နွေဦးမှာ ပန်းပေါင်းတရာ ပွင့်ပါစေသတည်း Get link Facebook X Pinterest Email Other Apps April 22, 2021 ပန်းပေါင်းတရာ မျောပါလာသည့်ဧရာဝတီ ထိုမြစ်ရှည်။တယောက်တလက် စုပေါင်းဆက်၍လက်ယက်ရေတွင်း ရိုးအဆင်းမှာချက်ချင်းတူးဖေါ်ခဲ့ကြသည်။ဒေါက်တာတင့်ဆွေ Get link Facebook X Pinterest Email Other Apps Comments
NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း April 22, 2021 ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန် ့ပေါင်းအစိုးရ (NCGUB) သည် (၁၉၉ဝ) ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ လျှို့ဝှက် အစည်းအဝေး သဘောတူညီချက်များအား အခြေခံလျက်၊ လွတ်မြောက်နယ်မြေရှိ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) နှင့် မြန်မာနိုင်ငံဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ် (DAB) တို့၏ အခိုင်အမာ ကူညီထောက်ခံမှုများဖြင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ၁၈-၁၂-၁၉၉ဝ နေ့တွင် ထိုင်း-မြန်မာနယ်စပ်အနီး၊ မြန်မာနိုင်ငံမြေပေါ်ရှိ (မာနယ်ပလော) ၌ စတင်ဖွဲ့စည်းပြီး၊ လွတ်လပ်သော၊ ငြိမ်းချမ်းသော၊ ညီညွတ်သော၊ သာယာဝပြောသော၊ ခေတ်မီသော ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရကို ဖွဲ့စည်း တည်ထောင်လိုက်သည်ဟု ပါရှိသည်။ ၁၈-၁၂-၁၉၉ဝ နေ့က ဖွဲ့သည့် အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းနှင့် ဝန်ကြီးအဖွဲ့ဝင်များမှာ ဦးဝင်းကို၊ ဦးပီတာလင်းပင်၊ ဦးသန်းကြွယ်၊ ဦးလှဖေ၊ ဦးသိန်းဦး၊ ဦးဘိုလှတင့်၊ ဦးထွန်းဦးတို့ဖြစ်ကြသည်။ ၂၅-၄-၁၉၉၁ နေ့တွင် အစိုးရကို ပြင််ဆင်တိုးချဲ့ဖွဲ့စည်းရာ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းနှင့် ဝန်ကြီးမ... Read more
Indonesian Model အင်ဒိုနီးရှား ဒွိစုံနမူနာ April 22, 2021 မြန်မာပြည်မှာ နဝတ/နအဖ လက်ထက်က စည်းကမ်းပြည့်ဝသောဒီမိုကရေစီနဲ့ လွှတ်တော်မှာ ၂၅% ဆိုတဲ့ အသံတွေ စထွက်တော့ မြန်မာပြည်ကို အင်ဒိုနီးရှားနမူနာနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။ အင်ဒိုနီးရှားဖြစ်စဉ်နဲ့ ဆင်တူတာတွေ အတော်များများ မြန်မာပြည်မှာလဲရှိပါတယ်။ ဗိုလ်ချုပ်နေဝင်းက (၁၉၆၂-၁၉၈၈) ၂၆ နှစ်တာ အုပ်စိုးကြိုးကိုင်ခဲ့သလို ဆူဟာတို က အင်ဒိုနီးရှားကို နှစ်ပေါင်း (၁၉၆၇-၁၉၈၈) ၂၁ နှစ် အုပ်စိုးခဲ့တယ်။ အဲဒီအာဏာရှင်ကြီးတွေ နန်းကျနှစ်ကလဲ ၁၉၈၈ အတူတူဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ New Order အစီအစဉ်သစ်ဆိုပြီးလုပ်ခဲ့တယ်။ ဒိနောက်မှာ Reformation Era ပြုပြင်ပြောင်းလဲရေး ကာလဆိုတာ ဖြစ်လာတယ်။ ဒီမိုကရေရေးလှုပ်ရှားမှုရှိလာတယ်။ စီးပွါးရေးပျက်ကပ်ကြီး ခံရတယ်။ ဆူဟာတို ပြုတ်ကျတယ်။ ဘာသာရေးအခြေခံအကြမ်းဖက်မှုနဲ့ အရှေ့တီမောခွဲထွက်မှု ဖြစ်ခဲ့တယ်။ နောက် ဆူဟာတိုကနေ စစ်တပ်အင်အားသုံးပြီး ဆူကာနို ကို ၁၉၆၅ မှာ ဖယ်ရှားလိုက်ပါတယ်။ အဲသည်ကတည်းက လွှတ်တော်ထဲမှာ စစ်ဗိုလ်တွေက နေရာ ၅ဝဝ ထဲမှာ ၁ဝဝ (၂ဝ%) ကို ယူထားပါတယ်။ ဆူဟာတိုကာလအတွင်းမှာ Dual function တာဝန်နှစ်ရပ် ထမ်းဆောင်ရမယ်လို့ ပြဋ္ဌာန်းခဲ့တယ်။ အင်ဒိုနီးရှားလို Dwifungsi ဒွေးဖန်ဆီ လို့ခေါ်တယ်။ တိုင်း... Read more
Cypon syrup ဆိုက်ပွန်ဆေးရည် April 18, 2021 အသက် ၅နှစ် မိန်းကလေး ပုံတွင်ပြထားသော အားဆေး(ဆေးဆိုင်အပြော)အား မနက် အစာမစားမှီ 5ml တိုက်ပြီးနောက် ခေါင်းမူးသည်ဆို၍ ခဏခဏအိပ်ပါသည်။ သိလိုသည်မှာ ၄င်းဆေးအား ဆက်လက် တိုက်ကျွေးရန် သင့်မသင့် တိုက်ကျွေးရန်သင့်ပါက မည်သည့်အချိန် မည်သည့်နူန်း ဖြင့့်တ်ိုက်ကျွေးရမည်နည်း ယင်းဆေးသည် မည်သို့ကောင်းကျိုးပေးသနည်း ကလေးငယ်တွေကို အစာကျွေးမရလို့မေးတာတွေ မနည်းပါ။ ကိုယ့်ကလေးအတွက် စိတ်ပူလို့ စိတ်ပျက်အားငယ်ပြီး မေးခွန်းကို ခပ်ရှည်ရှည်မေးတတ်ကြတာလဲ သတိထားမိပါတယ်။ ကလေးလို အစာစာချင်စိတ် နည်းနေရင် ထပ်ဖြည့်တိုက်ကြတာက Cypon ဆေးရည်ဖြစ်တယ်။ အမှန်ကတော့ အဲဒီရည်ရွယ်ချက်အတွက် ထုတ်တဲ့ဆေးတော့ မဟုတ်ပါ။ လက်တွေ့သုံးတော့ ထိရောက်မှုရှိတယ်။ ဝချင်၊ စားချင်လာအောင် လူကြီးတွေလဲ သုံးကြပါတယ်။ ကလေး၊ လူကြီး ရက်တိုအတွက်သာဖြစ်တယ်။ Cyproheptadine HCl ကို (Cypon) (Periactin) (Peritol) စတဲ့ နာမည်တွေနဲ့ ရောင်းတယ်။ ဆေးပြား၊ ဆေးရည်၊ အစက်ချဆေးအနေနဲ့ လာတယ်။ ကလေးတွေ အစာစားချင်အောင် 4-8 mg ဒါမှမဟုတ် 10-20 drops တနေ့ ၃ ကြိမ် ပေးတယ်။ Cyproheptadine ဆေးဟာ Antihistamine ခေါ်တဲ့ အင်တီ-ဟစ်စတမင်း ပဌမမျိုးဆက် ဆေးအုပ်စုဝင် ဖြစ်တယ်။ အလာဂျီရတာကိုကုသနိုင်တယ်။ ဒါ့အပ... Read more
Comments
Post a Comment