တချုပ်တခြာ ကြီးအာဏာဖြင့်

ဒီသတင်းက သေချာသလား၊ အဲဒါသေချာပြီလား စသဖြင့် တင်ကြတာမှာ ချာကိုသတ်ပုံမှားရေးသူတွေမနည်းပါ။


ချာ

ရူးချာချာ

ကွန်ချာ

ကွန်ချာဖူး

ကပေါက်တိ ကပေါက်ချာ

ချက်ချာ

ချာ = ညံ့ဖျင်း

ချာကနဲ လည်သွားသည်

ချာချာလည်သည်

ချာတာတာ

ချာတိတ်

ချာတူးလံ

ချာပရာစီ

ချာရစ်

ချာလပတ်လည်

ချူချာ

ဂဏန်းသင်္ချာ

စုတ်ချာ

တပ်အပ်သေချာ

ထိပ်ချာ

ပတ်ချာလည်

ဖက်သချာနာ

ဖျင်းချာ

ဗရချာ

လုံးချာလိုက်

သည်းချာ

သွက်ချာပါဒရောဂါ

သွက်ချာလည်

သားသည်းချာ

သဝေချာလည်

အချက်အချာ

အရင်းအချာ

အူချာပေါက်

အပြောအဆိုချာသည်

စေ့စပ်သေချာ

ဆွေမျိုးရင်းချာ

ဆွေမျိုးရင်းချာ

ဒေါင်ချာစိုင်း

ဒေါင်ချာလည်

ဗွေချာ မာချာ

ယောင်ချာချာ

ယောင်တိယောင်ချာ

သေချာ

သေချာဂန

နုံချာ


ခြာ

ချက်ချက်ခြာခြာ

တရက်ခြာ နှစ်ရက်ခြာ

မွဲခြာသည်

ရက်ခြာဖျား

အချုပ်အခြာ = အလုံးစုံကို အုပ်ခြုံမိသည်

အချုပ်အခြာ

ဒေါက်ခြာ


ထို့နောက်မှာမူ၊ ဆင်းဝါ ထူးခြား၊ ဟန်ကိုးကားနှင့်၊ ယောက်ျား ပီပြင်၊ နတ်လုလင်သို့၊ နတ်ရှင် ရွှေလှံ၊ ကိုယ်ရံ တပ်ရဲး၊ ယာဝဲး နောက်ဖြည့်၊ ရွှေပြည့် မှန်ကင်း၊ လင်းဇင်း နန်းဦး၊ တထူး ထိုမှ၊ တရာ့ငါးဆယ်၊ ဓဝယ် မာရဘင်၊ တွင်းပြင် ရှက်ထွေး၊ ကြဲးသေး မိန်ညို၊ မျဉ်း ရှည်တိုနှင့်၊ ဆင်ကို မဆုတ်၊ စွယ်ကိုနုတ်သား၊ မယုတ် စွမ်းသန်၊ ကြီး အားအန်ဖြင့်၊ လျင်မြန် သတ္တိ၊ ပျံအံ့ဘိသို့၊ သိရီ့ပျံချီ၊ ပျံချီသေန၊ သေနရာဇာ၊ ယောဓာ ရန်ခွင်း၊ အင်းယဉ်း သူရိန်၊ ဗျညားအိန်နှင့်၊ သမိန် စောဖြတ်၊ မဏိရွတ်က၊ အောက်ဗျ ဩယား၊ စသော့အားဖြင့်၊ မျိုးခြား နွယ်ထူး၊ တပ်မှူး စစ်ကဲး၊ ခပဲးထိုထို၊ မတ်ရဲးဗိုလ်တို့၊ မောက်တို ရွှေကုံး၊ ရေမဆုံးအောင်၊ ရောင်ပြုံး လျှပ်စစ်၊သေနစ်အိမ့်ဓား၊ လေး မြားတောင့်ကျည်၊ လှံရှည်အဲးမောင်း၊ ချွန်းတောင်း ဝရဇိန်၊ လက်ချိန်စွဲးကာ၊ ရဲးရုပ်ဝါဖြင့်၊ အင်္ဂါ လေးပါး၊ ရထားဆင်မြင်း၊ သေနတ်သင်းနှင့်၊ လေးသင်း လက်စွဲး၊ စုကွဲး မှုထမ်း၊ များဖြင်ပြွမ်းကို၊ ခမ်းနား စုံလင်၊ တန်းဆာဆင်လျက်၊ စစ်ဘုရင် မတ်၊ ရာထူး မြတ်သား၊ သေနတ်ဝန်ကြီး၊ ဗိုလ်မျာ့း ထီးလျှင်၊ ဦးစီး ပိုက်ထုပ်၊ တပ်မှူး လုပ်၍၊ တအုပ်တအာ၊ နတ်သေနာကို၊ မဟာဝေဿဝဏ်၊ နေချွန် ထက်မြက်၊ လှင်ကန်စက်နှင့်၊ စွဲးလျက် ကိုင်ဆုပ၊ စောင့်ထိန်းအုပ်သို့၊ တချုပ်တခြာ၊ ကြီးအာဏာဖြင့်၊ သေချာ စည်းကြပ်၊ အုပ်ကွဲး ကွပ်ပြီး၊ နောက်တပ် မဝေး၊ ရှေ့တော်ပြေးဟု၊ မှတ်ရှေး လူ့ဘုံ၊ စည်တော်စုံကို၊ ဆောင်တုံ ဝဲးယာ၊ ရှေ့တော်သာက၊ ရတနာပြာသာဒ်၊ ယာဉ်မြတ် ထမ်းစင်၊ နေ့သွင် ညီးညီး၊ ရှုမငြီးမျှ၊ ယာဉ် ထီးဖြူကြား၊ မျက်စုံကျားသား၊ ယပ်မား ရောင်မြိုက်၊ ယာဝဲး လိုက်လျက်၊ နောက်နှိုက်၎င်း၊ ပုံမောင်းနရည်း၊ ခြည်ခြည်း တီးဆော်၊ ရှေ့တော် မကွာ၊ ဝဲးနှင့် ယာဝယ်၊ မဟာသတ္တ ရုဇေယျ၊ စသည် အံ့လောက်၊ အမြောက်တော်ကြီး၊ ထိန်ထိန်ညီးနှင့်၊ ထံနီး မလွန်၊ မတ်တွင်းဝန်တို့၊ ဆော်ဘန် အမြဲး၊ စဉ် မကွဲးဖြင့်၊ ဖြိုးကဲး နုဘော်၊ တုမမြော်သည်။ ။ ဘုန်းတော် နေသို့ တည့်မွန်းတည်။ (မန်လည်ဆရာတော်ကြီး၏ မဃဒေဝ လင်္ကာသစ် ၃၉)


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း

NCGUB ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက်