နူတ် နုတ် နုပ် နှပ်

၁။ လူတိုင်း သိတာ မှန်ပေမဲ့၊ နုတ်တာက အမှန်လား၊ နှုတ်တာက အမှန်လားဆရာ။


၂။ ဆရာရှင့် နှုတ် နုတ် ဘယ်လိုကွာသလဲရှင့်


၃။ နူတ် နဲ့ နုတ် ဘာကွားလည်း ဆရာရှင့်။


နုတ်

ဆွဲနုတ်သည်

ထုတ်နုတ်သည်

မြက်နုတ်သည်

ရာထူးမှနုတ်သည်

အပေါင်း အနုတ်

အနုတ္တရ

ရွေးနုတ်သည်

သောဏုတ္ထိုမုဆိုး = စကားကိုအလွန်နားထောင်ကောင်းသာသူ

နုတ်ကိန်း

နုတ်ပယ်သည်

နုတ်ယူသည်

နုတ်သိမ်းပါ


နုပ်

ကနုပ်ပန်း

ဆန်ကွဲ ဆန်နုပ်

ပိုက်ဆံအနုပ်

အကျွန်ုပ်

အစုတ်အနုပ်

သေးသေးနုပ်နုပ်

နုပ်နုပ်စဉ်း

နုပ်နုပ်ဖွဲဖွဲ


နှုတ်

နှုတ် = ခံတွင်း

နှုတ်ကပါဌ်တော်

နှုတ်ကျွံက နုတ်မရ

နှုတ်ကျိုးနေသည်

နှုတ်ကျူးလက်လွန်

နှုတ်ခမ်းစူ

နှုတ်ခွန်းဆက်သပါ

နှုတ်ချို လျှိုတပါး

နှုတ်ငုံရှိသည် (သားသန္ဓေရှိသည်)

နှုတ်ငုံဆောင်သည် (ပြန်လည်ရွတ်ဆိုပြနိုင်အောင်လုပ်သည်)

နှုတ်ဆက်သည်

နှုတ်တုံ့ပြန်မပြောရ

နှုတ်တတ်ဆောင်သည် (အာဂုံဆောင်သည်)

နှုတ်တုံ့လှန်သည်

နှုတ်ပဒမြား (နှုတ်ပတ္တမြား)

နှုတ်ပူလက်ကြမ်းသူ မဖြစ်သင့်

နှုတ်ကြမ်းသူ

နှုတ်ပြန်ပြောသည်

နှုတ်လွတ်ရသည်

နှုတ်လွန်လက်လွန်

နှုတ်လှံထိုး

နှုတ်သီးကောင်း လျှာပါး

နှုတ်ကောင်းခွန်းမြိန်

နှုတ်ကောင်းလျှင် ပြည်စိုး


နုပ်

ကနုပ်ပန်း

ဆန်ကွဲ ဆန်နုပ်

ပိုက်ဆံအနုပ်

အကျွန်ုပ်

အစုတ်အနုပ်

သေးသေးနုပ်နုပ်

နုပ်နုပ်စဉ်း

နုပ်နုပ်ဖွဲဖွဲ


နှပ်

နှပ်ညှစ်သည်

နှပ်ရည်

ထမင်းအိုးနှပ်သည်

ဆေးနှပ်ထားသည်

လက်ဖက်ရည်နှပ်ထားသည်

ဝက်သားနှပ်


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း

NCGUB ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက်