Itchy Skin အရေပြားယားခြင်း

ဆရာရှင့် တခုလောက်မေးခွင့်ပြုပါ အဖွားက အသက် ၈၁နှစ်၊ ဆီးချို၊ သွေးတိုး၊ ရင်ကြပ်ရောဂါရှိပါတယ်ရှင့် အရင်က ဆေးလိပ်သောက်ပြီး တီဘီဆေးလည်းသောက်ဖူးပါတယ် ရေယုံလိုမျိုးလည်း အရင်ကပေါက်ဖူးတယ် ပြောပါတယ်ရှင့် အခု တကိုယ်လုံးယားပြီး ကုတ်မိတဲ့နေရာတွေက အနာတွေဖြစ်လာပါတယ်ရှင့် မကုတ်ဖို့ပြောပေမယ့် သူကအရမ်းယားတော့ ကုတ်မိတယ်ပြောပါတယ် မြန်မာပြည်မှာပဲနေပါတယ်၊ လွန်ခဲ့တဲ့ ၂လလောက်ကတော့ မြောက်ဥက္ကလာဆေးရုံကြီး အရေပြားဌာနမှာပြပါတယ်အခုတော့ ဆေးရုံဆေးခန်းတွေလည်း သွားလို့မရတော့ ဆရာအဆင်ပြေရင် ကူညီပေးပါရှင်၊ အနာက ဒူးခေါင်းနားက ပိုးဝင်နေသလိုဖြစ်နေပါတယ်။ တဆစ်ဆစ်နဲ့ကိုက်တယ်လို့လည်းပြေပါတယ် အရင်ဆုံး ရေကြည်ဖုထွက်ပါတယ်၊ ပေါက်သွားတော့ အနာဖြစ်လာတာပါရှင်


ဆီးချိုရှိသူ အနာဒဏ်ရာ ပျောက်ခဲတယ်။ ဆီးချိုထိနေရမယ်။ အနာကို Cipladine cream လိမ်းရင် ပိုးဝင်တာ ကာကွယ်မယ်။ အနာမဟုတ်တဲ့နေရာ ယားတာအတွက် Cortisone 1% cream လိမ်းနိုင်တယ်။ Cterizine တညတပြား သောက်နိုင်တယ်။


သတ်ပုံမှန်။ ကွန်ဂရက်ကျူလေးရှင်း။


ဒေါက်တာတင့်ဆွေ

၂၁-၄-၂၀၂၀

၂၁-၄-၂၀၂၁

Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

Pruritus scroti ယောက်ျားကပ်ပယ်အိတ်ယားခြင်း

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း