Chronic Dermatitis နာတာရှည် အရေပြားအနာစာများ

၁။ မင်္ဂလာပါဆရာ ကျနော် အသက် ၂၅ နှစ်ပါ ကျနော့်တင်ပါးနဲ့ ပေါင်ခြံမှာ ယားနာဖြစ်နေတာ ၇နှစ်လောက်တော့ ရှိပါပြီဗျ အရင်ကအရမ်းမဆိုးပါဘူး လိမ်းဆေးပဲလိမ်းပါတယ် ခုနောက်ပိုင်းအနာ ပိုပြန့်လာပြီး ဆိုးလာလို့ပါဗျ ဒီအတောအတွင်းဆေးခန်းတွေလဲ မဖွင့်လို့ လိမ်းဆေး သောက်ဆေး ညွှန်ပေးစေချင်ပါတယ်ဗျ ပြီးတော့အရှင်းပျောက်အောင်ကုနိုင်လားဗျ ကျေးဇူးပြုပြီး ဖြေပေးပါဦးဗျ ပုံကိုအောက်မှာ ပို့ထားပါတယ် အမြင်ရိုင်းသလိုဖြစ်လို့ ကန်တော့ပါဆရာ


၂။ မင်္ဂလာပါဆရာရှင့် နာတာရှည် ဝဲနှင်းခူအကြောင်းသိချင်ပါတယ်။ နေထိုင်ပုံ၊ စားသောက်ပုံလေးတွေ ရှောင်ရမှာတွေပါတဲ့ link ရှိရင် ချပေးစေချင်ပါတယ်။ ကျွန်မသိတဲ့သူက မိန်းကလေးပါ။ ကျန်းမာရေးကောင်းပါတယ်။ အသက် ၂၆ပါ။ သူ့မှာ နှင်းခူခြောက်လို့ပြောတဲ့ အနာလေးတွေ ခြေထောက်မှာ ပေါ်လိုက်ပျောက်လိုက်နဲ့ ဆေးစုံနေပါပြီ။ ၁၀ နှစ်လောက်ရှိနေပြီလို့ သိရပါတယ်။ ကျွန်မ ကျန်းမာရေး ဝန်ထမ်းဖြစ်တာ ၂နှစ်တောင်မပြည့်သေးပါဘူး။ သူ့ကိုပျောက်စေချင်ပါတယ်။ သူကဆေးခန်းတွေလဲ ပြဖူးတဲ့သူဆိုတော့ ကျွန်မကို ဆရာမတို့ဆေးတွေက ခဏပါပဲတဲ့။


အရေပြားမှာ ပျောက်နိုင်ခဲတဲ့အနာဆိုရင် နှင်းခူကိုသံသယရှိရတယ်။ ဝဲ ခေါ် ယားနာနဲ့ မတူ။ ရင်းဝမ်း ခေါ် ပွေးနဲ့မတူ။ အလာဂျီ ခေါ် မတည့်တာနဲ့ မတူပါ။ နှင်းခူဆိုရာမှာလည်း အမျိုးအစားခွဲတွေရှိသေးတယ်။


၃။ ဆရာရှင့် Dermatitis herpetiformis ဆိုတာ နှင်းခူးပဲလားဆရာ ကျမအနာကို ဆရာဝန်က Dermatitis ပဲ ရေးရေပေးထားတယ်။ Dermatitis herpetiformis နဲ့ Dermatitis နဲ့က အတူတူပဲလား ဆရာရှင့်။ Dermatitis က Autoimmune ထဲပါလားရှင့်။ ပါတယ်ဆိုရင် နောက်ဆက်တွဲ ဘာရောရာတွေဖြစ်နိုင်သလဲရှင့်။ အိမ်ထောင်ပြုပြီး သားသမီးရော မွေးလို့ရပါသလားရှင့်။ Dermatitis ရောဂါက အန္တရာယ်ကြီးသလား ရှင့်။ ကျေးဇူးပြုပြီး ဖြေကြားပေးပါ ဆရာရှင့်။ ကျေးဇူးတင်ပါတယ် ဆရာ


အသက် မသိ။ အန္တရာယ်စာလုံး ပြင်လိုက်တယ်။ အိမ်ထောင်မပြုရလို့ မရှိ။


၄။ မင်္ဂလာပါဆရာ သားလေးလက်မောင်းက အနာလုံးဝကျက်သွားပါပြီ ဆရာပြောတဲ့ cortisone ပါတဲ့ဆေးလဲ သေချာ လိမ်းပေးလိုက်တာပါ အဲ့အတွက် ဆရာ့ကို ကျေးဇူးအထူးတင်လို့ ဆရာ့ကျေးဇူးဘယ်တော့မှ မမေ့ပါ Eczema ကတော့ ဖြစ်နေတုန်းပါ ဆရာ ပျောက်လိုက်ပေါ်လိုက်ပါ ဆရာ အဲ့အတွက် ကုထုံးလေးများလဲ ဆရာ လမ်းညွှန်ပေးပါဦးလို့ လေးစားစွာ ပြောပါရစေ ဆရာ


ကျေးဇူးတင်ပါတယ် ဆရာ Link တွေကို ဝင်ပြီး စာတွေက ဖတ်လို့မရဘူး ဆရာ


လင့်အသစ်တွေနဲ့ အစားထိုးလိုက်တယ်။


1. Allergy to Eczema မတည့်တာနဲ့ နှင်းခူနာ https://doctortintswe.blogspot.com/2015/03/allergy-to-eczema.html

2. Atopic dermatitis နှင်းခူနာ https://doctortintswe.blogspot.com/2017/09/atopic-dermatitis.html

3. Betnovate (ဘက်နိုဗိတ်) လိမ်းဆေးများ https://doctortintswe.blogspot.com/2015/11/betnovate.html

4. Clobetamil G cream ကော်တီဇုန်းလိမ်းဆေး အသားဖြူဆေးမဟုတ် https://doctortintswe.blogspot.com/2018/04/clobetamil-g-cream.html

5. Clobetasol cream ကလိုဘက်တာဆိုလ် လိမ်းဆေး https://doctortintswe.blogspot.com/2016/04/clobetasol-cream.html

6. Dermatitis ပျောက်နိုင်ခဲတဲ့ အရေပြားအနာ https://doctortintswe.blogspot.com/2014/12/eczema.html

7. Psoriasis အရေပြားနာတမျိုး https://doctortintswe.blogspot.com/2014/12/psoriasis.html

8. Skin Allergies and Contact Dermatitis အရပ်ဆေး ဘေးအန္တရာယ် https://doctortintswe.blogspot.com/2019/01/skin-allergies-and-contact-dermatitis.html

9. Skin Problems အရေပြားမှာ အဖြစ်များတာတွေ https://doctortintswe.blogspot.com/2014/11/skin-problems.html

10. Topical steroids စတီရွိုက်လိမ်းဆေးများ https://doctortintswe.blogspot.com/2017/06/topical-steroids.html

11. Vesicular Eczema နှင်းကူနာတမျိုး https://doctortintswe.blogspot.com/2015/05/vesicular-eczema.html


ဒေါက်တာတင့်ဆွေ


Comments