Numbers ဂဏန်းရေးနည်း

ဆရာဗျ ကိန်းဂဏန်း ၁ ကို မြန်မာလို တစ်လို့ရေးရမှာ ဟုတ်ပါသလားဗျ။ ၁ ကျပ်တန်မှာ တကျပ် (သို့) တစ်ကျပ် ၁ နှစ် တနှစ် (သို့) တစ်နှစ် ဘယ်လိုအရေးအသား အသုံးပြုသင့်ပါသလဲဗျ။


ဂဏန်းရေးနည်း

• 100 = One hundred = တရာ

• 1,000 (0 ၃ လုံး) = One thousand = တထောင်

• 10,000 (0 ၄ လုံး) = Ten Thousand = ဆယ်ထောင် (တသောင်း)

• 100,000 (0 ၅ လုံး) = One hundred thousand = တရာထောင် (တသိန်း)

• 1,000,000 (0 ၆ လုံး) = One million = တသန်း

• 10,000,000 (0 ၇ လုံး) = Ten million = ဆယ်သန်း

• 1,000,000,000 (0 ၉ လုံး) = One billion တစ်ဘီလီယံ (သန်းတထောင်)

• 1,000,000,000,000 (0 ၁၂ လုံး) = One trillion တစ်ထရီလိယန် (တထောင်ဘီလီယံ )


ဂဏန်းရေးနည်းစည်းမျဉ်းမှာ (,) ကော်မာကို ထောင်ဂဏန်းကစပြီးသုံးတယ်။ ကော်မာကိုမှန်အောင်ထားရင် ဖတ်တာနဲ့ တန်းသိမယ်။ ဆယ်ထောင်၊ တရာထောင် (တသောင်း)၊ တသန်း (တထောင်ထောင်)။ သောင်း၊ သိန်းနဲ့ ကုဋ္ဋေကို နိုင်ငံအတော်များများမှာ မသုံးပါ။


• 10,000 ကို Ten Thousand = ဆယ်ထောင်လို့သာရေးတယ်။ သောင်းလို့ မြန်မာပြည်မှာသာခေါ်တယ်။

• 100,000 ကို One hundred thousand = တရာထောင်လို့သာရေးတယ်။ သိန်းလို့မြန်မာပြည်မှာသာခေါ်တယ်။ One Lakh (Lac) လို့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒက်၊ နီပေါ၊ သီရိလင်္ကာနဲ့ မြန်မာပြည်မှာသာ သုံးတယ်။

• 10,000,000 ကို ဆယ်သန်းလို့သာခေါ်တယ် Crore (ကုဋ္ဋေ) လို့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒက်၊ နီပေါ၊ သီရိလင်္ကာနဲ့ မြန်မာပြည်မှာသာ သုံးတယ်။

• 1,500 တထောင့်ငါးရာကို အိန္ဒိယမှာ One thousand five hundred လို့မရေးပဲ၊ Fifteen hundred လို့ရေးတယ်။ အိန္ဒိယမှာနေရစဉ်က ချက်လက်မှတ်ရေးရတာ အတော်ဂွကျတယ်။


• စက္ကန့်ပေါင်း ၁ သန်း = ၁၂ ရက်။

• စက္ကန့်ပေါင်း ၁ ဘီလီယန် = ၃၁ ရက်။

• စက္ကန့်ပေါင်း ၁ ထရီလီယန် = ၃၁,၆၈၈ နှစ်။

• မိနစ်ပေါင်း ၁ သန်း = ၁ နှစ်၊ ၃၂၉ ရက်၊ ၁ဝ နာရီ၊ ၄ဝ မိနစ်။


တစ် အသုံးမှန်များ

ဆင်ပြောင်ကြီး အမြီးမှတစ်၊

တစ်၊ နှစ်၊ သုံး၊

တစ်ငှက်၊

တစ်ဆို့၊

တစ်တစ်ခွခွ၊

တစ်တစ်ရစ်ရစ်၊

တစ်တရားခံ၊

တစ်တီတူး၊ (တီတီတူးငှက် ယခင်သတ်ပုံစာအုပ်)၊

တစ်ရှူး (ဆဲလ် အစုအဝေး)၊

တစ်ရှူး (သန့်ရှင်းရေးသုံး စက္ကူ)၊

တစ်လစ်၊

တစ်နှစ် စာကိုချစ်

တစ္ဆေမှင်စာ၊

ပြူတစ်၊

ရင်ထဲမှာတော့ တစ်ဆို့ဆို့၊

သားငါး တုံးတစ်သည်၊

သားတစ် ငါးတစ်၊

အဆင့်တစ်ရသည်။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

Pruritus scroti ယောက်ျားကပ်ပယ်အိတ်ယားခြင်း

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း