Indonesia ပါတိတ်လော ဘာကိတ်လော

၁။ ဆရာ မြန်မာစကားက တကယ်တမ်းအရမ်းခက်ခဲတာပေါ့နော် အမှားပါရင် ကန်တော့ဘာ ဆရာ (ကန်တော့ပါလို့ ရေးရတယ်) 


၂။ မင်္ဂလာဘာဆရာ (မင်္ဂလာပါလို့ ရေးရတယ်)


၃။ ဟုတ်ကဲ့ဘာဆရာ (ဟုတ်ကဲ့ပါလို့ ရေးရတယ်)


၄။ ကျေးဇူးဘာဆရာ (ကျေးဇူးပါလို့ရေးရတယ်)


၅။ အသက် ၃၆ နှစ်ပါဆရာ။ အမျိုးသမီးဘာဆရာ။ ကလေးမရှိဘာဘူးခင်ဗျာ။ ခုမှဆေးစစ်ချက်တွေရတာဘာခင်ဗျာ။ ကျွန်တော့်လုပ်ဆောင်ချက်များ မှားယွင်းနေရင် ခွင့်လွှတ်ပါဆရာ။ ၂ လနီးပါးရှိဘာဘီဆရာ။ (အမျိုးသမီးပါလို့ရေးရတယ်။ ရတာပါလို့ရေးရတယ်။ ရှိပါပြီလို့ရေးရတယ်) 


ဘာ

သြဘာစာ

ဘာဂအဘို့

ဘာဂိနေယျ = နှမ၏သား = တူ

ဘာဂျာ (တူရိယာ)

ဘာဏုရာဇာရာနေမင်း

ဘာဘဲလုပ်လုပ်ရ

ဘာလီရည်

ဘာအလုပ်လုပ်ပါသလဲ

ဘာလုပ်နေတာလဲ

ဘာဝနာပွါးသည်

ဘာဝရုပ်

ဘာသာလဝါ = ကြင်နာစွာဖြင့် နှုတ်ဆက်ပြောဆိုခြင်း

ဘာသာရေး

ဘာသိဘာသာ (ဖါသိဖါသာ)

ဘာသန္တရ

ဘာပြောချင်တာလဲ

ဘာပြောမှန်းမသိ

မဟာဘာရတတိုင်း

သဘာပတိ

သဘာဝကျသည်

ဣတ္ထိဘာဝ


ပါ

ကယ်ပါယူပါ တစာစာနဲ့

ကားပေါ် ပါသွားပြီ

ခွင့်လွှတ်ပါ

ချစ်ခင်ပါ

စာပါဦး

ပါချည်ပါချဲ့

ပါစင်အောင်လွဲနေသည်

ပါဋလိပုတ်ပြည် = ပါဝါပြည် = ပတ္တနားမြို့

ပါဏာတိပါတ် = သတ္တဝါကိုသတ်ဖြတ်ခြင်း

ပါတင်းစုံဖဲ

ပါတိတ်

ပါတိမောက်

ပါဒရက်နာ

ပါပဓါတ် = မကောင်းသောဓါတ်

ပါပီ (ခွေးကလေး)

ပါယပ် = အရှေ့မြောက်ထောင့်အရပ်

ပါရမီဆယ်ပါး

ပါရာဇိက = အာပတ် (အပြစ်)

ပါရာဇိကဏ်ပါဠိ = အက္ခရာကိုစောင့်ခြင်း

ပါလဒုတ္ထာ

ပါဠိပါဌ်သား

ပါမောက္ခ

ပါအောင်ခေါ်

ပါနေကျ

ကြင်နာပါ

မင်္ဂလာပါ

ပြီးပါပြီ

မြန်မာစာကို မှန်ကန်အောင်ရေးသားပါ

သင့်ယဉ်ကျေးမှု ချီးကျူးပါရစေ

သတင်းထဲမှာပါတယ်

သွားပါများ ခရီးရောက်

သွားလိုက်ပါ

သူလည်းပါတယ်

အကယ်ဒမီရမင်းသမီး ပါဝင်သရုပ်ဆောင်သော

အပြောအဆို ချိုသာပါ

ဥပါ = ဘီလူး

ဥပါဠိရဟန္တာ

နေရာတကာပါတဲ့သူ

မေးပါများ စကားရ

အောင်ပါစေ

ပါဠိ


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း

NCGUB ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက်