ထန်းလက်တဲနဲ့နေခဲ့တဲ့ ဆရာဝန်

ထန်းရွက်ရောင်းရန်ရှိပါသည်။ ညောင်ကန်က အမျိုးတယောက် တင်ထားတယ်။ အမျိုးဖြစ်လို့ ပြောဦးမယ်။ ထန်းလက်တွေကို အပင်ကချိုင်ပြီးရင် အောက်မှာ တခုချင်းစီထပ်ပြီး အခြောက်ခံထားရတယ်။ အပေါ်က တုံးကြီးကြီးနဲ့ ဖိထား။ အဲတာမှ အိမ်မိုးတဲ့အခါ ပိုအဆင်ပြေတယ်။


မြို့သာမှာ အိမ်ဘေး ဇောင်းချပြီးနေခဲ့ရတာ ၆ နွေကြာခဲ့လို့ သိတယ်။ ထန်းလက်မိုးကို နှစ်စဉ်လဲပေးတော့ အောက်မှာ အေးတယ်။ အနံ့လေးက မွှေးသေး။


ကျွန်တော်က ပါးစပ်နဲ့တော့ အကုန်လုပ်တတ်တယ်။ ထမင်းဟင်းလည်း ပါးစပ်နဲ့ ချက်တတ်သေးတာ။


နွေဦးတော်လှန်ရေးလည်း ပါးစပ်နဲ့တိုက်နေတာ။


ဒေါက်တာတင့်ဆွေ

၂၂-၄-၂၀၂၀

၂၂-၄-၂၀၂၁


Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း

NCGUB ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက်