ဖမ်းဆီးခံရသူပေါင်း ၃၀၀၀ ကျော်ပြီ

ဖမ်းဆီးသတ်ပုံမှားရေးတာတွေ တွေ့ရတယ်။

 

ဆီး

ကလေးကို သင်္ကန်းဆီးပေးပါ

ကိုယ်ဝန်ရှိတာသိချင်ပါက ဆီးစစ်ပါ

ဆီးကန့်

ဆီးကြို

ဆီးချိပ်ပင်

ဆီးချိုရောဂါ

ဆီးချုပ်နေပါသလား

ဆီးချူပေးမယ်

ဆီးခြိုက်

ဆီးခုံက နာတယ်

ဆီးစပ်မှာ အလုံးရှိနေတယ်

ဆီးစောင်းပင်

ဆီးတန့်ထားလို့ ဆက်သွားမရပါ

ဆီးနှင်းတွေ ကျနေတယ်

ဆီးပင်

ဆီးပနီပင်

ဆီးဖြူပင်

ဆီးဖြူသီးစားမလား

ဆီးရည်

ဆီးဝမ်းလေ မှန်ပါသလား

ဆီးသီးကောင်းကောင်းစားချင်တယ်

တားဆီးပိတ်ပင်ထားသည်

ပုဆိုးဆီး

ဖမ်းဆီးခံရသည်

လူဆိုးကို ဖမ်းဆီးပါ

ဧည့်သည်ကို ဆီးကြိုပါ

 

စီး

စီးစီးပိုးပိုး မပြောအပ်

စီးပွားရေးကောင်းပါစေ

တရားဘာဝနာ စီးဖြန်းပါ

ဘတ်စကား စီးသွားပါ

လှည်းတစီး ကားတစီး

အပျက်အစီး များတယ်

အသက်ကြီးပြီး အချိန်မစီးသူ မဖြစ်ပါစေနှင့်

 

ဆည်း

ဆည်းကပ်

ဆည်းဆာအချိန်

ဆည်းပူး

ဆည်းလည်းသံ သာယာသည်

ပညာဆည်းပူးပါ

နေဝင်ဆည်းဆာ (ဆည်းစျာ ယခင်အသုံး) လှပသည်

ရှေးဟောင်းအမွေအနှစ်များ သိမ်းဆည်းထားသည်

 

စည်း

စည်းကမ်း

စည်းခုံစေတီ

စည်းချက်ဝါးချက်

စည်းစိမ်

စည်းတန်း

စည်းတိမ်သောင်တိမ်

စည်းထုပ်ဖန်

စည်းကြိုး

စည်းနဲ့ဝါး

စည်းပုံ

စည်းကြပ်

စည်းခြံ

စည်းမဲ့ကမ်းမဲ့

စည်းမျဉ်းထားပါ

စည်းမျဉ်းဥပဒေ

စည်းရိုး

စည်းလုံး

စည်းလုံချည်

စည်းလွတ်ဝါးလွတ်

စည်းသား

စည်းသုတ်

စည်းစောင့်ပါ

စည်းဝေးပွဲ

စည်းနှောင်

တင်းတစည်း ဘယ်လောက်လဲ

နယ်နိမိတ်စည်း

ပန်းတစည်း

ကြက်တောင်စည်းနဲ့ ကလေးမ လှမှလှ

ကြိုးနှင့် စည်းထားပါ

ဘဝဆက်တိုင်း ဆုံစည်းချင်တယ်

အခွန်စည်းကြပ်မည်

အစည်းအဝေး စတော့မယ်

ဥစ္စာပစ္စည်း ကုံလုံသည်

ရွှေစည်းခုံစေတီတော်

 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

Pruritus scroti ယောက်ျားကပ်ပယ်အိတ်ယားခြင်း

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း