တစ် အသုံးမှန်များ




ဆရာ မသိတာရှိလို့ပါရှင့် "တစ်" နှင့် "တ" အသုံးအနှုန်းပါ သမီး သိထားတာက တစ်ခု နှစ်ခု စသဖြင့် ရေတွက်လို့ရရင် "တစ်" လို့သုံးတာပါ "တစုံတရာ" မျိုးဆိုရင် "တ" လို့သုံးာတာမျိုးပါ။ တစ်နိုင်ငံ နှစ်နိုင်ငံက ရေတွက်လို့ရတာမျိုးမဟုတ်ဘူးလားဆရာ  တနိုင်ငံ လို့ရေးတာ ဘာလို့အမှန်ဖြစ်တာလဲဆိုတာ သိချင်တာပါ ဆရာ တစ်ကို ဘယ်နေရာတွေမှာ အဓိကသုံးနှုန်းပါလဲဆရာ


အခါ တရာလောက်တော့ တင်ပြထားတယ်။


တစ် အသုံးမှန်များ

ဆင်ပြောင်ကြီး အမြီးမှတစ်၊

တစ်၊ နှစ်၊ သုံး၊

တစ်ငှက်၊

တစ်ဆို့၊

တစ်တစ်ခွခွ၊

တစ်တစ်ရစ်ရစ်၊

တစ်တရားခံ၊

တစ်တီတူး၊ (တီတီတူးငှက် ယခင်သတ်ပုံစာအုပ်)၊

တစ်ရှူး (ဆဲလ် အစုအဝေး)၊

တစ်ရှူး (သန့်ရှင်းရေးသုံး စက္ကူ)၊

တစ်လစ်၊

တစ်နှစ် စာကိုချစ်

တစ္ဆေမှင်စာ၊

ပြူတစ်၊

ရင်ထဲမှာတော့ တစ်ဆို့ဆို့၊

သားငါး တုံးတစ်သည်၊

သားတစ် ငါးတစ်၊

အဆင့်တစ်ရသည်။


မြန်မာစာမှာ ဖေါ်မြူလာရှိသလား။ ရေတွက်လို့ရလျှင် တစ်၊ ၁၀၀% အထိ မမှန်ပါ။ မ နောက်က ဘဲ လိုက်။ ၁၀၀% အထိ မမှန်ပါ။ နောက်ထုတ်သတ်ပုံစာအုပ်များ ၁၀၀% အထိ မမှန်ပါ။ အထောက်အထားပုံ တထောင် (တစ်ထောင် မဟုတ်) လောက် တင်ပြထားပါတယ်။


မြန်မာစာကို တန်ဖိုးထားတဲ့ခေတ်က ထုတ်တဲ့ ပိုက်ဆံပေါ် မှာ တကျပ်၊ တဆယ်၊ တရာ၊ တပြားလို့ရေးပါတယ်။


သူတလူ ငါတမင်း

https://dr-tint-swe.blogspot.com/2020/12/blog-post_581.html

ငါးပျံတလှည့် ဗုံလုံတလှည့်

https://dr-tint-swe.blogspot.com/2021/01/blog-post_199.html

ပုလဲတလုံး ရွဲတလုံး

https://dr-tint-swe.blogspot.com/2021/01/blog-post_780.html


အခုလို တတိုင်းတပြည်လုံး (တစ်တိုင်းတစ်ပြည်လုံး မဟုတ်) အတိဒုက္ခရောက်နေချိန်မှာ နိုင်ငံရေးစာ မဟုတ်တာ မရေးအပ်ကြောင်း သိပေမဲ့ ရေးရတဲ့အတွက် တောင်းပန်အပ်ပါတယ်။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း

NCGUB ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက်