ရလဒ်လို့ရေးရတယ်

သတင်းတခု - မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အာဆီယံအစည်းအဝေးက ထွက်ပေါ်လာမည့် ရလာဒ် (ရလဒ်လို့ရေးရတယ်) ကို လုံခြုံရေးကောင်စီက စောင့်မျှော်နေ


ဆုလဒ်က စားလုံးပေါင်းမှန်ပါသလားဆရာ။ အမျိုးသမီးတယောက်က ဆုလာဒ် လို့ပြောလို့ပါ။ ဆုလာဘ် ဆုလဒ် ရလဒ်


လဒ်

ရလဒ်ဂဏန်း

ရွေးကောက်ပွဲရလဒ်

ဘောလုံးပွဲရလဒ်

ကြိုးစားမှုရလဒ်

ရလဒ်ကိုကြည့်တဲ့ခေတ်


လာဘ်

စုက်လာဘ် (လာဘ)

လာဘ်တိတ်

လာဘ်တိုက်သည်

လာဘ်လာဘ

လာဘ်သပ်ပကာ (လပ်သပ်ပကာ)

လာဘ်ပေးလာဘ်ယူ


လတ်

ကင်းလတ်ရွာ

ကျိုက်လတ်မြို့

ဆလတ်ရွက်

ညိုပြာဝင်းလတ်

ဖျပ်ဖျပ်လတ်လတ်

မီးပလတ် (မီးပလပ်)

ဖြစ်လတ္တံ ့

လတ္တီတွဒ်

လတ်တလော

လတ်လတ်ဆတ်ဆတ်

လတ်လတ်လောလော

လတ်လျားလတ်လျားမနေသင့်

လတ်ကော့လတ်ကော့

လမ်းခုလတ်

လာလတ်သောအခါ

အကြီး၊ အလတ်၊ အငယ်

အရှင်လတ်လတ်

အသားလတ်သူ

မြေလတ်ဒေသ


လပ်

ကွက်လပ်

ကွမ်းကလပ်

စားရလပ် (စားရလဒ်)

ဆုလပ်

တခုလပ်

ထန်းပလပ်ပြား

ကြာကလပ်

ရိက္ခာပြတ်လပ်

လစ်လပ်သည်

လွတ်လပ်ရေး

အကြားအလပ်

အမှုပလပ်


လာပ်

ကမ္မဇကလာပ်

ရုပ်ကလာပ်


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း

NCGUB ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက်