Formula Feeding နို့မှုံ့တိုက်နည်း
၂။ ဆရာရှင့် ကျွန်မ အသက် ၂၇ နှစ်ပါ။ အမွှာမွေးထားတာ ဒီနေ ့ခုနှစ်ရက်မြောက်ပါ။ ဆေးရုံမှာတုန်းက ဆရာမတွေက နှစ်နာရီခြားတစ်ခါနို ့တိုက်ပါတယ်။ ကလေးဆရာဝန်က ဖော်မြူလာကူခိုင်းလို ့မိခင်နို့တိုက်ပြီးတိုင်းလဲ နို့မူန့် တိုက်ခိုင်းပါတယ်။ မိခင်နို့ကတော့ လိူင်လိူင်ထွက်ပါတယ်။ အိမ်ပြန်ရောက်တော့မှ ဒုက္ခစတွေ ့ပါတော့တယ်။ သမီး ပင်ပန်းမှာစိုးလို့ဆိုပြီး၊ နေ့ည နှစ်နာရီတခါ မတိုက်ခိုင်းပါဘူး။ ကလေးတွေအိပ်နေတာကောင်းတယ် ဆာရင် ငိုလိမ့်မယ်ဆိုပြီး၊ နို့မတိုက်ရပါဘူး။ ကလေးတွေ အိပ်တိုင်းမကောင်းဘူးဆိုတာပြောပြလို ့လက်မခံကြပါဘူး။ ဖုန်းလဲ ခိုးသုံးနေရလို့ ဆရာရေးတဲ့ ပိုစ်အဟောင်းတွေလဲ ပြန်ရှာခွင့်မရပါဘူး။ ကလေးနို့တိုက်ချိန်နဲ ့ပတ်သတ်ပြီး ဆရာရေးခဲ့တဲ့ ပို့စ်ဖြစ်ဖြစ် ပြန်လည်ဖြေကြားပေးတာပဲဖြစ်ဖြစ် ကျေးဇူးပြုပြီး ကူညီပါရှင်။ ယောက်ခမနဲ ့မိဘတွေကိုပေးဖတ်ချင်လို့ပါ။ စိတ်သောကရောက်နေရလို ့ပါ။
၃။ ဆရာရှင့် ကျွန်မသမီးက ခု ၄ လကျော်ပါပြီ။ 7kg ကျော်ကျော်ပါ။ ခု ၄ ရက် ၅ရက်ရှိပြီ နို့ကောင်းကောင်း မဆို့ဘူးဆရာ။ လူကြီးတွေအစားစားရင်စားချင်နေတယ်။ ငယ်သေးတဲ့အတွက် မကျွေးသေးပဲထားပါတယ်ဆရာ။ ခုတလောနို့မဆို့တော့ ဖြည့်စွက်စာအနေနဲ့ ကျွေးသင့်ပြီလား၊ ၆ လပြည့်မှပဲကျွေးရမလား သိချင်လို့ပါဆရာ။ တစ်ချို့ကကျွေးလို့ရပြီ၊ တစ်ချို့က မကျွေးနဲ့ပြောလို့ ကျွေးရင် ကလေးအတွက် ဘာတွေထိခိုက်နိုင်ပါသလဲဆရာ။ ကျမကျန်းမာရေးအရ သမီးလေးကို မိခင်နို့တိုက်မရ နို့ဗူးပဲဆို့ပါတယ်။ အရင်ကတစ်နေ့ကို ၈၀၀ ml နဲ့ ၉၀၀ ml ကြားသောက်ပါတယ်။ ခု ၄ ရက်ရှိပါပြီ ၆၀၀ ml ၇၀၀ ml ပြည့်အောင် မနဲချော့တိုက်နေရပါတယ်။ အာ့လိုပဲဖြစ်တတ်ပါသလားဆရာ။ ကျမက သမီးနို့မဆို့တော့ သူ့ကြည့်ပြီးငိုနေရတယ်ဆရာ။ ဗိုက်ဆာနေမလားဆိုပြီးတော့ ကျမဘာလုပ်ရမှန်းလည်းမသိတော့ပါဘူးဆရာ။ ကျမဘာလုပ်သင့်လဲ ဘယ်လိုတိုက်ရမလဲ ဖြေကြာပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ဆရာရှင့်။
ပဌမမေးခွန်းမှာ တစ်တွေကိုပြင်ထားပါတယ်။ ကျွန်တော့်ပို့စ်မှာသုံးမှာဖြစ်လို့ပါ။ ဒုတိယမေးခွန်းမှာ (စို့) ကို (ဆို့) လို့ မှားသိနေတယ်။ အာ့လိုပဲမဟုတ်ပဲ အဲလိုပဲလို့ရေးသင့်။ စို့ = နို့စို့၊ မျှစ်စို့၊ အစို့အညှောင့်၊ စို့စို့ပို့ပို့ (လုံလုံလောက်လောက်)၊ စို့နဲ့အပေါက်ဖေါက်၊ သတ်ပုံမှန်အောင်ရေးကြစို့။ ဆို့ = ဆို့ပိတ်၊ တစ်ဆို့၊ စီးပွါးရေးပိတ်ဆို့၊ပုလင်းဗူးဆို့၊ ရွှေရင်ဆို့၊
နို့မှုန့်တွေက မကွာကြပါ။ မစိုးရိမ်ပါနဲ့။ ကလေးဆိုတာ အစားအသောက်ပြောင်းကစ အဆင်မသင့်တာဖြစ်လေ့ရှိတယ်။ မကြာခင် ကျင့်သားရပါမယ်။
• မွေးကာစရက်ပိုင်း = တခါတိုက် 2 to 3 ounces (60–90 ml) ၃-၄ နာရီတကြိမ်။ တလအောက်ကလေး အိပ်တာများရင် နှိုးတိုက်ပါ။
• တလကျော်လာရင် တခါတိုက် 4 ounces (120 ml) ၄ နာရီတခါတိုက်ပါ။
• ၆ လရှိလာရင် တခါတိုက် 6 to 8 ounces (180–240 ml) တနေ့ ၄-၅ ခါတိုက်ပါ။
• ကလေးအလေးချိန် ၁ ပေါင် (453 grams) ရှိတိုင်း နို့မှုန့် 2 1⁄2 ounces (75 ml) လိုမယ်။
• တချို့ကလေးက တခါတိုက် 3 to 4 ounces (90–120 ml) နဲ့ တလကြီးလာတိုင်း 1 ounce (30 ml) တိုးတိုက်ပါ။ အများဆုံး 7 to 8 ounces (210–240 ml) တိုက်ပါ။
• ၂၄ နာရီအတွင်း 32 ounces (960 ml) ထက်မပိုစေပါနဲ့။
• မွေးခါစမှာ ကလေးတောင်းတိုင်း တိုက်နိုင်တယ်။ နောက်မှာ အချိန်သတ်မှတ်ပြီးတိုက်ပါ။
အမေရိကမှာ နို့မှုန့်ကို Formula milk လို့ခေါ်ကြတယ်။
• ကလေး ၂ ပါတ်အထိ တခါတိုက် ၆ဝ-ရဝ စီစီ
• ၂ ပါတ်ကနေ ၂ လအထိ တခါတိုက် = ၇၅-၁ဝ၅ စီစီ = တနေ့ ၄၅ဝ-၇၃၅ စီစီ
• ၂ လကနေ ၆ လအထိ = တခါတိုက် ၁ဝ၅-၂၁ဝ စီစီ = တနေ့ ၉ဝဝ စီစီ
• ၆ လနောက် တခါတိုက် ၂၁ဝ-၂၄ဝ စီစီ = တနေ့ ၉ဝဝ စီစီ
• ၆ လမှာ ဖြည့်စွက်စာကျွေးရင် နို့ကို တနေ့မှာ ၆ဝဝ စီစီအထိလျှော့တိုက်နိုင်တယ်။
cc စီစီ = ml (မယ်လ်)
• 1/4 လက်ဖက်ရည်ဇွန်း = 1 ml
• 1/2 လက်ဖက်ရည်ဇွန်း = 2 ml
• 1 လက်ဖက်ရည်ဇွန်း = 5 ml
• 1 ဟင်းခပ်ဇွန်း = 15 ml
ဒေါက်တာတင့်ဆွေ
Comments
Post a Comment