Melting Pot မယ့်လတင်းပေါ့

မင်္ဂလာပါဆရာ ၁၇-၄-၂၀၂၁ နေ့က ဆန္ဒပြပွဲမှာ Melting Pot ပတ်သက်ပြီး ပြောတာ နားထောင်လိုက်ရလို့ပါ၊ video ရှယ်ထားပေမဲ့ ပျက်သွားပါပြီ၊ စာနဲ့ အကျယ်ရေးပေးပါအုံးခင်ဗျ။

 

အဲဒီ တင်စားချက်ကို ကျွန်တော် ကင်တပ်ကီမှာတုန်းက စပြောခဲ့တာပါ။

 

Melting pot (မယ့်လတင်းပေါ့) ဆိုတာ (ဟက်ထရိုဂျီးနပ်စ်) ခေါ် မတူညီကြတဲ့ နောက်ခံတွေက လာသူတွေဟာ (ဟိုမိုဂျီးနပ်စ်) တူညီတဲ့သဘာဝဖြစ်လာတာကို ခေါ်တယ်။ အားလုံးစုံဟာ ပျော်ဝင်သွားပြီး တသားတည်း ဖြစ်လာတာမျိုး။ တစုံလုံးနဲ့ဆိုင်တဲ့ ယဉ်ကျေးမှုကလည်း တခုတည်းသာဖြစ်လာတာမျိုး။ အများဆုံးပေးတဲ့ ဥပမာက အမေရိကန်ပြည်ထောင်စု ဖြစ်တယ်။ လူမျိုးစုံတွေ၊ ယဉ်ကျေးမှုအဖုံဖုံတွေဟာ ၁၉ဝ၈ ကစပြီး အဲလိုပုံဖေါ်လာနိုင်တယ်လို့ မှတ်တမ်းတင်ထားပါတယ်။

 

မယ့်လတင်းပေါ့ ခေါ်တာမျိုး မြန်မာပြည်မှာမရှိသေးပါ။ ဆယ်နှစ်မျိုးဟင်းချိုရှိတယ်။ တချို့ တရုပ်နံနံခပ်မှ ကြိုက်တယ်။ တချို့ကလည်း ပဲကုလားဟင်း။ တချို့ကလည်း မှန်ရောင်ဟင်းချို။

 

မြန်မာပြည်က ၂၀၂၁ နွေဦးတော်လှန်ရေးကို အဲလိုတင်စားချင်တယ်။ အသက်အရွယ်၊ လူမျိုးစု၊ ကိုးကွယ်ရာ ဘာသာ၊ ပြောစကား၊ အသက်မွေးဝမ်းကြောင်း အမျိုးမျိုးပါကြတယ်။ နေရာဒေသတိုင်းလိုလိုမှာဖြစ်တယ်။ တိုင်းပြည်အားလုံးလိုလိုမှာ ထောက်ခံပွဲတွေ အလှူငွေထည့်ဝင်တာတွေ လုပ်ကြတယ်။ ပြည်တွင်းနဲ့ ပြည်ပ တူတယ်။

 

ဆောင်ရွက်နေကြတာကတော့ (မယ့်လတင်းပေါ့) နဲ့ တူပြီ။ တည်ဆောက်ရမှာက အဲဒါနဲ့အလားတူတဲ့ ဖက်ဒရယ်ပြည်ထောင်စု။ မတူတဲ့ အရသာစုံ အမျိုးစုံတဲ့ စားကောင်းသောက်ဘွယ်တွေကို သမမျှတအောင် ကြိုချက်ထားတဲ့ အာဟာရဟင်းအိုးကြီး။

 

မြစ်ဖျားခံရာမတူကြပေမယ့် ပေါင်းဆုံလာတဲ့အခါ ချောင်းရယ် မြစ်ရယ် ဖြစ်လာတယ်။ အဲလိုဆုံလာတာတွေ များများလာတဲ့အခါ မြစ်ကြီးဧရာဖြစ်လာတယ်။ အသွင်မတူရာတွေကနေ စီးဆင်းလာကြတဲ့ မြစ်ကြီး မြစ်ငယ်တွေဟာ နောက်ဆုံးတော့ သမုဒ္ဒရာထဲမှာ စီးဆင်းကြရတယ်။

 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

Pruritus scroti ယောက်ျားကပ်ပယ်အိတ်ယားခြင်း

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း