Insulin အင်စူလင်

Insulin ဆီးချိုထိုးဆေး အင်စူလင်ကို ၁၉၂၁ ကတည်းက ဆီးချိုရောဂါကုသဆေးအဖြစ်စသုံးပါတယ်။ ကနေဒါဆရာဝန် Sir Frederick G Banting က စတာဖြစ်ပါတယ်။

ဆရာရှင့် ကျမအသက် ၅၈ နှစ် ဆီးချိုဖြစ် ၁၀ နှစ်ရှိပါပြီ Hb A1C က ၈ ရှိနေတာ ခု Insulin ထိုးဆေး ၁၀ ယူနစ် စထိုးနေပါတယ် Insulin ဆေးအကြောင်းသိချင်ပါတယ်ရှင့် FBS က ၂၀၀ ကျော် ရှိပါတယ် ထိုဆေးလည်း BD သောက်ရပါတယ် မေးတာမှားနေရင်ခွင့်လွတ်ပါရှင့်


Insulin အင်စူလင်ဆိုတာ ဟော်မုန်းတမျိုးဖြစ်တယ်။ သရက်ရွက်နေထုတ်ပေးနေတယ်။ သကြားဓါတ်ကို ထိန်းပေးနေတယ်။ လူ့ကိုယ်ထဲက ဆဲလ်မှန်သမျှ အင်နာဂျီ ခေါ် ခွန်အားအတွက် သကြားဓါတ်လိုတယ်။ သကြားဓါတ်က ဆဲလ်အများစုဆီကို တိုက်ရိုက်မရောက်နိုင်။ တခုခုစားလိုက်တာနဲ့ သွေးထဲမှာ သကြားဓါတ်များလာတယ်။ သရက်ရွက်ကနေ အချက်ပြရလို့ အင်စူလင်ထုတ်ပေးတော့တယ်။ သူနေမှ သကြားကိုစုပ်ယူပေးတယ်။


အင်စူလင်က သေ့ာချက်ကျတယ်။ ကိုယ်ခန္ဓာကနေ အင်စူလင်လုံလောက်အောင် မထုတ်နိုင်ရင် သွေးထဲမှာ သကြားဓါတ်တွေ များနေမယ်။


ဆီးချိုအမျိုးအစား (၁) သမားတွေက အင်စူလင်လုံလောက်အောင်ထုတ်မပေးနိုင်ကြပါ။ သူတိုရဲ့ သရက်ရွက်မှာ ဘီတာဆဲလ်တွေ ပျက်စီးနေကြတယ်။ ဆီးချိုအမျိုးအစား (၂) သမားတွေက အင်စူလင်ကိုခံနိုင်နေသလို တုံ့ပြန်မှု မလုပ်နိုင်ကြပါ။ အဲတာကြောင့် ရောဂါ ၂ မျိုးလုံးကို အင်စူလင်ထိုးပေးရတယ်။ (၂) အမျိုးအစာကို အစမှာ စားဆေးနဲ့သာ ကုသပေးတယ်။ ဆီးချိုရောဂါ (၂) ရဲ့သဘောက ဆိုးဆိုးလာလို့ တချိန်မှာ အင်စူလင်ထိုးကြရတယ်။


အင်စူလင်ထိုးဆေး အမျိုးအစားတွေရှိတယ်။


Rapid-acting insulin မြန်တဲ့အမျိုးအစားက ၁၅ မိနစ်ဆို အစွမ်းပြမယ်။ ၁ နာရီဆို အစွမ်းအကောင်းဆုံး။ ၂-၄ နာရီအထိ ကြာတယ်။


Short-acting insulin မမြန်တဲ့အမျိုးအစားက ထိုးပြီး ၃၀ မိနစ်နေမှ အစွမ်းပြတယ်။ ၂-၃ နာရီမှာ အစွမ်းအမြင့်ဆုံး ရောက်ပြီး ၆ နာရီလောက်ထိခံတယ်။


Intermediate-acting insulin ကြားအမျိုးအစားက ၂-၄ နာရီမှာစပြတယ်။ ၄-၁၂ နာရီမှာထိပ်ရောက်တယ်။ ၁၂-၁၈ နာရီခံတယ်။ တွဲထိုးရတယ်။


Long-acting insulin တာရှည်ခံအမျိုးအစားက ၂၄ နာရီကြာအလုပ်လုပ်တယ်။ တွဲထိုးရတယ်။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

Pruritus scroti ယောက်ျားကပ်ပယ်အိတ်ယားခြင်း

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း