခုကို ဖွဲ့စည်းတည်ထောင်သောအခါတွင် သင်သည် ကရင်နီပြည်နယ်ကို အဆိုပါကရင်နီပြည်နယ်အတွင်းသို့ ထည့်တွင်းပါဝင်စေလိုပါသလား
(က) ထည့်သွင်းစေလိုပါလျှင် အဘယ်ကြောင့် ထည့်သွင်းပါဝင်စေလိုကြောင်း ဖော်ပြနိုင်ပါကဖော်ပြပါ
(ခ) မထည့်သွင်းမပါဝင်စေလိုလျှင် အဘယ်ကြောင့် မထည့်သွင်းမပါဝင်စေလိုကြောင်း ဖော်ပြနိုင်ပါကဖော်ပြပါ ဤအရေးကြီးသော မေးခွန်း (၃) ခုအနက် ပထမမေးခွန်း(၂)ခုမှာ တခုနှစ်တခု ရင်းနှီးစွာ ဆက်စပ်နေသဖြင့် ကရင်နီအမည်မှ ကယားဟူသော အမည်သို့ ပြောင်းလဲရန်အလိုမရှိဟူသော မေးခွန်းတခုတည်းအနေဖြင့် ဖြေဆိုလျှင်လည်းဖြစ်နိုင်ပါသည် ဖြန့်ဝေလိုက်သော မေးခွန်းလွှာစာရွက်ပေါင်း (၁၉၅၀၀) အနက် (၇၆၆၅) ခု
ကို အဖြေများဖြင့် ကရင်နီပြည်နယ်အရပ်ရပ်တို့မှ အောက်ပါအတိုင်းဖြစ်ပါသည်
ဘောလခဲနယ် ၁၀၂ ရွာ အဖြေနှင့်ပြန်ပို့သောမေးခွန်းပုံစံ (၃၅၄၃)
ကြယ်ဖိုးကြီးနယ် ၆၂ ရွာ အဖြေနှင့်ပြန်ပို့သောမေးခွန်းပုံစံ (၈၂၉)
ကန္တရဝတီနယ် ၂၈၁ ရွာ အဖြေနှင့်ပြန်ပို့သောမေးခွန်းပုံစံ (၃၂၉၃)
စုစုပေါင်း (၄၄၅) ရွာ အဖြေနှင့်ပြန်ပို့သောမေးခွန်းပုံစံ (၇၆၆၅)
အဖြေများကို ပေးပို့သူများထဲတွင် လူမျိုးအားဖြင့် အောက်ပါအတိုင်းပါဝင်ပါသည်
(၁) ကရင်နီ (၃၃၄၉)
(၂) ပဒေါင် (၁၃၈၃)
(၃) ရှမ်း (၉၆၂)
(၄) ယင်းဘော် (၉၄၃)
(၅) ပရဲ့ (၄၉၉)
(၆) အင်းသား (၂၀၆)
(၇) တောင်သူ (၁၂၈)
(၈) ဗမာ (၇၉)
(၉) မနုမနော (၃၈)
(၁၀) ပကူး (၃၂)
(၁၁) အိန္ဒိယ (၂၂)
(၁၂) ယင်းတလဲ (၁၂)
(၁၃) ဂေပါး (၁၂)
(၁၄) ဂေခို (၃)
((၁၅) တရုတ် (၃)
(၁၆) ယွမ်း (၁)
စုစုပေါင်း ၇၆၆၅ ယောက်
ကရင်ပြည်နယ်ထဲသို့ ပါဝင်သည်ဟု အခြေခံဥပဒေအရမဆိုသေးသော မိုးဗြဲနယ်သို့ မေးခွန်းပုံစံ (၂၁) ခုကိုပေး
ပို့ပါသည် ကရင်နီပြည်နယ်မှရရှိသော အဖြေပေါင်း (၇၆၆၅) တွင် ခြွင်းချက်မရှိအားလုံး၌ပင်လျှင် ကရင်နီဟူသော လူမျိုးနှင့် ပြည်နယ်၏ အမည်ကို ကယားဟူသောအမည်သို့ပြောင်းလဲ၍ ကရင်နီပြည်နယ်ကိုလည်း ကရင်ပြည်နယ် တည်ထောင်သောအခါ ကရင်ပြည်နယ်နှင့် ပူးပေါင်းရန်အလိုမရှိကြောင်း ဖော်ပြကြပါသည် ကရင်ပြည်နယ်အတွင်းသို့ ကရင်နီပြည်နယ် မပါဝင်စေလိုသည်မှာ ကရင်နီပြည်နယ်သည် ရှေးပဝေသဏီကာလကပင် လွတ်လပ်သော ပြည်နယ်တခုဖြစ်ခဲ့သဖြင့် ကရင်ပြည်နယ်အတွင်းသို့ ပါဝင်ခြင်းဖြင့် ထိုသီးခြားပြည်နယ် အဖြစ်ကို ဆုံးရှုံးမခံဟူ၍၎င်း မေးခွန်းအဖြေတွေအကြောင်းဖော်ပြကြပါသည် ၁၉၅၀ ပြည့် ဒီဇင်ဘာလ(၁၁/၁၂ /၁၄) ရက်နေ့တို့၌ လွိုင်ကော်မြို့တွင် အထူးစုံစမ်းရေးကော်မရှင်နှင့် လူ (၁၉၁) ယောက် လာရောက် တွေ့ဆုံအစစ်ခံကြပါသည် လာရောက်သူတို့အနက် လူပေါင်း (၈၈) ယောက်တို့က ဦးဆောင်ပြေားဆိုကြပါသည် ထို(၈၈)ယောက်အနက် ကရင်နီ (၄၃)ယောက် ရှမ်း(၁၈)ယောက် ပဒေါင်(၅)ယောက် ပရဲ့(၅)ယောက် မနုမနော(၅)ယောက် ယင်းတလဲ(၃)ယောက် အင်းသား(၃)ယောက် ဗမာ(၃)ယောက် ယင်းဘော်(၂)ယောက် တောင်သု(၁)ယောက် တို့ပါဝင်ကြပါသည် ၎င်းတို့တွင် ကက်သလစ်ခရစ်ယာန်ဘာသာကို ကိုးကွယ်သူ(၃၂) ယောက် ဗုဒ္ဓဘာသာကိုးကွယ်သူ (၃၅)ယောက် ကက်သလစ်ခရစ်ယာန်မကိုးကွယ်သူ (၂)ယောက်နှင့် နတ်ကိုးကွယ်သူ(၁၉)ယောက်တို့ပါဝင်ကြပါသည် ဦးဆောင်ပြေားကြားသူပေါင်း (၇၀၁) ယောက်တို့က ကရင်နီဟူသောအမည်မှ ကယားဟူသောအမည်သို့ ပြောင်းလဲလိုကြောင်း အခြား (၁၀)ယောက်တို့က ကယားလီ ဟူသောအမည်ကိုပြောင်းလဲလိုကြောင်း ထွက်ဆိုပါသည် အကြောင်းပြချက်များ ကရင်နီဟူသော အမည်သည် ၎င်းတို့အား မြန်မာတို့က ခေါ်ဆိုသောအမည်ဖြစ်ပါသည် ရှေးအခါက အချို့သောပြည်နယ်သားများသည် အကျင်္ိအနီ ဘောင်းဘီအနီစသော အဝတ်များကို ဝတ်ဆင်လေ့ရှိသဖြင့် ဤသို့ခေါ်ဆိုခြင်းဖြစ်သည် မြန်မာစကားမတတ်သူပြည်နယ်သားများသည် ကရင်နီဟုခေါ်လျှင် နားမလည်ပဲ ကယားဟုခေါ်မှသာလျှင် ၎င်းတို့ကို ခေါ်ဆိုကြောင်း နားလည်ကြသည် ကယားဟူသော တိုင်းရင်းသားစကား၏ အနက်ရင်းမှာ လူ ဖြစ်သည် ကယားလိဟူသော အမည်ကိုကြိုက်နှစ်သက်သူတို့က ကယားဟူသောစကားမှာ လူ ဟုသာမဟုုတ် ကရင်ဟူ၍၎င်း သက်ဆိုင်သေးသဖြင့် ထိုကယားဟူသောစကားတွင် အနီဟု အဓိပ္ပါယ်ရှိသော တိုင်းရင်းသားဘာသာ ” လီ” ဟုသော စကားကိုထည့်သွင်းမှသာ အခြားကရင်နှင့်အခေါ်အားဖြင့် ကွဲပါးခြားနားလိမ့်မည်ဟုဆို၏ သို့ရာတွင်ဤသို့ယူဆကြသော သူတို့က အထက်ကဖော်ပြသည့်အတိုင်း အနည်းငယ်မှသာရှိပါသည် ထို့ကြောင့် ကယားနှင့် ကယားလီဟူသော အမည်နှစ်ခုတွင် ကယားဟူသော အမည်ကိုသာ ပြည်နယ်သားအားလုံးလိုလိုပင် အလိုရှိကြသည်ဟု ဆိုရပါသည် ကရင်နီပြည်နယ်ကို ကရင်ပြည်နယ်တည်ထောင်သည့်အခါ ကရင်ပြည်နယ်အတွင်းသို့ ထည့်သွင်းပါဝင်ခြင်းနှင့် ပတ်သက်၍ သဘောကွဲလွဲလျက်ရှိပါသည် ကရင်နီပြည်နယ်သားအားလုံးတို့သည် မိမိတို့ပြည်နယ်ကို ကရင်ပြည်နယ်တွင်းသို့ ပါဝင်ရန် လုံးဝအလိုမရှိကြချေ ကရင်ပြည်နယ်ဟူ၍မည်သည့်အခါ မည်သည့်နေရာ၌မျှ နောက်က မရှိခဲ့ဘူးသည့်အပြင် မည်သည့်နေရာ၌ မည်သို့ဖွဲ့စည်း၍ ကရင်နီပြည်နယ်နှင့် မည်သို့ ဆက်စပ်လျက် မည်သို့ဆက်ခံခြင်းရှိမည်ကိုလည်း မသိသဖြင့် ထိုကရင်ပြည်နယ်အတွင်းသို့ ကရင်နီပြည်နယ်ကို ထည့်သွင်းရန်သဘောမတူနိုင်ဟူ၍ အကြောင်းပြကြပါသည်
ဆုံးဖြတ်ချက်များ
ကရင်နီဟူသောအမည်အစား ကယားဟူသောအမည်ကို ကြိုက်နှစ်သက်သူများက ဖော်ပြသောအကြောင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်
(၁) ကရင်နီဟူသောစကားသည် တိုင်းရင်းသားဘာသာစကားမဟုတ် ဗမာဘာသာစကားသာဖြစ်သည်
(၂) တိုင်းရင်းသားတို့အား တိုင်းရင်းသားဘာသာစကားဖြင့် ကယားဟူ၍သာခေါ်ဆိုသည်
(၃) ကရင်နီဟူသော အခေါ်ကို တိုင်းရင်းသားမသိကြ နားမလည်ကြ ကယားဟူသောအမည်ကို အရပ်တိုင်း၌ တိုင်းရင်းသားများနားလည်ကြ သိကြသည်
(၄) ကရင်နီဟူသောအမည်သည် ကရင်ဟူသောအမည်နှင့် မကြာခဏရေားထွေးမှားယွင်းတတ်သဖြင့် အလိုမရှိအပ်ခြင်းဖြစ်သည် စုံစမ်းစစ်ဆေးသည်မှ ထွက်လာသောအကြောင်းအလုံးစုံကို ဆင်ခြင်သော် ကယားဟူသောအမည်သည် တိုင်းရင်းသားအချင်းချင်းတို့က ခေါ်ဆိုသောစကားဖြစ်၍ လူ ဟုအဓိပ္ပါယ်ရှိသည်ကို လက်ခံသင့်ပါသည် ကယားဟူသောအမည်မူလစကားအတိုင်းသာ ပြည်နယ်သားတို့က မိမိတို့အား ခေါ်ဆိုရန် လိုလားကြပါသည် ကရင်နီပြည်နယ်သည် ဖွဲ့စည်းရန်ကြံရွယ်သော ကရင်ပြည်နယ်တွင်းသို့ ပါဝင်ရန် အလိုမရှိကြပါ တိုင်းရင်းသားအားလုံးတို့သည်လျှင် ထိုအချက်ကို သဘောတူကြသည်ဟု ဤကော်မရှင်က ဆုံးဖြတ်ရပေသည် ကရင်နီပြည်နယ်အတွင်း၌ ပြင်ပသားဖြစ်သော ကရင်လူမျိုး လာရောက် လွမ်းမိုးခြင်းကိုမခံချင်သောကြောင့်၎င်း ကေအင်ဒီအို သူပုန်တို့သည် ကရင်နီပြည်နယ် အတွင်းသို့ဝင်ရောက်၍ လူထုအားအမျိုးမျိုးနှိပ်စက်ခြင်းကြောင့် ၎င်း ကရင်နီလူမျိုးတို့သည် ပြင်ပသားများဖြစ်ကြကုန်သော ကရင်လူမျိုးတို့နှင့် ပူးပေါင်း၍ ပြည်နယ်တခု တည်ထောင်နေထိုင်ရန် လုံးဝအလိုမရှိခြင်း ဖြစ်ပါသည်
အကြုံပြုထောက်ခံချက်များ
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနိဒါန်းတွင် နယ်စပ်ဒေသနှင့် ကရင်နီနယ်များအပါအဝင် မြန်မာနိုင်ငံတော်သစ်ကို အချုပ်အခြာအာဏာပိုင် လွတ်လပ်သောပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် အခိိုုင်အခန့် အညီအညွတ် တည်ထောင်ထောင်ရန် သန္ဒိဌာန်ချ၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို တိုင်းပြုပြည်ပြုလွတ်တော်က ဥပဒေဖြင့် အတည်ပြုခဲ့ပါသည်
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရာမှာ ကရင်နီပြည်နယ်နှင့်စပ်လျဉ်းသည့် ပြဌာန်းချက်များကို ရေးဆွဲရာတွင်၎င်း ဆွေနွေးရာတွင်၎င်း ကရင်နီပြည်နယ်ကိုယ်စားလှယ်များ၏ ဆန္ဒကိုမယူနိုင်ခဲ့ပါ ထိုအခါ ကရင်နီနယ်မှကိုယ်စားလှယ်များသည် တိုင်းပြုပြည်ပြုလွတ်တော်တွင် မရှိသေးသောကြောင့် ကရင်နီနယ်မှ ကိုယ်စားလှယ်များ စတင်တက်ရောက်သောအခါတွင် ထိုပုဂ္ဂိုလ်များအား ပြည်နယ်သားများက အခြေခံဥပဒေပုဒ်မ ၁၈၀ ပါ ထိုပြည်နယ်နှင့် သက်ဆိုင်သောပြဌာန်းချက်များကို မလိုလားသဖြင့် ကန့်ကွက်ရန် တိုက်တွန်းလိုက်ကြောင်း သိရပါသည် သို့ရာတွင် ကိုယ်စားလှယ်များသည် ကန့်သတ်ထားသော အချိန်အတွင်းတွင် လွတ်လပ်ရေးကြေငြာရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုရန် လိုလားသဖြင့်၎င်း ပြည်ထောင်စုသားအားလုံးတို့သည် တသံတည်း တသဘောထားတည်းဖြင့် အခြေခံဥပဒေကို ရေးဆွဲအတည်ပြုကြောင်းကို ပြလိုသောဆန္ဒရှိသဖြင့်၎င်း ထိုအခြေခံဥပဒေကို ဦးဆောင်ရေးဆွဲပုလုပ်ကြသော ခေါင်းဆောင်ကြီးများက ကရင်နီပြည်နယ်သားများ၏ ဆန္ဒနှင့်အညီအညွတ်ဖြစ်စေရန် နှောင်အခါတွင် ပြင်ဆင်ပေးပါမည်ဟု ဝန်ခံချက်ကိုရရှိသဖြင့်၎င်း အဆိုပါ ပုဒ်မ ၁၈၀ နှင့်အကွ ကရင်နီပြည်နယ်နှင့် သက်ဆိုင်သောအခြားပြဌာန်းချက်များကို ရေးဆွဲသည့်အတိုင်းပင် လက်ခံရန်သဘောတူကြသည် ဤသို့ခံဝန်ချက်ရှိသည့်အတိုင်း ဆောင်ရွက်ပေးရန်ကိုလည်း ကရင်နီပြည် ကိုယ်စားလှယ်များသည် မကြာခဏတိုက်တွန်းခြင်းပြုခဲ့ပါသည် နောက်ဆုံးတွင် ဤကော်မရှင်ကို ဖွဲ့စည်းရခြင်းအကြောင်းအရင်းဖြစ်သော ကရင်နီကိုယ်စားလှယ်အမတ်ဦးစိန်၏ အဆိုကို တိုင်းပြည်ပြုလွတ်တော်၌ တင်သွင်းခြင်းပြုခဲ့ပါသည် အထူးစုံစမ်းရေးကော်မရှင်အဖွဲ့က ကရင်နီပြည်နယ်သားများ၏ဆန္ဒကို စုံစမ်းသဖြင့် သိရသည့်အတိုင်း ကရင်ပြည်နယ်ကိုတည်ထောင်သောအခါတွင် ကရင်နီပြည်နယ်ကို ထိုပြည်နယ်သစ်နှင့် ပူးပေါင်းလိုသောဆန္ဒ မရှိကြောင်းဖြစ်ပါသည် အခြေခံဥပဒေပုဒ်မ ၁၈၀ ပြဌာန်းချက်များသည် ယင်းအတိုင်းတည်ရှိနေသရွေ့ နောင်အခါတွင် ရှုပ်ထွေးစရာအကြောင်းများရှိသည်ဟု ကရင်နီပြည်နယ်သားများ၏ စိတ်တွင် အထူးစွဲယုံကြည်လျက်ရှိကြပါသည် ဤအကြောင်းကိုထောက်ထား၍ အဆိုပါ ကရင်နီကိုယ်စားလှယ်များ အပေါ်တွင် ထားရှိခဲ့သော ဂတိအတိုင်း လိုက်နာဆောင်ရွက်သည့်သဘောသက်ဝင်လျက် တိုင်းပြည်ပြုလွတ်တော်က ဒေသတခုနှင့် သို့တည်းမဟုတ် လူမျိုးစုတခုခုနှင့် စပ်လျဉ်းသော ပြဌာန်းချက်များပြုရာတွင် လိုက်နာခဲ့သော စည်းကမ်းထုံးတမ်းနှင့်အညီဆောင်ရွက်သည့် သဘောသက်ဝင်သော ပြုလုပ်သင့်သည့်နည်းလမ်းကို ဤကော်မရှင်အဖွဲ့ကအကြံပေးလိုပါသည် ဤနည်းလမ်းအတိုင်း ဆောင်ရွက်ခြင်းဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသစ်တဖန်ပြုပြင်ပြောင်းလဲရာသို့ မူလသဘောအားဖြင့် သက်ရောက်မည်မဟုတ်ဟု ယူဆပါသည်
ဤကော်မရှင်က အကြံပေးထောက်ခံလိုသည်မှာ အခြေခံဥပဒေပုဒ်မ၁၈၀ တွင် ကရင်နီပြည်နယ်တခုကို တည်ထောင်သည့်အခါ ကရင်နီပြည်နယ်ကိုပါ ထည့်သွင်းတည်ထောင်စေသော သက်ရောက်သည့် စကားရပ်များကို ထုတ်ပယ်ရန်နှင့် အခန်း၉ အပိုဒ်၄ နှင့် အခြားပုဒ်မအနည်းငယ်တွင်ပါရှိသည့် ကရင်နီဟူသော စကားအစား ကယားဟူသောစကားရပ်ကို ထည့်သွင်းရန်ဖြစ်သည် အခြေခံဥပဒေပုဒ်မ၁၈၀ ပါ လက်ရှိပြဌာန်းချက်များသည် ကရင်နီပြည်နယ်သားများ၏ စိတ်ချမ်းသာမှုကိုသာမက ကရင်ပြည်နယ်သစ် တည်ထောင်ရေးကိုလည်း အနှောက်အယှက်ဖြစ်လိမ့်မည်ဟု ယူဆနိုင်သဖြင့် ထိုလူမျိုးနှစ်မျိုးတို့၏ အလိုဆန္ဒအတိုင်း ပြုပြင်ခြင်းကို ကရင်နီပြည်နယ်သားများသာမက ကရင်လူမျိုးတို့ကလည်း နှစ်သက်ကြလိမ့်မည်ဟု မျော်လင့်ပါသည်ဟု၍ အထူးစုံစမ်းရေးကော်မရှင်က ၁၉၅၁ ခုနှစ် ဖေဖေါ်ဝါရီလ
(၂၇) ရက်နေ့ နောက်ဆုံးထားပြီး အစိုးရထံတင်သွင်းခဲ့ပါသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ရန် ဥပဒေကြမ်းတင်သွင်းခြင်း ကရင်နီပြည်နယ်ကို ကယားပြည်နယ်ဟူ၍ ခေါ်ဆိုရန်သင့်မသင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ကရင်ပြည်နယ်တခုကိုဖွဲ့စည်းတည်ထောင်သောအခါ ကရင်နီပြည်နယ်သားတို့သည် မိမိတို့၏ ပြည်နယ်ကိုဖွဲ့စည်းထားသော ပြည်နယ်သစ်နှင့် ပူးပေါင်းရန်လိုလားသည်
မလိုလားသည် ဟူသော ကိစ္စများနှင့် ပတ်သက်၍ ကရင်နီပြည်နယ်၏ နယ်သူနယ်သားများဆန္ဒကို ရယူရန် နိုင်ငံတော်အစိုးရက ၁၉၅၀ခုနှစ် မတ်လ(၁) ရက်နေ့က ကရင်နီပြည်နယ်အထူးစုံစမ်းရေးကော်မရှင်တပ်ရင်းကို
ဖွဲ့စည်းခဲ့ပါသည် ထိုကော်မရှင်သည် လိုအပ်သည်များကို ဆွေးနွေးတိုင်ပင်၍ ကရင်နီပြည်နယ်တွင်း လှည့်လည်စုံစမ်းပြီးလျှင် ၁၉၅၁ ခုနှစ် ဖေဖေါ်ဝါရီလ(၂၇) ရက်နေ့တွင် အစိုးရထံ အစီရင်ခံစာကို တင်သွင်းခဲ့ပါသည် ထိုအစီရင်ခံစာများအရ ဤအက်ဥပဒေကြမ်းကိုတင်သွင်းခြင်းဖြစ်သည် ၁၉၅၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ချက်အက်ဥပဒေ (၁၉၅၁ ခုနှစ် အက်ဥပဒေအမှတ်) အောက်ပါအတိုင်း အက်ဥပဒေအဖြစ်ပြဌာန်းလိုက်သည်
(၁) က ဤအက်ဥပဒေကို ၁၉၅၁ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် အက်ဥပဒေဟုခေါ်ရမည်
(ခ) ဤအက်ဥပဒေသည် ချက်ချင်းအတည်ဖြစ်ရမည်
(၂) ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်
(၁) ကရင်နီပြည်နယ်ဆိုသည့် စကားရပ်ပါရှိသော နေရာတိုင်း၌ ထိုစကားအရပ်အစား ကယားပြည်နယ်ဆိုသည့် စကားရပ်ကို ထည့်သွင်းရမည်
(၂) ပုဒ်မ၁၈၀ (၁) တွင်
(က) ပထမဖော်ပြထားသော ကရင်နီပြည်နယ်ဆိုသည့် စကားရပ်ပို ထုတ်ပယ်ရမည်
(ခ) ကရင်နီပြည်နယ်နှင့် သံလွင်ခရိုင်တို့၏ ဆိုသည့် စကားရပ်အစား သံလွင်ခရိုင်၏ ဆိုသည့်စကားရပ်
ကိုထည့်သွင်းရမည်
(ဂ) ထိုဒေသသုံးခု၌ ဆိုသည့်စကားရပ်အစား ထိုဒေသများ၌ ဆိုသည့် စကားရပ်ကိုထည့်သွင်းရမည်
(၃) ပုဒ်မ၁၉၅ ပိုပယ်ဖျက်ရမည်
ကရင်နီပြည်နယ်ကို ကယားပြည်နယ်ဟု ပြင်ဆင်ခေါ်ဆိုရန် နယ်သူနယ်သားများအားလုံးတို့က သဘောတူကြောင်းကို အဆိုပါ အစီရင်ခံစာတွင်ဖော်ပြထားပါသည် ထို့အပြင် ကရင်နီပြည်နယ်သားများ၏ ဆန္ဒစုံစမ်းသိရှိရသည်မှာ ကရင်ပြည်နယ်တခုတည်ထောင်သော အခါတွင် မည်သည့်နည်းနှင့်မျှ ကရင်နီပြည်နယ်ကို ထိုပြည်နယ်နှင့်ပူးပေါင်းခြင်းပြုလိုသော ဆန္ဒမရှိကြောင်းဖြစ်ပါသည် ကရင်ပြည်နယ်သစ်တခုကို အခြေခံဥပဒေပုဒ်မ၂၀၀ အရ တည်ထောင်စေကာမူ ပုဒ်မ၁၈၀ ပါ ပြဌာန်းချက်များသည် ယခုအတိုင်းတည်ရှိနေသမျှကာလပတ်လုံး နောင်အခါတွင် ရှုပ်ထွေးစရာအကြောင်း ရှိလိမ့်မည်ဟု ကရင်နီပြည်နယ်ခေါင်းဆောင်များနှင့်တကွ နယ်သူနယ်သားများစိတ်ထဲတွင် အထူးခွဲမင်လျက် ရှိကြပါသည် အဆိုပါ အခြေခံဥပဒေပုဒ်မ ၁၈၀ ၏ ပြဌာန်းချက်များသည် ကရင်ပြည်နယ်သစ် တည်ထောင်ရေးကိုလည်း အနှောက်အယှက်ဖြစ်သဖြင့် ကရင်နီလူမျိုးတို့အပြင် ကရင်လူမျိုးတို့ကလည်း ထိုပြဌာန်းချက်များကို ပြုပြင်ပေးရန် နောက်နောင်ကတောင်းဆိုခဲ့ကြဘူးရာ ထိုလူမျိုးနှစ်ဦးနှစ်ဘက်စလုံး၏ ဆန္ဒအတိုင်းနှစ်သက်ကြေနပ်ကြစေရန် ဤအက်ဥပဒေကြမ်းကို တင်သွင်းရခြင်းဖြစ်ပါသည်ဟူ၍ ကရင်နီပြည်နယ်ဝန်ကြီး စဝ်ဝဏ္ဏ က ၁၉၅၁ ခုနှစ် စက်တင်ဘာလ(၂၈) ရက်နေ့တွင် တိုင်းပြုပြည်ပြုလွတ်တော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ရန် ဥပဒေကြမ်းကို တင်သွင်းခဲ့ပါသည် ၁၉၅၁ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပြင်ရန် ဥပဒေကြမ်းကို စီစစ်ရန် ရွေးချယ်ခန့်ထားသော ကော်မတီများမှာ အောက်ပါလူကြီးမင်းများပါဝင်ကြပါသည်
(၁) ဦးစံထွန်းအောင်(စစ်တွေကျေးလက်အလယ်ပိုင်း) သဘာပတိ
(၂) ဝန်ကြီး မန်းဘခိုင်(ဟင်္သာတ ကရင်အမျိုးသား)
(၃) ဝန်ကြီးစဝ်ဝဏ္ဏ(နယ်စပ်ဒေသ ကရင်နီပြည်နယ်)
(၄) ကပ္ပတိန် မန်းတုံးခုံး (နယ်စပ်ဒေသ ချင်းဝိသေသတိုင်း)
(၅) ဗိုလ်ခင်မောင် (ပဲခူးကျေးလက်မြောက်ပိုင်း)
(၆) ဗိုလ်ကျော်သန်း (ကျိုက္ခမီကျေးလက် အရှေ့ပိုင်း)
(၇) ဝါဘော်ဇော်ရစ် (နယ်စပ်ဒေသ ကချင်ပြည်နယ်)
(၈) တောင်ပိုင်းစော်ဘွားကြီး(နယ်စပ်ဒေသ ရှမ်းပြည်နယ်)
(၉) ဦးသန်းညွန့်(မန္တလေးကျေးလက်တောင်ပိုင်း)
(၁၀) စောအောင်ပ(ဟင်္သာတကျေးလက် ကရင်အမျိုးသား)
(၁၁) စောဘရင်(သထုံကျေးလက်အနောက်ပိုင်း ကရင်အမျိုးသား)
(၁၂) စောဂျွန်ဆင်ဒီဖိုးမင်း(တောင်ငူကျေးလက် ကရင်အမျိုးသား)
(၁၃) ဆရာဆာထူး (အင်းစိန်ကျေးလက် ကရင်)
(၁၄) ဦးစိန် (နယ်စပ်ဒေသ ကရင်နီပြည်နယ်)
(၁၅) နိုင်ငံတော်ရှေ့နေချုပ်ကြီး အတွင်းရေးမှူး ဦးနန်းနွယ်(လက်ထောက်ရာတွင်းဝန်)
ဤကော်မတီသည် ၁၉၅၁ခုနှစ် စက်တင်ဘာလ(၂၉) ရက်နေ့တွင် တိုင်းပြုပြည်ပြုလွတ်တော် အဆောက်အဦးရှိ အမတ်များ သဘောတူမဲဆန္ဒပေးခန်းတွင် အစည်းအဝေးကို ကျင်းပပြုလုပ်ကြပါသည် ကရင်နီပြည်နယ်ဝန်ကြီး တင်သွင်းသည့် ဥပဒေကြမ်းကို လွတ်တော်ကဆက်လက်အရေးမယူရန် ထောက်ခံပါကြောင်း အဘယ်ကြောင့်ဆိုသော် ဥပဒေကျမ်းဖြင့် အကျိုးသက်ရောက်စေမည့် ရည်ရွယ်ချက် (၃) ခုမှာ အပိုဒ်(၂)
(က) (ခ) (ဂ) တွင် ဖော်ပြထားသည့်အတိုင်း ကရင်ရေးရာဝန်ကြီးတင်သွင်းသည့် ဥပဒေကြမ်းဖြင့် မြောက်စေခဲ့ပါသည် ထို့အပြင် အရေးကြီးသောအကြောင်းတခုမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကြမ်းနှစ်ခုစလုံးက ပြင်ဆင်ရန် ရည်ရွယ်ပါသည် ထိုသို့ပြင်ဆင်သည့် ဥပဒေကြမ်းကို ပါလီမန်လွတ်တော်ညီလာခံတခုတည်းတွင် ပြင်ဆင်ချက် ဥပဒေနှစ်ရပ်ခွဲခါး၍ တင်သွင်းရန် လုံးဝမသင့်တော့ချေ ထိုဥပဒေကျမ်းနှစ်ခုလုံးမှာ အခြေခံဥပဒေကိုပြင်ရန် သက်သက်သာသာဖြစ်သဖြင့် ထိုဥပဒေကြမ်းနှစ်ခုစလုံးကို ဖြစ်နိုင်ပါက ပေါင်း၍ တခုတည်းအဖြစ်သို့ရောက်အောင် ပါလီမန်က ဆောင်ရွက်သင့်ပါကြောင်း အကယ်၍ ကရင်ရေးရာဝန်ကြီးတင်သွင်းသည့် ဥပဒေကြမ်းကို ကော်မတီက အနည်းငယ် ပြင်ဆင်ထားသည့်အတိုင်းပင်ဆက်လက်ပြီး လွတ်တော်က အတည်ပြုရန် ဤကော်မတီက ထောက်ခံပါကြောင်း ကော်မတီက ပြင်ဆင်ထားသည့် အင်္ဂလိပ်ဘာသာ မြန်မာဘာသာ ဥပဒေကြမ်း(၂) ခုကို ပူးတွဲတင်ပြထားပါသည်
ရွေးချယ်ခန့်ထားသည့်ကော်မတီက ပြင်ဆင်သည့်ဥပဒေကြမ်း ၁၉၅၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ချက် အက်ဥပဒေ (၁၉၅၁ခုနှစ် အက်ဥပဒေအမှတ်) အောက်ပါအတိုင်းအက်ဥပဒေပြဌာန်းလိုက်သည်
(၁) က ဤအက်ဥပဒေ ၁၉၅၁ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ချက်အက်ဥပဒေဟုခေါ်ရမည်
(ခ) ဤအက်ဥပဒေသည် ချက်ချင်းအတည်ဖြစ်ရမည်
(၂) ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအဃြေံဥပဒေတွင်
(က) ကရင်နီပြည်နယ်ဆိုသည့် စကားရပ်ပါရှိသည့်နေရာတိုင်း၌ ထိုစကားရပ်အစား ကယားပြည်နယ်ဆိုသည့်စကားရပ်ကို ထည့်သွင်းရမည်
(ခ) ပုဒ်မ၁၈၀(၁) တွင်
(၁) ပထမဖော်ပြထားသော ကရင်နီပြည်နယ်ဆိုသည့်စကားရပ်ကိုထုတ်ပယ်ရမည်
(၂) ကရင်နီပြည်နယ်နှင့် သံလွင်ခရိုင်တို့၏ ဆိုသည့်စကားရပ်အစား သံလွင်ခရိုင်၏ဆိုသည့် စကားရပ်ကိုထည့်သွင်းရမည်
(၃) ထိုဒေသသုံးခု၌ ဆိုသည့်စကားရပ်အစား ထိုဒေသများ၌ ဆိုသည့်စကားရပ်ကို ထည့်သွင်းရမည်
(ဂ) ပုဒ်မ၁၉၅ ကိုပယ်ဖျက်ရမည်
ကရင်နီပြည်နယ်အစိုးရဖွဲ့စည်းခြင်း
၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့တွင် အောက်ပါအတိုင်း ကရင်နီပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်
(၁) စဝ်ဝဏ္ဏ
(၂) ဦးစိန်
(၃) ဦးအေမြလေး
(၄) ဦးသိုင်းဘဟန်
မြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ၁၈၉ အရ စဝ်ဝဏ္ဏ အား ကရင်နီပြည်နယ်ဆိုင်ရာဝန်ကြီး အဖြစ် ရွေးချယ်တင်မြောက်သည်
ကရင်နီပြည်နယ်ကောင်စီ(၁၉၄၈၁၉၅၂)
၁၉၄၈ ခုနှစ် ဇန်နဝါရီလ(၄) ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ကရင်နီပြည်နယ်ကောင်စီကို အောက်ပါအတိုင်းဖွဲ့စည်းထားခဲ့သည်
သဘာပတိ စဝ်ငယ်ဒူး ဘောလခဲနယ် စောဖျာ လူမျိုးစုလွတ်တော်အမတ်
(၁) စဝ်ဝဏ္ဏ ပြည်နယ်ဥက္ကဌ အရှေ့ပိုင်းကရင်နီနယ်အမတ်
(၂) ဦးစိန် ပါလီမန်အတွင်းဝန် အနောက်ပိုင်းကရင်နီနယ်အမတ်
(၃) ဦးအေမြလေး ကရင်နီနယ်ကောင်စီအမတ်
(၄) ဦးအိုက်မောင်ဦး မိုးဗြဲနယ်ကောင်စီအမတ်
(၅) ဦးလှငြိမ်း ကရင်နီနယ်ကောင်စီအမတ်
(၆) ဦးဖိုးလတ် အတွင်းဝန် ကရင်နီပြည်နယ်
သိုင်ဘဟန်သည် ကရင်နီနယ်ဆိုင်ရာဝန်ထောက်အဖြစ် စတင်တာဝန်ယူထမ်းဆောင်ပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီလ(၂) ရက်နေ့တွင် အရေးပိုင်အဖြစ်ခန့်ထားခဲ့သည် ၁၉၄၈ ခုနှစ် နိုဝင်ဘာလ(၂) ရက်နေ့တွင် သိုင်ဘဟန်ကွယ်လွန်ပြီး ဦးအေမြလေးအား အရေးပိုင်အဖြစ် ခန့်ထားပါသည်
ကယားပြည်နယ်ကောင်စီ(၁၉၅၂-၁၉၅၆)
၁၉၅၁ ခုနှစ် အောက်တိုဘာလ(၅) ရက်နေ့မှစ၍ ကရင်နီ၏ပြည်နယ်ကို ကယားပြည်နယ်ဟုခေါ်သည် သဘာပတိအဖြစ် စဝ်ငယ်ဒူး လူမျိုးစုလွတ်တော်အမတ် ဘောလခဲစောဖျာ အတွင်းဝန်အဖြစ် စည်သူဦးမြတ်စိုး တို့ဖြစ်ကြပါသည်
ကယားပြည်နယ်အစိုးရအဖွဲ့
(၁) စဝ်ဝဏ္ဏ ကယားပြည်နယ်ဝန်ကြီး ပြည်နယ်ဥက္ကဌ
(၂) ဦးစိန် ပါလီမန်အတွင်းဝန်
(၃) စဝ်လဝီ ကန္တရဝတီနယ်စောဖျာ လူမျိုးစုလွတ်တော်အမတ်
ကယားပြည်နယ်အစိုးရအကြံပေးပုဂ္ဂိုလ်များ
(၁) ဦးဖြူ ကန္တရဝတီနယ်
(၂) ဦးမောင်ကြီး ကန္တရဝတီနယ်
(၃) ဦးအာရ်ပီသောင်း မိုးဗြဲနယ်(၁၉၅၅ခုနှစ်အထိ)
(၄) ဦးပကူး ကြယ်ဖိုးကြီးနယ်
(၅) ဆရာကဘို့ မိုးဗြဲနယ်(၁၉၅၅ ခုနှစ်အထိ)
(၆) ဦးလွီးဇီ ဘောလခဲနယ်
ကယားပြည်နယ်ကောင်စီ (၁၉၅၆၁၉၆၀)
သဘာပတိ စဝ်ငယ်ဒူး ဘောလခဲနယ်စောဖျာ လူမျိုးစုလွတ်တော်အမတ်
အတွင်းဝန် ဦးကျော်ဝင်း
ကယားပြည်နယ်အစိုးရအဖွဲံ
(၁) စဝ်ဝဏ္ဏ ကယားပြည်နယ်ဝန်ကြီး ပြည်နယ်ဥက္ကဌ
(၂) ဦးစိန် ပါလီမန်အတွင်းဝန်
(၃) စဝ်လဝီ ကန္တရဝတီနယ်စောဖျာ လူမျိုးစုလွတ်တော်အမတ်
ကယားပြည်နယ်အစိုးရအကြံပေးအဖွဲ့
(၁) ဦးဘိုးညွန့် ကန္တရဝတီနယ်
(၂) ဦးဘူးရယ် ကန္တရဝတီနယ်
(၃) ဦးဒီးကား ကြယ်ဖိုးကြီးနယ်
(၄) ဦးလွီးဇီ ဘောလခဲနယ်
(၅) ဆရာကဘို့ မိုးဗြဲနယ်
ကယားပြည်နယ်ကောင်စီ(၁၉၆၀-၆၂)
သဘာပတိ စဝ်ငယ်ဒူး ဘောလခဲစောဖျာ လူမျိုးစုလွတ်တော်အမတ်
အတွင်းဝန် ဦးကျော်ဝင်း(၁၉၆၀ ခုနှစ်အထိ)
ကယားပြည်နယ်အစိုးရအဖွဲ့
(၁) စဝ်ဝဏ္ဏ ကယားပြည်နယ်ဝန်ကြီး ပြည်နယ်ဥက္ကဌ
(၂) စဝ်လဝီ ပါလီမန်အတွင်းဝန်
(၃) စောသိန်း ကယားပြည်နယ်အနောက်ပိုင်း ပါလီမန်အမတ်
