လူချွန်လူကောင်း
CDM လုပ်ငန်းကိုကိုယ်စီမဝင် စက်ရုံကြီးငယ်အရပ်ရပ်တွင် ပါဝင်တယောက်ဆိုတအားပင်
လူချွန်လူကောင်း
ရေး
မြို့မငြိမ်း
ရှုမဆုံးတော့သည်
စိမ်းလဲ့လဲ့နှစ်စဉ်
လယ်ကွင်းတွေက
တမျှော်တခေါ်စိုပြေလွင်
ရိတ်သိမ်းချိန်ဆိုပြန်လျှင်
ဝင်းမှည့်ရွှေစင်အိလို့ပင်
စပါးအနှံတွေနဲ့
အသီးတွေသန်မြန်အောင်မြင်
မနက်ခင်းစိတ်ရွှင်
လန်းကြစေဆွဲငင်
ဥသြသံတွဲ့
နာပျော်ဖွယ်ကြည်ကြည်လင်
လုပ်ငန်းကိုကိုယ်စီဝင်
စက်ရုံကြီးငယ်အရပ်ရပ်တွင်
ကြည်းရေတခွင်က
အရောင်းဝယ်စုန်ဆန်သာစည်ပင်
လူချွန်လူကောင်းများတို့
ပေါင်းစုအားတွင်
မြို့မမိတ်ဆွေတွေကို
ကြည်ညိုစွာမြင်လိုက်ချင်
မြန်မာ့သားကောင်းများကို
အဆိုအတီးမှုနဲ့ပင်
ရိုသေခင်မင်အားတက်အလေးပြုလျက်ပဲအစဉ်
ကစားခုန်လွှားစွမ်းအားဘက်တွင်
စံချိန်ရင်ပေါင်
တန်းလိုက်လို့ယှဉ်
ခေတ်မီမီ
ကမ္ဘာကြည့်ကြည့်မြင်
သန်မြန်ယောင်္ကျားဘသားလျှင်
လျှပ်စစ်အားအသုံးများတဲ့အပြင်
တွင်တွင်ကျယ်ကျယ်
ထက်အောက်မြေတခွင်
သစ်ပင်တွေမြေတွင်းဓါတ်တွေ
ဖော်ယူနိုင်စွမ်းတတ်ကျွမ်းကျင်
ကမ္ဘာမြေပထဝီဝင်
ကမ္ဘာ့သမိုင်းရာဇဝင်
သုံးသပ်လေ့လာသင်
အကြံဉာဏ်ဝေဖန်မြှော်လို့မြင်
ငါတို့ပြည်ထောင်စုတွင်
ကမ္ဘာ့ရေကြောင်းသင်္ဘောမောင်းနှင်
မြေပြင်လေပြင်
နှံ့စပ်စုံလင်
တို့လူချွန်လူကောင်းအစုတွင်
ပါဝင်တယောက်ဆိုတအားပင်
ဆရာဝန်
ပညာတွေကိုသင်
ခေတ်ရောရှေးမီ
သမားကျော်များပင်
လူထုကိုကိုယ်နဲ့ထပ်တူ
ချစ်ခင်ရင်ဝယ်သား
ညွှန်ကြား
ညွှန်ကြား
သန်ထွားကျန်းမာကြံ့ခိုင်အားအင်
ဆရာဝန်
ပညာတွေကိုသင်
ခေတ်ရောရှေးမီ
သမားကျော်များပင်
လူထုကိုကိုယ်နဲ့ထပ်တူ
ချစ်ခင်ရင်ဝယ်သား
ညွှန်ကြား
ညွှန်ကြား
သန်ထွားကျန်းမာကြံ့ခိုင်အားအင်
ကလေးလေးတွေပညာရရှိဖို့တော့
ဘမိပုံသွင်
အာစရိတွေပင်
ကလေးလေးတွေပညာရရှိဖို့တော့
ဘမိပုံသွင်
အာစရိတွေပင်
လူချွန်လူကောင်းလေးတွေဖြစ်အောင်
မြေတောင်မြှောက်ကာ
မြှင့်တင်
ကမ္ဘာ့ရေကြောင်းသင်္ဘောမောင်းနှင်
မြေပြင်လေပြင်
နှံ့စပ်စုံလင်
တို့လူချွန်လူကောင်းအစုတွင်
ပါဝင်တယောက်ဆိုတအားပင်
https://www.youtube.com/watch?v=6MyOH2GmwiI
ဒေါက်တာတင့်ဆွေ
Comments
Post a Comment