မင်္ဂလာပါဆရာ ဗွေရဲ့ အဓိပ္ပါယ်ကို သိချင်ပါတယ်။ ဥပမာ ဗွေမယူပါနဲ့။ 


• ဗွေမယူ

သည်းခံနေသည်။  


• ဗွေယူ

သည်းမခံဘဲ အပြစ်ယူသည်။  


• ဗွေချာလည်

ပတ်ချာလည်သည်။ စိတ်က ဗွေချာလည်နေသည်။


• ဗွေစာထောင်

ကောက်လှိုင်းများကို ဗွေစာထောင်ထားသည်။


• ဗွေဆိုင်ထိုး

ကောက်လှိုင်းများကို ဖြန့်ပြီး ပတ်ချာလှည့်၍ ခေါင်းချင်းဆိုင်စီထားသည်။


• ဗွေစာဖွပ်

စပါးနယ်၊ ကောက်လှိုင်းများကို စီထောင်ပြီး ကျွဲနွားနဲ့ နင်းနယ်ကာ စပါးသီးကြွအောင်ပြုသည်။


• ဗွေလှည့် = ဗွေပုံလှည့် 

ခရုပတ်ရစ်ခွေစီထားသည်။ ဗဟိုချက်ကိုအခြေပြု၍လှည့်ပတ်စီထားသည်။ ကောက်လှိုင်းများကို ဗွေပုံလှည့်၍ စီထားသည်။


• ဗွေဆော်

ဗွေဆော်ဦး။ ထိပ်ဆုံး။ အရင်ဆုံး။ ဦးဦးဖျားဖျား။ ပထမဦးစွာ။ 


• ဗွေဖောက်

ဖောက်ပြန်သည်။ 


• ဗွေလု

ပထမအလှည့် ရွေးသည်။


ခြေထာက်ဗွေပါတဲ့သူလို့ တင်စားပြောဆိုတာလည်းရှိတယ်။ ခရီးတွေသွားရဖန်များသူကို ပြောလေ့ရှိတယ်။ ဗွေပါတဲ့နေရာဆိုတာ ထူးခြားတယ်လို့ မှတ်ယူလို့ဖြစ်ပါတယ်။ ဗွေနှစ်လုံး စုန်းမယောက်ျားဆိုတာကတော့ အပြောင်အပျက်ပြောတာသာဖြစ်တယ်။ 


မြာတပွေကို ဗွေသံထွက်တယ်။ တပွေတည်းလိမ့်တယ်ကိုလည်း ဗွေသံထွက်တယ်။ ရေးတော့ ပွေလို့သာရေးရတယ်။ အဲတာမျိုးကသာ ရေးတော့အမှန်၊ ဖတ်တော့အသံထုံးနဲ့ ကိုက်ညီတယ်။ တစ်ခါတစ်ရံကို တခါတရံအသံထွက်ခိုင်းတာ မှားတယ်။ 


ဒေါက်တာတင့်ဆွေ

၁၉-၄-၂ဝ၁၈

၁၉-၄-၂၀၂၁

Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

Pruritus scroti ယောက်ျားကပ်ပယ်အိတ်ယားခြင်း

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း