ကယားပြည်နယ်အစိုးရအကြံပေးအဖွဲ့
(၁) ဦးဖြူ ကန္တရဝတီနယ်
(၂) ဦးညွန့် ကန္တရဝတီနယ်
(၃) ဦးထော်လှမူ ဘောလခဲနယ်တောင်ပိုင်း
(၄) ဦးမာရ်ကို ဘောလခဲနယ်မြောက်ပိုင်း
(၅) ဦးဖဲ ကြယ်ဖိုးကြီးနယ်
၁၉၆၂ ခုနှစ် မတ်လ(၃) ရက်နေ့တွင် မြန်မာနိုင်ငံတော်တော်လှန်ရေးကောင်စီက ကယားပြည်နယ်ကောင်စီကို ဖျက်သိမ်းလိုက်သည်
ကရင်နီနယ်၌ ပထမဆုံးအတိုက်အခံနိုင်ငံရေးပါတီဖွဲ့စည်းခြင်း
ကရင်နီပြည်နယ်မှ ပြည်သူများအားဒီမိုကရေစီဥပဒေဘောင်အတွင်းမှ အမှန်ကို အမှန်အတိုင်းအရှိကိုအရှိအတိုင်း ဖော်ထုတ်ပြေားဆိုလုပ်ကိုင်ဆောင်ရွက်နိုင်ကြရန်ရည်ရွယ်လျက် ကယန်းအမျိုးသားတဦးဖြစ်သူ ဦးထွီးဇီ
အောင်စန်သည် ၁၉၅၄ ခုနှစ် နိုဝင်ဘာလ(၁၂) ရက်နေ့ ဒေါရောက်ခူကျေးရွာ စာသင်ကျောင်းတွင် ကြယ်ဖိုးကြီးနယ်နှင့် ဘောလခဲနယ်တို့မှ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ လူငယ်ခေါင်းဆောင်များ အစည်းအဝေးတရပ်ကို ကျင်းပပြုလုပ်၍ ကယားလူငယ်အဖွဲ့ဟူသော နိုင်ငံရေးအဖွဲ့ ဖွဲံ့စည်းကြပါသည်
ကယားပြည်နယ်အဖွဲ့ အလုပ်အမှုဆောင်များမှာ
(၁) ဥက္ကဌ ဦးအယ်လ်အောင်စိန်
(၂) ဒုဥက္ကဌ ဦးထျားရု
(၃) အတွင်းရေးမှူး ဦးကေဂျိုးဇက်
(၄) တွဲအတွင်းရေးမှူး ဦးဝေလာ
(၅) ဘဏ္ဍာထိန်း ဦးရွိုင်းယူ တို့ဖြစ်ပါသည်
အလုပ်အမှုဆောင်အဖွဲ့ကို ရွေးကောက်တင်မြောက်ပြီးနောက် အဖွဲ့ဝင်လူကြီး(၁၅) ဦးကို တပါးတည်း ရွေးချယ်တင်မြောက်ကြပါသည်
အဖွဲ့ဝင်လူကြီး (၁၅) ဦးတို့မှာ
(၁) ဦးထျားရု
(၂) ဦးပရစူ
(၃) ဦးဘန်စူ
(၄) ဦးစူးဖဲ
(၅) ဦးဆူးရယ်(ဖရူဆို)
(၆) ဦးဘူးရယ်(ထီးသဲကူး)
(၇) ဦးရွမ်းစူး
(၈) ဦးအန်ဒြေးယာ
(၉) ဦးလွီးဇီ
(၁၀) ဦးစတီဗင်း
(၁၁) ဦးကူးယူ
(၁၂) ဦးစေးကို
(၁၃) ဦးငိုက်ရီး
(၁၄) ဦးရကောက်(ဒေါရောက်ခူတို့ဖြစ်ပါသည်
အဖွဲ့၏တည်နေရာ
လွိုင်ကော်မြို့ နောင်ယား(က)ရပ်ကွက် န/၁၆၀ တွင် ထားရှိရန် သဘောတူဆုံးဖြတ်ကြပါသည်
ကယားပြည်နယ်ရှင်စောဖျာများ အာဏာစွန့်လွတ်ခြင်း
ကယားပြည်နယ်၏ကြီးပွားတိုးတက်ရေးကို ရှေးရှုပြီးလျှင် ကယားပြည်နယ် နယ်ရှင်စောဘွားများသည် မိမိ၏
အုပ်ချုပ်မှုအာဏာ စီမံမိုင်ခွင့်အာဏာတို့ကို ချွင်းချက်မရှိ ကယားပြည်နယ်အစိုးရလက်သို့ ၁၉၅၉ခုနှစ် ဇွန်လ(၃၀)ရက်နေ့တွင် လွဲပြောင်းခဲ့ပါသည် ကယားပြည်နယ် နယ်ရှင်စောဖျာများ အာဏာစွန့်လွတ်ခြင်းနှင့် ပတ်သက်၍ ကယားပြည်နယ်အစိုးရကိုယ်စား ပြည်နယ်ဥက္ကဌနှင့် သက်ဆိုင်ရာနယ်ရှင်စောဖျာတို့က ၁၉၅၉ခုနှစ် ဇွန်လ(၃၀) ရက်နေ့တွင် အောက်ပါသဘောတူစာချုပ်ကိုချုပ်ဆိုကြပါသည် ကယားပြည်နယ်အစိုးရကိုယ်စား ပြည်နယ်ဥက္ကဌ စဝ်ဝဏ္ဏ နှင့် နယ်ရှင်စောဖျာများဖြစ်ကြသော
(၁)ကန္တရဝတီနယ်စောဖျာ စဝ်လဝီ
(၂) ဘောလခဲနယ်စောဖျာ စဝ်ငယ်ဒူး တို့က သဘောတူစာချုပ်ချုပ်ဆိုကြပါသည်
ကယားပြည်နယ် စောဖျာအာဏာစွန့်လွတ်ရေးနှင့်ပတ်သက်၍ ကယားပြည်နယ်အစိုးရနှင့် စောဖျာတို့ ချုပ်ဆိုသောစာချုပ်
သဘောတူစာချုပ်
ကန္တရဝတီနယ်နှင့် ထိုနယ်ရှိ နယ်သူနယ်သားများ၏ လက်ငင်းမျက်မှောက် အကျိုးစီးပွားရေးအတွက်၎င်း ကယားပြည်နယ်အစိုးရ၏ အကျိုးစီးပွားအတွက်၎င်း ကန္တရဝတီနယ် စောဖျာစဝ်လဝီသည် မိမိနယ်အတွင်း အုပ်ချုပ်မှုအာဏာအစရှိသည့် အာဏာအဝဝတို့ကို ချွင်းချက်မရှိ ကယားပြည်နယ်အစိုးရ၏ လက်သို့ လွဲပြောင်းအပ်နှင်းလိုသည်ဖြစ်၍တကြောင်း ကယားပြည်နယ်အစိုးရနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရကလည်း ယင်းသို့အာဏာလွဲပြောင်းအက်နှင်းခြင်းကို နှစ်ထောင်းအားရစွာ လက်ခံလိုသည်လည်းတကြောင်း ထိုအကြောင်းများကြောင့် ကန္တရဝတီနယ်စောဖျာ စဝ်လဝီနှင့် ကယားပြည်နယ်အစိုးရ၏ ကိုယ်စား ကယားပြည်နယ်ဥက္ကဌသည် ၁၉၅၉ခုနှစ် ဇွန်လ(၃၀) ရက်နေ့တွင် အောက်ပါအတိုင်း သဘောတူစာချုပ် ချုပ်ဆိုကြပါသည်
အပိုင်း(၁)
ကန္တရဝတီနယ် စောဖျာစဝ်လဝီသည် မိမိနယ်အတွင်း အုပ်ချုပ်မှာအာဏာ စီမံခွင့်အာဏာ အစရှိသည့် အာဏာအဝဝတို့ကို ကယားပြည်နယ်အစိုးရ၏လက်သို့ ၁၉၅၉ခုနှစ် အောက်တိုဘာလ(၁) ရက်နေ့ ၁၃၂၁ ခုနှစ် တော်သလင်းလပြည့်ကျော်(၁၅) ရက်နေ့မှစ၍ လွဲပြောင်းအပ်နှင်းကြသည်
အပိုင်း (၂)
ယင်းသို့အာဏာလွဲပြောင်းအပ်နှင့်ရသည့်အတွက် ကန္တရဝတီနယ်စောဖျာက တလုံးတခဲတည်းပင်စင်အဖြစ်
(၆၀၀၀၀၀)ကျပ်ခြောက်သိန်းတိတိ ကို အကောက်အခွန်လုံးဝကင်း၍ လစဉ်တလလျှင် ကျပ်ငွေ (၂၀၀၀) ကျပ်နှစ်ထောင်ကျပ်တိတိ ဖြင့် တလုံးတခဲတည်း ပင်စင်ငွေများကုန်သည့်တိုင်အောင် အရစ်ကျထုတ်ယူရမည်
အပိုင်း (၃)
ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို နောင်မည်သို့ပင် ပြင်ဆင်စေကာမူ ကန္တရဝတီစောဖျာသည် စောဖျာ၏ဘွဲ့ကိုဆက်လက်ခံယူနိုင်စေရမည် ဤစာချုပ်ချုပ်ဆိုသည့်နေ့ရက်တွင် ကန္တရဝတီနယ်က ပိုင်ဆိုင်သောရုံးများ စသင်ကျောင်းများ ထောင်များ အချုပ်ခန်းများ တည်ရှိရာအိမ်များ ဆေးရုံများ အခြားအဆောက်အဦးများ မြေကွက်များ အစရှိသည့် ပစ္စည်းများအပ စောဖျာစဝ်လဝီ၌ မိမိ၏ ပုဂ္ဂလိပိုင်ဆိုင်သည့် ဟော်များကိုယ်ပိုင်အိမ်များ လယ်ယာမြေများ ဥယျာဉ်များ ခြံမြေများ လက်နက်များ အစရှိသည့် ပစ္စည်းများကိုလုံးဝပိုင်ဆိုင်ခွင့်နှင့် တရားဥပဒေအရသုံးစွဲခွင့်ရှိစေရမည်
အပိုင်း(၄)
ကန္တရဝတီနယ် စောဖျာစဝ်လဝီသည် မိမိနယ်ကိုအုပ်ချုပ်စဉ်ကာလအတွင်း သဘောရိုးဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့
သည့်ကိစ္စအရပ်ရပ်နှင့် စပ်လျဉ်း၍သော်၎င်း ကယားပြည်နယ်အစိုးရ၏ အမိန့်အာဏာဖြင့် စုံစမ်းစစ်ဆေးမေးခြင်းမပြုရ ထို့အပြင် အဆိုပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကယားပြည်နယ်အတွင်းရှိ မည်သည့်တရားရုံးတွင် တရားစွဲဆိုခြင်းမပြုရ
အပိုင်း(၅)
ယင်းသို့အာဏာလွဲပြောင်းအပ်နှင်းမည့် နေ့ရက်မတိုင်မှီကာလတွင် ကန္တရဝတီနယ်ဆိုင်ရာ အမှုထမ်းအဖွဲ့တွင်ပါဝင်ကြသည့် ရာထမ်းမှုထမ်းများအပေါ်၌ မိမိတို့၏တာဝန်ဝတ္တရားရှိသည့်အလျောက် သို့ တာဝန်ဝတ္တရားရှိသည်ဟု မှတ်ယူ၍ ပြုလုပ်ဆောင်ရွက်ခဲ့သည့် ကိစ္စအရပ်ရပ်နှင့်စပ်လျဉ်း၍ ကယားပြည်နယ်အစိုးရ၏ သဘောတူညီချက်အမိန့်မရဘဲ ရာဇဝတ်မှုစွဲဆိုခြင်းမပြုရ
အပိုင်း(၆)
(၁) ၁၉၅၉ခုနှစ် ဇွန်လ(၁) ရက်နေ့တွင် ကန္တရဝတီနယ်ဆိုင်ရာ အမှုထမ်းအဖွဲ့၌ အမှုထမ်းလျက်ရှိသော စောဖျာစဝ်လဝီ၏ ရာထမ်းမှုထမ်းများအနက် သင့်လျော်မည့်ပုဂ္ဂိုလ်များကို အမှုထမ်းသက်(၃) နှစ်မ (၁၀)နှစ်ရှိသူများအား(၃) လတွက်လစာငွေများဖြင့် တူညီသော ချီးမြှင့်ငွေများကို၎င်း (၁၀) နှစ်အထက် အမှုထမ်းသက်ရှိသူများအား (၆) လအတွက်လစာငွေများဖြင့် တူညီသောချီးမြှင့်ငွေများကို၎င်း ကယားပြည်နယ်အစိုးရက ထုတ်ပေးချီးမြှင့်မည်
(၂) ကန္တရဝတီနယ်ဆိုင်ရာ အမှုထမ်းအဖွဲ့တွင် ရာထမ်းမှုထမ်းအဖြစ်ဖြင့်အမှုတော်ကိုထမ်းရွက်ခဲ့၍ ၁၉၅၉ ခုနှစ်
ဇွန်လ (၁) ရက်နေ့တွင် ပင်စင်အငြိမ်းစားယူပြီးသောအရာရှိများအား၎င်း ပင်စင်ယူရန် ခွင့်ရက်နှင့်နေသူများအား၎င်း ကယားပြည်နယ်အစိုးရက ပင်စင်နည်းဥပဒေများအရ ပင်စင်လစာများကို ထုတ်ပေးရန် တာဝန်ယူသည်
အထက်ဖော်ပြခဲ့သည့်အချက်များကို ကယားပြည်နယ်ဥက္ကဌနှင့် ကန္တရဝတီစောဖျာ စဝ်လဝီတို့သည်
ကယားပြည်နယ် လွိုင်ကော်မြို့၌ အထက်တွင် ပထမဖော်ပြသည့်နေ့ရက်၌ အသီးသီးလက်မှတ်ရေးထိုးကြသည် သောဖျာစဝ်လဝီ၏ ဘဘောတူညီလက်မှတ်ရေးထိုးခြင်းသည် မိမိအတွက်၎င်း မိမိ၏ အမွေစားအမွေခံများ
နှင့် အရိုက်အရာဆက်ခံသူများအတွက်၎င်းဖြစ်သည်
ပုံစဝ်ဝဏ္ဏ
ကယားပြည်နယ်ဥက္ကဌ
ကယားပြည်နယ်အစိုးရအဖွဲ့
ပုံစဝ်လဝီ
ကန္တရဝတီစောဖျာ
ရက်စွဲ ၁၃၂၁ ခုနှစ် နယုန်လပြည့်ကျော် (၁၀) ရက်
၁၉၅၉ခုနှစ် ဇွန်လ (၃၀) ရက်နေ့ ထိုနည်းတူစွာ ဘောလခဲနယ် စောဖျာစဝ်ငယ်ဒူးသည် အထက်ပါ သဘောတူညီချက်အတိုင်း ကယားပြည်နယ်အစိုးရကိုယ်စား ဥက္ကဌ စဝ်ဝဏ္ဏ နှင့် ၁၉၅၉ခုနှစ် ဇွန်လ (၃၀)ရက်နေ့တွင် သဘောတူစာချုပ်ချုပ်ဆိုကြပါသည်
ကယားပြည်နယ်အုပ်ချုပ်ရေး
ကယားပြည်နယ်အစိုးသည် နယ်ရှင်စောဖျာထံမှ အာဏာများကိုလက်ခံရယူပြီးလျှင် ကယားပြည်နယ် အစိုးကိုယ်စား ပြည်နယ်ဥက္ကဌက ကယားပြညန်နယ်သူနယ်သားများအကျိုးကို ရှေ့ရှုပြီး မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အဃြေံဥပဒေပုဖဒ်မ ၁၉၀ အရ ဆက်လက်၍အုပ်ချုပ်ခဲ့ပါသည် ကယားပြည်နယ် နယ်ရှင်စောဖျာများက အာဏာစွန့်လွတ်ပြီးနောက် ၁၉၅၉ခုနှစ် အောက်တိုဘာလ(၁၁) ရက်နေ့မှစ၍ ကန္တရဝတီနယ် ဘောလခဲနယ်နှင့် ကြယ်ဖိုးကြီးနယ် (၃) နယ်အား ကယားပြည်နယ်အဖြစ် ဖွဲ့စည်းပြီးလျှင် ကယားပြည်နယ်အထွေထွေအုပ်ချုပ်ရေးကို ဖွဲ့စည်းအုပ်ချုပ်ခဲ့ပါသည်
ကယားပြည်နယ်ကိုအရှေ့ပိုင်းနှင့် အနောက်ပိုင်းဟူ၍ (၂) ပိုင်းသတ်မှတ်ပြီး အရှေ့ပိုင်းတွင် (၁) လွိုင်ကော်မြို့နယ် (၂) ရွာသစ်မြို့နယ်တို့ပါဝင်၍ အနောက်ပိုင်းတွင် (၁) ဘောလခဲမို့နယ် (၂) ဖားဆောင်းမြို့နယ်တိုလပါဝင်ကြသည်
၁၉၆၂ ခုနှစ် မတ်လ(၂) ရက်နေ့ မြန်မာနိုင်ငံတော်လှန်ရေးကောင်စီကတက်လာပြီးနောက် ၁၉၆၂ မတ်လ(၄) ရက်နေ့တွင် မြန်မာနိုင်ငံတော်လှန်ရေကောင်စီ ကြေငြာချက်အမှတ်(၁၁) အရ ကယားပြည်နယ်ဦးစီးအဖွဲ့ကိုအောက်ပါအတိုင်းဖွဲ့စည်းထားပါသည်
ပြည်နယ်ဦးစီးအဖွဲ့ ဥက္ကဌ ဦးအေမြလေး
အဖွဲ့ဝင်များ ဦးစောသိန်း
ဦးဘူးရယ်
ဦးသိုင်သန်းတင်
ဗိုလ်မှူးကြီးမောင်ရွှေတို့ဖြစ်ကြပါသည်
တိုင်းပြုပြည်ပြုလွတ်တော်မှ အတည်ပြုခြင်း
ကရင်နီမှကယားသို့ အမည်ပြောင်းလဲရေးနှင့်ပတ်သက်၍ ကရင်နီပြည်အထူးစုံစမ်းရေးကော်မရှင်က ၁၉၅၁ခုနှစ် ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့တွင် နောက်ဆုံးအစီရင်ခံစညတခုကို အစိုးရထံသို့ တင်သွင်းခဲ့ပြီးသည့်အပြင် ၁၉၅၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဥပဒေကြမ်းကိုလည်း စီစစ်ရွေးချယ်ခန့်ထားသော ကော်မတီ၏ အစိရင်ခံစာကိုလည်း တင်သွင်းပြီးဖြစ်သည့်အလျောက် ၁၉၅၁ခုနှစ် အောက်တိုဘာလ(၅) ရက်နေ့တွင် ကျင်းပသော တိုင်းပြုပြည်ပြုလွတ်တော်(ပါလီမန်) ဆဌမညီလာခံတွင် ကရင်နီပြည်နယ်ဝန်ကြီး စဝ်ဝဏ္ဏက အမည်ပြောင်းလဲရေးနှင့် ပတ်သက်၍ ဥပဒေကြမ်းကိုတင်သွင်းခဲ့ပါသည် အခြေခံဥပဒေပုဒ်မ၁၈၀ ပါရှိသော ပြဌာန်းချက်များသည် ကရင်နီပြည်နယ်သားများ၏ စိတ်ချမ်းသားမှုကိုသာမဟုတ် ကရင်ပြည်နယ်သစ် တည်ထောင်ရေးကိုလည်း အနောက်အယှက်ဖြစ်လိမ့်မည်ဟု မယူဆနိုင်ပါသဖြင့် ကရင်နီပြည်နယ်သားများအပြင် ကရင်လူမျိုးစုတို့ကလည်း ထိုပြဌာန်းချက်များကိုပြုပြင်ပေးရန် တောင်းဆိုခဲ့ကြရာ ထိုလူမျိုးစုနှစ်ဦး၏အလိုဆန္ဒအတိုင်း ပြုပြင်ပေးခြင်းကို ကရင်နီပြည်နယ်သားသာမက ကရင်လူမျိုးစုတို့ကလည်း နှစ်သက်ကြပါသည် ကရင်နီလူမျိုးများက ပြည်နယ်ရှိသောလူမျိုးဖြစ်သည်အတိုင်း ကရင်အမျိုးသားကိုလည်း အလားတူပြည်နယ်ရစေချင်ပါသည် ကရင်လူမျိုးအတွက် ကရင်ပြည်နယ် တည်ထောင်ရေးကိစ္စမှာ ကရင်နီလူမျိုးကထောက်ခံကြပါသည် အခြေခံဥပဒေသည် တိုင်းပြည်၏ အရေးကြီးသော အခြေခံအုတ်မြစ်ဖြစ်ပါသည် ပြင်ဆင်ချက်ပြုလုပ်ရန် ရှောင်ကျဉ်ကြရမည် ကရင်နီပြည်နယ် ခေါင်းဆောင်များနှင့်တကွ ကရင်နီပြည်နယ်လူထုကြီးကပါ ကောင်းစွာသိရှိပြီးဖြစ်ပါသည် ဒီအခြေခံဥပဒေကြီးကို မထူးဘဲရိုသေကြပါသည် လေးစားကြပါသည် သို့သော် ကရင်နီပြည် အထူးစုံစမ်းရေးကော်မရှင်ကလည်း ထောက်ခံထားရှိသည့်အတိုင်း ကရင်နီပြည်နယ်၏ ကံကြမ္မာကို ဖန်တီးစေသည့် သေရေးရှင်ရေးသမျှ အရေးကြီးသည့် ကိစ္စကြီးဖြစ်၍ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေကြမ်းကို တင်သွင်းခြင်းဖြစ်ပါသည် ယုံကြည်လေးစားပြီး အမတ်မင်းအပေါင်းတို့က အားပေးထောက်ခံလိမ့်မည်ဟု ယုံကြည်ပါသည် ဝန်ကြီးစဝ်ဝဏ္ဏတင်သွင်းသော ဥပဒေကြမ်းကို လွတ်တော်ကအများသဘောတူ အတည်ပြုခဲ့ပါသည်
နိုင်ငံတော်ဝန်ကြီးချုပ်ကနေရွေးချယ်ပေးခြင်း
ကရင်နီမှကယားသို့ အမည်ပြောင်းလဲရေးကိစ္စကို ကယားပြည်နယ်ခေါင်းဆောင်ကြီးများ၏ ကြိုးစားချက်နှင့်
ပြည်ထောင်စုညီအစ်ကိုများ၏ မေတ္တာထားကာ တူညီချက်များကြောင့် တိုင်းပြုပြည်ပြုလွတ်တော်မှ အများသဘောတူအတည်ပြုပြီးဖြစ်ပါသည် ထိုအောင်မြင်မှုကို အထိမ်းအမှတ်ဖြစ်စေရန် နောင် ရွေးချယ်သတ်မှတ်ရန် လိုအပ်လာပါသည် ထို့ကြောင့် ကယားပြည်နယ်ခေါင်းဆောင်ကြီးများသည် နိုင်ငံတော်ဝန်ကြီးချုပ် သခင်နုထံသို့ ချဉ်းကပ်၍ အခါတော်နေ့ကောင်းရက်မြတ်ကို ရွေးချယ် သတ်မှတ်ပေးပါရန်တောင်းပန်ကြရာ နိုင်ငံတော်ဝန်ကြီးချုပ် သခင်နုက ဇန်နဝါရီလ (၁၅) ရက်နေ့ကို ကယားပြည်နယ်နေ့ အဖြစ် အသိအမှတ်ပြုရန် ရွေးချယ်သတ်မှတ်ပေးပါသည် ထိုသို့ နိုင်ငံတော်ဝန်ကြီးချုပ်က အခါတော်နေ့ထူးနေ့မြတ်ရွေးချယ်သတ်မှတ်ပေးသည့်အလျှောက် ကယားပြည်နယ်နေ့ကို နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီလ(၁၅)ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာအခမ်းအနားဆင်ယင်ကျင်းပရန်ဆုံးဖြတ်လိုက်ကြပါသည်
ဦးပီမောင်စိုး (ကယန်းတိုင်းရင်းသားသမိုင်း)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment