မြားဦးလှည့်သည်

အဓိပ္ပါယ်က တဖက်သို့ပြောင်းသည်။ တစုံတရာကို ညွှန်ပြ ဖော်ညွှန်းလိုသောအခါ မြားသဏ္ဌာန်ပုံဖြင့် မြားဦးကို ပြလိုရာဘက်သို့ လှည့်ညွှန် ပြထားတတ်ကြလေသည်။ အရပ်မျက်နှာပြသော အိမ်မျှောင်စသော အရာဝတ္ထုများ၌လည်း လှုပ်ရှားနိုင်သော အညွှန်းပြ မြားတံကို တပ်ဆင်ထားကြလေသည်။ ဤသည်ကိုစွဲ၍ တစုံတရာစွပ်စွဲချက် ရည်မှန်းချက် စသည်တို့ တဦးအပေါ်မှ တဦးအပေါ်သို့ ပြောင်းလဲရွေ့လည်သောအခါတွင် မြားဦးလှည့်သည်ဟူ၍ တင်စားဆိုကြလေသည်။


မှတ်ချက်

မြားကို သတ်ပုံမှားကြတယ်။ သဏ္ဌာန်ကိုလည်း မှားကြတယ်။ 


တစုံတရာကို၊ တဦးအပေါ်မှ တဦးအပေါ်သို့၊ တပွင့်တည်း၊ လူတဦးတယောက်သည်၊ သူတဦးတယောက်အပေါ်တွင်၊ သတ်ပုံတွေကို မှတ်သားစေလိုပါတယ်။ 

တကို မလိုအပ်ဘဲ တစ်အလုပ်ခိုင်းပြီး သင်ပေးနေတာဟာ ပလီတာသာဖြစ်တယ်။ တမင်တကာ အပြင်ခိုင်းထားလို့ ဖြစ်တယ်။ တစ်မင်တစ်ကာလို့ ရေးသူကရေးမလားမပြောတတ်။


ကျွန်တော်ပြနေတဲ့ မြားဦးကို မြင်ကြစေချင်ပါတယ်။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း

Indonesian Model အင်ဒိုနီးရှား ဒွိစုံနမူနာ

Pruritus scroti ယောက်ျားကပ်ပယ်အိတ်ယားခြင်း