Cervical length ကိုယ်ဝန်ဆောင်နဲ့ သားအိမ်လည်ပင်းအရှည်

(ကန်တော့)

 

၁။ အသက် ၃၇ နှစ် အိမ်ထောင်ရှိပါတယ်။ သားအိမ်ခေါင်းတိုသူအတွက် သားအိမ်ခေါင်းကို ကိုယ်ဝန် ၁၄ပတ် မတိုင်ခင် ချုပ်ပြီးရင်လဲ utrogesten 100 Mg ပရိုဂျက်စတီရုန်း ဆေးကို ကိုယ်ဝန် ၃၇ ပတ်အထိ (ကန်တော့) vaginal သို့ထည့်ပေးရမှာပါလား။ အဲ့ဆေးကို ၁၅ ပတ်အထိပဲသုံးတဲ့သူတွေ ထပ်ပြီး ကိုယ်ဝန်ပျက်ကြတာ ကြားနေရလို့ပါ။ ကျေးဇူးတင်ပါတယ် ဒေါက်တာ။

 

၂။ ဆရာ ကျွန်မအသက် ၃ဝပါ။ အိမ်ထောင်ကျတာ ၅နှစ်ပြည့်ပြီးပါပြီ။ အိမ်ထောင်ကျပြီး ၂နှစ်နီးပါးလောက် Marvelon 28 သောက်ခဲ့ပါတယ်။ ဆေးဖြတ်ပြီး ၆လနေတော့ ကိုယ်ဝန်ရပါတယ်။ ၅လထဲရောက်တော့ Complete abortion ဖြစ်ပါတယ်။ OG က TVS ရိုက်ကြည့်တော့ cervical length တိုတယ် နောက်ကိုယ်ဝန်ကျရင် သားအိမ်ချုပ်ရမယ် ပြောပါတယ်ဆရာ။ ဒုတိယကိုယ်ဝန်က ၂လထဲမှာ ပျက်သွားပါတယ်။ Complete ဆရာ။ တတိယကိုယ်ဝန် ၁ရပတ်မှာ သားအိမ်ချုပ်ပေးပါတယ်ဆရာ။ ဒါပေမယ့် ချုပ်ပြီး ၃ပတ်ကျော်မှာ သွေးဆင်း ခါးနာပြီး ပျက်ကျသွားပါတယ်ဆရာ။ Complete miscarriage ပါဘဲ။ ချုပ်ကြိုးကလည်း အချင်းချပြီးမှဘဲ ဖြတ်ပေးလိုက်ပါတယ်ဆရာ။ ကျွန်မ သားအိမ်က ချုပ်တာတောင် ပျက်ကျတယ်ဆိုတော့ နောက် ကိုယ်ဝန်ရလာရင်ရော  ပျက်မှာဘဲလား ဆရာ။ ကိုယ်ဝန်မရတော့အောင် တစ်သက်လုံး တားထားရတော့မှာလား ဆရာ။ ကိုယ်ဝန် ပျက်ကျတိုင်း အရမ်းခံစားရလို့ပါဆရာ။ ကျေးဇူးပြုပြီး ဖြေပေးပါနော် ဆရာ။

 

၃။ သမီးရဲ့အသက်က ၃ဝ ပါ။ January 2013 တုန်းက ကလေး 21 weeks နဲ့ စောမွေးပြီး ကလေးလည်း ဆုံးသွားပါတယ်။ သမီးကိုယ်ဝန် 10 weeks ကစပြီး bleeding ဖြစ်နေတာ။ အိမ်မှာပဲ ရေအိတ်ပေါက်ပြီး ဆေးရုံရောက်တော့ ရိုးရိုးပဲမွေးပြီး ကလေးဆုံးသွားပါတယ်။ bleeding ဖြစ်ကတည်းက progestrone ထိုးလည်းထိုးတယ်၊ သောက်လည်းသောက်တယ််။ 20 Weeks မှာ bleeding ရပ်သွားတော့ Progesterone ရပ်ပြီး အားဆေးပဲဆက်သောက်ခိုင်းတယ်။ သမီး အခု ကလေး ပြန်ယူဖို့ စီစဉ်နေပါတယ်ဆရာ။ လိုအပ်တဲ့ blood test နဲ့ ultrasound တွေတော့ လုပ်ထားပါတယ်။ အားလုံး normal လို့ေ ပြာတယ်ဆရာ။ ကလေးပြန်ယူလို့ရပြီပြောပါတယ်။ သမီးရဲ့ Cervical length က ကိုယ်ဝန် 15 weeks မှာ တိုင်းထားတာတော့ 2.6 to 2.7cm ရှိပါတယ်။ Normal က ဘယ်လောက်လဲဆရာ။ cervical length က ကိုယ်ဝန် weeks ပေါ်မှာ မူတည်ပြီအပြောင်းအလဲရှိလား။ ကလေးစောမွေးတာ Cervical length ကြောင့်လားဆရာ။ retrovert and antrovert ဆိုတဲ့အကြောင်းလေး အသေးစိတ်သိပါရစေဆရာ။ retrovert နဲ့ antrovert ပေါ်မူတည်ပြီ ကိုယ်ဝန် အခြေအနေပေါ် အကျိုးသက်ရောက်မှုလေးသိပါရစေ။ ကလေးမယူခင် ဘယ်လိုကာကွယ်ဆေးမျိုးတွေ ထိုးသင့်လဲ ဆရာ။ progesterone က thigh မှာပဲထိုးရတာလား၊ buttock မှာ ထိုးလို့မရဘူးလားဆရာ။ thigh နဲ့ buttock ဆိုရင် ဘယ်နေရာက ပိုပြီးဆေးအာနိသင် ပိုမြန်လဲဆရာ။ nurse မတွေက သမီးကို thigh မှာပဲထိုးပေးကြတာများလို့ ဘာကွာလဲသိချင်လို့ပါဆရာ။ ဆေးထိုးပြီးရင် လက်နဲ့ချေလို့ရလား။ သမီးက ဆေးထိုးပြီးရင် နီဖောင်းပြီး ယားလာတယ်။ ခဏကြာမှ ပျောက်သွားတာ။ ပြီးတော့ အမာရွတ်အမည်းကြီးကျန်ခဲ့တယ်။ အဲဒါ ပုံမှန်ပဲလားဆရာ။ အဲလို ဖြစ်လာရင် ဘယ်လိုလုပ်ရမလဲဆရာ။ ကိုယ်ဝန်မပျက်ခင်နဲ့ ကိုယ်ဝန်ပျက်တုန်းက result တွေနဲ့ အခုက လေးမယူခင် လုပ်ထားတဲ့ test result တွေ တွဲပေးထားပါတယ်ဆရာ။ ဘာကြောင့် 10weeks ကတည်းက bleeding ဖြစ်ပြီ 21weeks မှာ စောစော contraction ဖြစ်ပြီ ကလေးမွေးလဲဆိုတာသိချင်ပါတယ်ဆရာ။ သားအိမ် contraction မဖြစ်အောင် Ventolin သောက်ကြတယ်လို့ ကြားဖူးတယ်ဆရာ။ သမီးက Ventolin သောက်ရင် နှလုုံးခုန်နှုန်းမြန်ပြီး လက်တွေတုန်တတ်တယ်။ Ventolin အစားတခြားသားအိမ် contraction မဖြစ်အောင် သောက်လို့ရတဲ့ ဆေးမျိုးတွေရှိရင် သိချင်ပါတယ်ဆရာ။ သမီးလို bleeding ဖြစ်ပြီ စောမွေးတဲ့သူအနေနဲ့ နောက်ကိုယ်ဝန်ရှိရင် ကိုယ်ဝန်ဆောင်စဉ် ဘယ်လိုဆေးကုသမှုတွေ ခံယူသင့်သလဲဆိုတာ သိချင်ပါတယ်ဆရာ။ Progesterone တမျိုးတည်းကို weekly injection till 37 weeks ဆိုရင် လုံလောက်ပြီလားဆရာ။

 

ကိုယ်ဝန်ဆောင်အားလုံးရဲ့ ၆-၈% က အချိန်မတိုင်ခင်မွေးတယ်။ မွေးလာတဲ့ကလေး အသက်ရှင်အုန်းတော့ ကလေးအတွက် အန္တရာယ်များတယ်။ Cervical length assessment ကိုယ်ဝန်ဆောင်မှာ သားအိမ်လည်ပင်းကို (အာလ်ထွာဆောင်း) နဲ့ တိုင်းတာသင့်တယ်။ ပုံမှန်ထက် တိုနေရင် ကလေးစောမွေးတတ်တယ်။ တိုလေလေ စောမွေးနိုင်လေလေဖြစ်တယ်။ အများအားဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ ၂ ခါတိုင်းတယ်။ ၁၄ ပါတ်မှာ တခါနဲ့ ၂၄ ပါတ်မှာ တခါတိုင်းတယ်။ ၂၂-၂၄ ပါတ်မှာ ၁၅ မီလီမီတာထက်တိုရင် ပုံမှန်မဟုတ်ဘူး။ တချို့ဆရာဝန်တွေက မွေးလမ်းထဲကနေ ရိုက်တဲ့နည်းနဲ့ ကိုယ်ဝန် ၁၈ ပါတ်နဲ့ ၂၂ ပါတ်မှာ တိုင်းကြတယ်။ ပုံမှန်ကိုယ်ဝန်ဆိုရင် ကိုယ်ဝန် ၂ဝ ပါတ်မှ သားအိမ်လည်ပင်းက ၄ဝ မီလီမီတာ၊ ၃၄ ပါတ်မှာ ၃၄ မီလီမီတာရှည်တယ်။

 

သားအိမ်ဆိုတာ အများဆုံးက Anteverted uterus ရှေ့ကောက်အနေအထားဖြစ်တယ်။ Retroverted uterus ဆိုတာ သားအိမ်ကအနေအထား နောက်ပြန်နေတာကိုခေါ်တယ်။ ၃ ယောက်မှာ ၁ ယောက်၊ ဒါမှမဟုတ် ၅ ယောက်မှာ ၁ ယောက် နောက်လန်နေတယ်။ သားအိမ်နောက်လန်နေရင် ကိုယ်ဝန်ရဘို့အတွက် သက်ရောက်မှုမရှိနိုင်ပါ။

 

အသားဆေး IM ထိုးတာကို ကြွက်သားရှိရာ ဘယ်မှာထိုးထိုးရတယ်။ ကြွက်သားများရာမှထိုးတာ ပိုသင့်တယ်။ အဝတ်အစားချွတ်ရလွယ်အောင်၊ ဆေးထိုးပေးသူကိုယ်အနေထားအဆင်ပြေအောင်ဆိုပြီး တချို့က လက်မောင်းမှာ ထိုးတယ်။

 

ဒုတိယမေးခွန်းပါ ပန်းနာရှူဆေး Ventolin (Albuterol) ဆေးကို FDA ကနေ pregnancy category C လို့ သတ်မှတ်ထားတယ်။ ကိုယ်ဝန်မှာသုံးဘို့မသင့်ပါ။

 

Progesterone ပရိုဂျက်စတီရုန်း https://medical-and-knowlwdge.blogspot.com/2021/04/progesterone.html

 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

Pruritus scroti ယောက်ျားကပ်ပယ်အိတ်ယားခြင်း

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း