အကုန်မီးမြှိုက်ချင်တယ်

ကျွန်တော်က နိုင်ငံရေးစာတွေ ရေးရာနေ ဆေးပညာစာတွေ ရေးပါတယ်။ နှစ်တွေ ကြာပြီ။

 

မြန်မာစာသတ်ပုံကိုပါ မနေနိုင်လို့ရေးနေတာလည်း ဆယ်စုနှစ်တဝက်လောက်ရှိပြီ။

 

ဝေါဟာရကို နိိုုင်ငံရေးလုပ်တာကို မကျေနပ်ကြောင်းလည်း ပါတယ်။

 

ဖေဖေါ်ဝါရီ (၁) ရက်ကစပြီး တခုတည်းသောအကြောင်းအရာကိုသာ ရေးပါတော့တယ်။

 

ဧပြီလ (၁) ရက်နေ့က စာအုပ်တချို့ကို မီးရှို့ကြတယ်။ ဖွဲစည်းပုံစာအုပ်တခုတည်းသာမကပါ။ တချို့ စာရေးသူတွေ ရေးတဲ့စာအုပ်လည်း ရသလောက် မီးရှို့ကြသတဲ့။ လောင်ပါစေသတည်း။

 

ကျွန်တော် မီးရှို့ချင်တဲ့စာအုပ်စာရင်းက များတယ်။ အဘိဓါန်တွေရော စာလုံးပေါင်းသတ်ပုံကျမ်းတွေရော။ သတ်ပုံပြင် ပြန်ထုတ် စာအုပ်တွေပါ။ ဆရာတင်မိုးရဲ့ လက်လေးသစ်လောက်ထူတဲ့ ကဗျာပေါင်းချုပ်လည်း ပါမယ်။ ကန်တော့။ တထောင့်တည၊ တသက်တာမှတ်တမ်း။ ပေါ်လစီသတ်ပုံနဲ့ရေးတာတွေ အကုန် မီးမြှိုက်ချင်တယ်။ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် အကုန်။ ဆောရီး။

 

ဖြစ်နိုင်ရင် အွန်လိုင်းဒေါင်းလုဒ်တွေကိုပါ မီးသင်္ဂြုံလ်ချင်တာ။

 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

Pruritus scroti ယောက်ျားကပ်ပယ်အိတ်ယားခြင်း

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း