Omeprazole အိုမီပရာဇိုး
၁။ ကျွန်တော်အခုတလော အစားစားပြီးရင် ဥပမာ မတည့်တာ ဒါမှမဟုတ်အလွန်အကျွံ စားလိုက်ရင် ချွေးစီးတွေပြန်လာပြီး အန်ချင်သလိုလိုဖြစ်လာတယ် အနီးစပ်ဆုံးပြောရရင်ဘကားမူးသလိုပဲဆရာ အရင်က တခါတလေ အတော်ကြာမှဖြစ်ပါတယ် အခုက ခဏခဏ ဆိုသလိုဖြစ်တယ်ဆရာ အဲ့ဒါဘာကြောင့်လဲဆရာ အသက်က ၃၃ ယောက်ကျားလေးပါ
၂။ ဆရာရှင့် မင်္ဂလာပါ။ ကျမမေးခွန်းမေးတိုင်း စိတ်ရှည်လက်ရှည်ဖြေပေးတဲ့ ဆရာ့ရဲ့သဘောထားပြည့်ဝမှုကို လေးစားပါတယ်ရှင့်။ ကျေးဇူးလဲတင်ပါတယ်ရှင့်။ ကျမ အသက် ၃၄ အိမ်ထောင်ရှိ ကလေးမရှိ (ကလေးယူနေပါသည်) ကျမ အစာအိမ်မကောင်းပါသဖြင့် omeprazole ကိုသောက်လာတာ ၅ နှစ်လောက်ရှိပါပြီရှင့်။ Omeprazole သည် ကိုယ်ဝန်သည်များသောက်လို့ရမရသိချင်ပါသည်ရှင့်။ လေးစာစွာဖြင့်
Omeprazole အိုမီပရာဇိုးဆေးကို FDA category C သတ်မှတ်ထားတယ်။ အထဲကကလေးကို သက်ရောက်စေနိုင်တယ်။ ကိုယ်ဝန်မှာ ရှောင်နိုင်ရင် ကောင်းပါမယ်။ ဘေးထွက်သက်ရောက်မှုတွေက ဗိုက်အောင့်၊ လေတက်၊ ပျို့အန်၊ ဝမ်းပျက်၊ ခေါင်းကိုက်။
အိုမီပရာဇိုးဆေးကို GERD ခေါ် အစာအိမ်နဲ့အစာမျိုပြွန် အဆက်နေရာကနေ အစာခြေရည်တွေ အထက်ဆန်တဲ့ရောဂါ အတွက်သုံးတယ်။ အစာအိမ်နဲ့ အစာမျိုပြွန် ဆက်တဲ့နေရာမှာရှိတဲ့ အထိန်းက အလိုအလျှောက် ပွင့်တဲ့အခါ ဖြစ်တယ်။ သူပွင့်လို့ အစာအိမ်ထဲက အစာနဲ့ ရေ-အရည်တွေဟာ အထက်က အစာမျိုပြွန်ဆီကို တက်လာတယ်။ Proton pump inhibitors ဆေးအမျိုးအစား Omeprazole, Lansoprazole, Pantoprazole, Rabeprazole, Esomeprazole ဆေးတွေကတော့ လက္ခဏာတွေ သက်သာစေတယ်။ အနာလဲ ကျက်စေတယ်။ Omeprazole 20 အစာမစားခင်၊ တနေ့ ၁ ကြိမ်။
အစာအိမ်ထဲက အစာခြေအရည်ဆိုတာက အက်စစ်ဖြစ်တယ်။ အဲလိုဖြစ်လာရင် ပါးစပ်မှာ အဲဒီအရသာကို သိလာစေတယ်။ ဒါကို အစာမျိုပြွန်က မခံနိုင်ဘူး။ လောင်သလို ဖြစ်စေတယ်။ ပူလောင်သလို ခံစားရတာကို Heartburn လို့ခေါ်တယ်။ တလတခါက အကြောင်းမဟုတ်ပေမဲ့ တပါတ်မှာ နှစ်ခါထက် ပိုဖြစ်တာ ရောဂါ။ အရွယ်သိပ်မရွေးဘူး။ ငယ်သူတွေဖြစ်ရင် ရင်ပူတာသိပ်မခံစားရတတ်ဘူး။ ပန်းနာလိုလို ချောင်းဆိုးတယ်၊ အမျိုရခက်တာမျိုးလဲ ခံစားရမယ်။
ကုသနည်းတွေအမျိုးမျိုးရှိလို့ ကိုယ်ဝန်ဆောင်နေရင် တခြားနည်းတွေကိုရွေးသင့်တယ်။ နေတာ-စားတာ ပြောင်းရပါမယ်။ ဝနေရင် လျှော့ပါ၊ ဆေးလိပ်သောက်ရင် လျှော့ပါ-ဖြတ်ပါ။ အချဉ်၊ ချော့ကလက်၊ ကော်ဖီ၊ အရက်၊ အဆီများတဲ့အစာ၊ ချင်း၊ ကြက်သွန်၊ အစပ်၊ ခရမ်းချဉ်၊ စတာတွေနဲ့လဲ ပိုဖြစ်တာတွေ့ရတယ်။ ချောင်းဆိုးတာ၊ အန်တာ၊ အလေးအပင်မတာ တွေကနေ အစာအိမ်ကျွံတာ ဖြစ်လာစေနိုင်တယ်။ အဝလွန်တာ၊ ကိုယ်ဝန်ဆောင်တာတွေကနေလဲ စေ့ဆော်နိုင်တယ်။
တချို့အစားအသောက်တွေကနေလဲ ဖြစ်စေနိုင်တာသတိထားရှောင်ကျဉ်ပါ။ အနေအထိုင်ကြောင့်လဲ ဆိုးစေတတ်တယ်။ တချို့မှာ မတ်မတ်ရပ်နေရင် သက်သာတယ်။ ချောကလက်၊ အဆီများတဲ့ အစားအစာ၊ စပ်တာ၊ ကြော်တာ၊ ကော်ဖီ တွေကနေ ပိုဆိုးတတ်တယ်။ အချဉ်ရည်၊ ခရမ်းချဉ်သီးတွေကနေလဲ ဖြစ်တတ်တယ်။ တခါစားရင် နည်းနည်းခြင်း စားသင့်တယ်။ ညစာစားပြီး ၂-၃ နာရီနေမှအိပ်-လှဲသင့်တယ်။ အိပ်ယာ-ကုတင်ကို ခေါင်းရင်းက မြှင့်ပေးထားတာ သက်သာတယ်။ ခေါင်းအုံးမြှင့်ရတာ မဟုတ်ပါ။
Antacids အက်စစ်ပြယ်ဆေး Alka-Seltzer, Maalox, Mylanta, Rolaids နဲ့ Riopan ဆေးတမျိုးမျိးပေးမယ်။ Magnesium, Calcium, Aluminum တွေနဲ့ လုပ်ထားတာတွေ ဖြစ်တယ်။ Magnesium salt တွေက ဝမ်းလျှော စေတယ်။ Aluminum salt တွေက ဝမ်းချုပ်စေတယ်။ Calcium carbonate antacids ဆေးကို ဒီနေရာမှာ သာမက (ကယ်လ်စီယမ်) လိုတာ ဖြည့်ဘို့ အနေနဲ့လဲ ပေးနိုင်တယ်။ Antacids ဆေးတွေကို တာရှည်သုံးပြန်ရင်လဲ ဘေးထွက်-ဆိုးကျိုး သတိထားရမယ်။ ဝမ်းလျှောတာ၊ ကယ်လ်စီယမ်ဓါတ် နည်းတာတွေဖြစ်စေနိုင်တယ်။ (မက်ဂနီဆီယမ်) များလာမယ်။ အဲဒါဆိုရင် ကျောက်ကပ်ကို ထိခိုက်နိုင်တယ်။ ဒါကြောင့် အက်စစ်ပြယ်ဆေးကို ၂ ပါတ်သောက်ပြီး နားထားသင့်တယ်။
H2 blockers အုပ်စုဝင်ဆေးတွေကို နာတာရှည်သမားတွေ ပေးတယ်။ Cimetidine, Famotidine, nizatidine နဲ့ Ranitidine ဆေးတွေက အက်စစ်ဓါတ်ထွက်တာ နည်းစေအာင် လုပ်ပေးတယ်။ Prokinetics ဆေးတွေကတော့ အစာအိမ်ထဲက အစာတွေကို မြန်မြန် အောက်ဆင်းစေတယ်။ Bethanechol (Urecholine) နဲ့ Metoclopramide (Reglan) တွေဖြစ်တယ်။ ဒါပေမဲ့ ဆေးတွေက အားယုတ်သလို ခံစားရမယ်၊ အိပ်ချင်မယ်၊ စိတ်ကျတတ်တယ်၊ စိုးရိမ်စိတ် ဝင်တတ်တယ်။
Omeprazole ဆေး သတိပေးချက်
Esomeprazole or Omeprazole have been linked to severe kidney issues လို့ရေးပြီး နစ်နာသူတွေအတွက် ရှေ့နေလိုက်ပေးမယ်လို့ ဖေ့စ်ဘွတ်မှာ တင်တယ်။ ကျွန်တော်က ဆေးစာတွေရေးလို့ ပေါ်တာဖြစ်နိုင်တယ်။
အိုမီပရာဇိုးဆေးကို GERD ခေါ် အစာအိမ်နဲ့ အစာမျိုပြွန် အဆက်နေရာကနေ အစာခြေရည်တွေ အထက်ဆန်တဲ့ရောဂါ အတွက်သုံးတယ်။ Proton pump inhibitors ဆေးအမျိုးအစား Omeprazole, Lansoprazole, Pantoprazole, Rabeprazole, Esomeprazole ဆေးတွေကတော့ လက္ခဏာတွေ သက်သာစေတယ်။ အနာလဲ ကျက်စေတယ်။ Omeprazole 20-40 mg အစာမစားခင်၊ တနေ့ ၁ ကြိမ်၊ ၁၄ ရက်။
GERD အတွက်သာမက Erosive esophagitis ခေါ် အစာမျိုပြွန်ရောင်တာအတွက်ပါပေးတယ်။ H. pylori ခေါ် ပိုးကြောင့် ဖြစ်ရတဲ့ အစာအိမ်အနာအတွက်လည်း ပေးတယ်။
အိုမီပရာဇိုး ဘေးထွက်သက်ရောက်မှုများ = ဗိုက်အောင့်၊ လေတက်၊ ပျို့အန်၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ အဆစ်နာ။
ကိုယ်ဝန်မှာ ရှောင်နိုင်ရင်ကောင်းပါမယ်။ FDA category C သတ်မှတ်ထားတယ်။ အထဲကကလေးကို သက်ရောက်စေနိုင်တယ်။
Omeprazole ဆေးကနေ ကျောက်ကပ်ရောဂါဖြစ်စေမှာကို အထူးသတိထားရတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment