Vitamin A ဗီတာမင်အေ နှင့် ကလေး

၁။ ဆရာရှင့် သမီးလေးက အသက် ၅ နှစ်ပါ ဒူးခေါင်းမှာ ကြာဆူး လေးတွေပေါက်နေလို့ပါ ဘယ်ဆေးလိမ်းပေးလို့ရပါသလဲ ဆရာ ဘယ်လိုကြောင့်ပေါက်တာလဲ သိချင်လို့ပါဆရာ

၂။ ဆရာရှင့် ကလေးအသက် တနှစ် ကိုးလ၊ ကျား၊ တီဘီဆေးတိုက်တာ ငါးလကျော်ရှိ၊ ကလေးဆရာဝန်ညှွန်းတဲ့ အားဆေးတမျိုးတိုက်နေပါတယ်။ အဲအားဆေးမှာ vitamin A 850 IU per 15 ml ပါပါတယ်။ အားဆေးက တနေ့ကို 5 ml ပဲတိုက်ခိုင်းပါတယ်။ သဘက်ခါမှာ ဒေသန္တရက ကလေးတွေကို vitamin A ဆေးလုံး တိုက်မယ်ဆိုလို့ နှစ်ထပ်ဖြစ်ပြီး ပိုသွားတာမျိုးဖြစ်နိုင်လား သိချင်လို့ပါ။ ခြောက်လတကြိမ် တိုက်ရတယ်ပြောပါတယ်၊ အရင်ကတော့ သားလေးကို တခါမှမတိုက်ဖူးပါ။ high dose ဖြစ်တာကြောင့် အန္တရာယ်ရှိသလား သိချင်ပါတယ်ရှင့်။ နေ့စဉ်တိုက်တဲ့ဆေးမှာလည်း ပါနေလို့ တိုက်သင့်မသင့် သိချင်လို့ပါဆရာ။


ဗီတာမင် အေ WHO သတ်မှတ်ချက်

အသက် ၆ လမှ ၁ နှစ်ထိကလေးများ 100 000 IU (30 mg RE) vitamin A တကြိမ်တည်းသာ။

အသက် ၁ နှစ်မှ ၅ နှစ်အထိ 200 000 IU (60 mg RE) vitamin A ၄ လ သြိ့မဟုတ် ၆ လ တကြိမ်သာ။


ကိုယ်ဝန်ဆောင်မှာ ဗီတာမင် (အေ) များနေရင် ကလေးအင်္ဂါချို့ယွင်းတာဖြစ်နိုင်တယ်။ မိခင်ကိုလဲ သွေးတိုး တက်စေတယ်။ ဗီတာမင် (အေ) 25,000 IU/kg ဆိုရင် အဆိပ်သဘောဖြစ်တယ်။ ငါးကြီးဆီထဲမှာ (အိုမီဂါ-သရီး) နဲ့အတူ ဗီတာမင် (အေ) နဲ့ (ဒီ) တွေလဲပါတယ်။ စားသောက်တာထဲမှာလဲ ဒီဓါတ်တွေပါနေတာမို့ များသွားရင်သာ သွေးခဲစနစ်ကို သက်ရောက်လို့ သွေးယိုနိုင်တယ်။


ခွဲစိတ်ကုသမှု ခံယူစရာရှိရင် ဒီဆေးသောက်နေရင် ၂ ပါတ်ကြိုတင်ပြီး မသောက်ဘဲ နေရမယ်။ ကယ်လိုရီ အများကြီး ရစေတယ်။


ငါးကြီးဆီလက်ဖက်ရည်ဇွန်း တဇွန်း (13.6 g) ထဲမှာ ငါးကြီးဆီ တနေ့တာ စားသုံးသင့်တဲ့ ဗီတာမင် (အေ) ထက် 136% ပါနေတယ်။ ပိုတဲ့ ဗီတာမင် (အေ) တွေက အသည်းမှာလာပြီး စုထားတယ်။ အဆင့်တခုရောက်လာရင် Hypervitaminosis A ဗီတာမင် (အေ) လွန်ကဲခြင်းရောဂါ ရလာမယ်။ ကီလို ၅ဝ ရှိသူ တယောက်ဟာ 1.25 kg စားသောက်ရင် အဆိပ်ဖြစ်တယ်။


ယောက်ျားတွေမှာ (အိုမီဂါ သရီး) လိုတာထက် ပိုစားသူတွေမှာ ဆီးအကျိတ်ကင်ဆာ ပိုဖြစ်တာတွေ့ရတယ်။ ၂၅ နှစ်အရွယ် အတွက် တနေ့မှာ ဗီတာမင် (အေ) အများဆုံး 3,000 micrograms/day = 10,000 IU ဖြစ်တယ်။ များရင် ပျို့-အန်ချင်၊ အားယုတ်၊ ကိုယ်အလေးချိန်ကျ၊ မျက်စိ ကြည့်မကောင်း၊ ရာသီဆင်းမမှန်ဖြစ်မယ်။ ငါးတွေမှာသာမက အကောင်တွေရဲ့ အသည်းမှာလဲ ဒီဓါတ်ပါတယ်။ ဝင်ရိုးစွန်းနေ အကောင်တွေမှာ ပိုများတယ်။ (ပိုလာ) ဝက်ဝံအသည်း 30 - 90 grams စားလိုက်ရင် လူသေနိုင်တယ်။ စွပ်ဖါးဆွဲခွေးလဲ ရောဂါရမယ်။ ဗီတာမင် (အေ) များလွန်းရင် Osteoporosis အရိုးအားနည်းစေနိုင်တယ်။


ကိုယ်ဝန်ဆောင်ချိန်မှာ တနေ့ ဗီတာမင် (အေ) 5,000 IU ထက်မပိုရပါ။ မွေးလာတဲ့ကလေးတွေမှာ (အေ) နည်းနေရင်လဲ မကောင်းပြန်ပါ။ မွေးပြီး ၂ ရက်အတွင်း 50,000 IU (15 mg) ပေးရင် မွေးစကလေးသေနှုန်း သိသိသာသာနည်းတယ်။


မေးခွန်း သတ်ပုံတွေ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။


Vitamin A ဗီတာမင်အေ https://doctortintswe.blogspot.com/2018/01/vitamin.html


ဒေါက်တာတင့်ဆွေ



Comments

Popular posts from this blog

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း

NCGUB ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက်