Soy milk ပဲနို့
ဆရာရှင့် အခု online ပေါ်မှာရေးတင်နေတဲ့ ကလေးတွေကို ပဲနို့တိုက်ရင် အသက်အန္တရာယ်သေဆုံးသည်အထိ ဖြစ်နေတယ်ဆိုတာလေး ဆေးပညာသဘောအရ ရှင်းပြပေးပါရှင့်။ ကျွန်မတို့မိခင်များအနေဖြင့် ဆောင်ရန်ရှောင်ရန်များ သိပါရစေရှင့်။ လေးစားအားကိုးလျှက်။
တံဆိပ် မသိ။ သန့်ရှင်းမှု မသိ။ ဘယ်ကလုပ်သလဲ မသိ။ အိန္ဒိယမှာ ပဲနို့ကို လူအတော်များများက နေ့စဉ်သောက်တယ်။ တခြားတိုင်းပြည်တွေမှာလဲ သောက်ကြတယ်။ အစားအသောက်၊ ဆေးဝါး၊ လူသုံးကုန်မှန်သမျှ စစ်မှန်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တာ၊ ရက်စွဲမလွန်တာ၊ အထဲမှာပါတဲ့ အရာတွေကို ဥပဒေနဲ့အညီ ဖေါ်ပြပေးထားတာ၊ ဥပဒေစိုးမိုးမှု ကောင်းတဲ့ တိုင်းပြည် ဟုတ် မဟုတ်၊ သုံးဘို့ညွှန်သူက အတတ်ပညာရှင် ဟုတ် မဟုတ်။ ကြော်ငြာတာနဲ့ ပါတာ အတူဟုတ် မဟုတ်၊ သိစရာတွေ အများကြီးရှိတယ်။
Plant milk ပဲနို့ကို အပင်တွေကထုတ်တယ်။ ပဲအမျိုးမျိုးကဖြစ်တယ်။ ပဲပုပ်ကထုတ်တာများတယ်။ ကောင်းပါတယ်။ မရှိမဖြစ် ဖက်တီးအက်စစ်၊ ပရိုတင်း၊ ဖိုက်ဘာ၊ ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေပါတယ်။
၁။ Improve Lipid Profile အဆီဓါတ်ကိုတိုးတက်စေတယ်။ နွားနို့နဲမတူတာတွေရှိတယ်။ နွားနို့မှာ ပြည့်ဝဆီနဲ့ ကိုလက်စထောများတယ်။ ပဲနို့မှာ မပြည့်ဝဆီသာပါပြီး ကိုလက်စထော မပါ။
၂။ Strengthen Blood Vessel Integrity သွေးကြောအားကောင်းစေတယ်။ အိုမီဂါ ၃ နဲ့ ၆ ပါလို့ဖြစ်တယ်။
၃။ Prevent Postmenopausal Syndromes အမျိုးသမီးတွေ သွေးဆုံးချိန်မှာ ခံစားရတာတွေနည်းစေတယ်။ သဘာဝ အီစထိုဂျင်ဟော်မုန်း ပါလို့ဖြစ်တယ်။
၄။ Prevent Osteoporosis အရိုးအားနည်းတာ သက်သာစေတယ်။ ကယ်လစီယမ်စုပ်ယူမှုကိုကောင်းစေလို့ဖြစ်တယ်။
၅။ Promote Weight Loss ကိုယ်အလေးချိန်နည်းစေနိုင်တယ်။ သကြားဓါတ်နည်းလို့ဖြစ်တယ်။ နွားနို့တခွက်က သကြားဓါတ် ၁၂ ဂရမ်ရပြီး ပဲနို့က ၇ ဂရမ်သာရတယ်။
၆။ Prevent Prostate Cancer ယောက်ျားဆီးကျိတ်ကင်ဆာ အဖြစ်နည်းတယ်။
ပဲနို့တခွက်မှာ ဗီတာမင် ၂ လိုအပ်ချက်ရဲ့ ၃ဝ% ပါတယ်။ ဗီတာမင် ၂ လိုအပ်ချက်ရဲ့ ၅ဝ% ရမယ်။
Soy Milk 100 grams ကနေ ၅၄-၁၃၁ ကယ်လိုရီ
Total carbohydrates 15 grams 5%
Proteins 8 grams 16%
Total fat 4.3 grams 6%
Cholesterol 0 grams 0%
Vitamin B6 - 10%
Sodium 124 mg 5%
Potassium 287 mg 8%
Iron - 8%
Calcium - 6%
Magnesium - 15%
သတိထားစရာတွေလည်းရှိတယ်။ များများသောက်ရင် ကိုယ်ထုထည်ကြီးစေမယ်။ အီစထိုဂျင်ဟော်မုန်းများရင် ရင်သားကင်ဆာဖြစ်လမ်းပိုတယ်။ ပဲနို့အလာဂျီရသူ ရှိတယ်။ ပဲနို့သောက်ပြီးမှာ လေတက်တာ နည်းနည်း ပိုနိုင်တယ်။
ကလေးငယ်လေးတွေတော့ မသင့်ပါ။ ပဲနို့ထဲမှာ Isoflavones ဓါတ်ပါလို့ အိုင်အိုဒင်းအလုပ်အပေါ် သက်ရောက်နိုင်တယ်။ ၆ လအောက်ကလေးလိုအပ်တဲ့ အာဟာရဓါတ်မစုံလို့ဖြစ်တယ်။ ကလေး ၆ လနဲ့ တနှစ်နောက်မှာ ဖြည့်စွက်စာအဖြစ် တိုက်နိုင်တယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment