Ensure အင်းရှူးဝါး
မြန်မာပြည်မှာ လူနာတွေအရမ်း အသုံးများတဲ့ ensure အကြောင်းလေးကို မျှဝေပေးပါအုံးဆရာခင်ဗျာ။ အကောင်းအဆိုး ဆရာတို့လို ပညာရှင်တွေပြောမှ အမှန်ကိုသိရမှာမို့ပါ။ ကျေးဇူးပါဆရာ။
အင်းရှူးဝါးက နွားနို့ပါပဲ။ Ensure drinks မှာ နှစ်မျိုါ်ရှိတယ်။ ကလေးတွေနဲ့ လူကြီးတွေအတွက်။ Ensure milk-based nutrition shakes ဆိုတာက အသက်ကြီးသူတွေအတွက်။ အရသာ အနံ့စတာတွေ နည်းနည်းစီမတူပါ။ ရက်စွဲကောင်းရင် ကောင်းတယ်။ အေးတဲ့နေရာမှာ ထားသိုရတယ်။
Milk နွားနို့မှာ အာဟာရဓါတ်တွေပြည့်စုံသလောက်ပါတယ်။
One cup (240 ml) တခွက်မှာ
Nutrition facts
Calories: 149 ကယ်လိုရီ
Water: 88% ရေ
Protein: 7.7 grams. ပရိုတင်း
Carbs: 11.7 grams ကာဗွန်ဟိုက်ဒရိတ်
Sugar: 12.3 grams သကြား
Fiber: 0 grams ဖိုက်ဘာ
Fat: 8 grams အဆီ ပါဝင်တယ်။
နွားနို့ကို ဘယ်လိုထားသိုမလဲ
Refrigerator ရေခဲသေတ္တာထဲမှာ အကောင်းဆုံး။ အပူချိန်က 37°F ထားသင့်တယ်။ ရေခဲသေတ္တာတခါးမှာ မဟုတ်ပဲ အောက်နားကစင်ပေါ်မှာ နောက်ကပ်ပြီး ထားသင့်တယ်။ ဖွင့်ယူပြီး တခါးပြန်ပိတ်ထားပါ။ သုံးပြီး နွားနို့ကို ရေခဲသေတ္တာထဲပြန်ထားပါ။
အလုံပိတ်ပါတဲ့ နွားနို့ဗူးကို အပိတ်ဖွင့်ပြီးနောက် ၅-၇ ရက်သာသုံးသင့်တယ်။ ရေခဲသေတ္တာအပြင်မှာ ၆-၈ နာရီ ထားနိုင်တယ်။ နွားနို့ကို ၃-၄ ခါလောက်ပွက်လိုက်ရင် ပျစ်လာတယ်။ ရေရောပြီးပွက်စေနိုင်တယ်။
နွားနို့အမျိုးမျိုး
၁။ Whole milk ဘယ်လိုမှ ပြုပြင်မထားတဲ့နွားနို့ထဲမှာ Fat အဆီ ၃့၂၅% နဲ့ Solids by weight က ၈့၂၅% ပါတယ်။ သူ့ကိုသောက်ရင် ကယ်လိုရီ ၅ဝ%ကို အဆီကနေရမယ်။ အဆီပါဝင်မှု များတာကြောင့် မွေးစကလေးတွေနဲ့ ၂ နှစ်သားအထိ အသင့်တော်ဆုံးဖြစ်တယ်။
၂။ Reduced-fat milk (2%) အဆီလျှော့နွားနို့ထဲမှာ Fat အဆီ ၂% သာပါတယ်။ အလေးချိန်အပေါ် မူတည်ပြီး တွက်ထားတာ ဖြစ်တယ်။ နွားနို့ရဲ့ အလေးချိန်ဟာ ပါနေတဲ့ရေအလေးချိန်ကများတယ်။ ရေက်နည်းအောင်လုပ်လိုက်ရင် အဆီရာနှုးန် များစေမယ်။ ကယ်လိုရီဟာ အဆီကနေ ၃၅% ရစေတယ်။
၃။ Low-fat milk (1%) အဆီနည်းနွားနို့ထဲမှာ Fat အဆီ ၁% သာပါတယ်။ ကယ်လိုရီဟာ အဆီကနေ ၂၃% ရစေတယ်။
၄။ Skimmed milk/non-fat milk အဆီထုတ်ထားတဲ့နွားနို့်ဆိုတာ အဆီကို အတတ်နိုင်ဆုံးထုတ်ယူထားတယ်။ ဒါတောင်မှ ဝ့၅% အထိပါနိုင်သေးတယ်။ နွားနို့တခွက်ထဲမှာ အဆီ ဝ့၅ ဂရမ်ထက်တော့မများပါ။ အဆီကနေရမဲ့ ကယ်လိုရီ ၅% သာ ရှိမယ်။ လူကြီးတွေအတွက် အသင့်လျှော်ဆုံးနွားနို့အမျိုးအစားဖြစ်တယ်။
၅။ Pasteurised milk ခေါ် ပိုးကင်းစင်အောင်လုပ်ထားတဲ့နွားနို့ကိုသာ သောက်သုံးသင့်တယ်။ နွားနို့ကို ရေဆူအမှတ်ခေါ် 100 °C (212 °F) ထက်နည်းတဲ့အပူချိန်အထိ အပူပေးထားတယ်။ 60 °C (140 °F) ဒီဂရီအထိ ဖြည်းဖြည်းခြင်း ပူစေတယ်။ မိနစ် ၂၀ ကြာမယ်။ အဲလိုလုပ်ထားတဲ့နွားနို့က ရေခဲသေတ္တာထဲထားရင် နွားနို့စိမ်းထက် ကြာရှည် အထားခံတယ်။ အဲတာမှာ ပိုးရဲ့ စပိုးတွေကိုတော့ အကုန် မကင်းစေသေးပါ။ အဲတာကြောင့် တချို့နွားနို့ကို အဲလို ၂ ခါပြန်လုပ်ထားတယ်။
နွားနို့ထဲမှာပါတဲ့ လက်တို့စ်ဓါတ်နဲ့ မတည့်သူတွေကတော့ မသင့်ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment