Toothache သွားကိုက်ခြင်း

ဆရာ မင်္ဂလာပါရှင် သမီးအသက် ၂၆ အပျိုပါ။ ညာဖက် အံသွားအောက်ခြေ ပိုးပေါက်လေးဖြစ်ရာကနေ ကိုက်နေပါတယ်။ ဒါကြောင့်လားမသိ ညာဖက် ခေါင်းတခြမ်းပါကိုက်လာပါတယ်။ ၅ရက်လောက်ရှိပါပြီ။ ညဖက် အစာစားပြီး နောက်ပိုင်း သွားတိုက်အိပ်လဲ ညသန်းခေါင် သွားရော ခေါင်းတခြမ်းရောကိုက်လာလို့ အိပ်မရပဲ ခေါင်းကို ခေါင်းအုံးနဲ့ ဖိထားရပါတယ်။ ပြီးရင်လဲ သူ့ဘာသာ အကိုက်ပျောက်သွားသလို ပြန်ကိုက်ရင်လဲ ဘာအစာမှ မဝါးလဲ ကိုက်လာပါတယ်။ အရမ်းဆိုးဆိုး သွားရော ခေါင်းတခြမ်းရောကိုက်လာရင်တော့ Dolfenal အကိုက်ခဲပျောက်ဆေး သောက်လိုက်ပါတယ်၊ ခဏ သက်သာပါတယ်။ သမီးစိတ်ပူတာက ခေါင်းတခြမ်းကိုက်တာ သွားကြောင့်မဟုတ်ပဲ ခေါင်းထဲ အနာ အကျိတ်ဖြစ်မှာ စိုးရိမ်တာပါရှင့်။ ဒီကာလ သွားဆေးခန်းလဲ မသွားရဲလို့ ဝေဒနာကို ခံစားနေရပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။


Paracetamol, Ibuprofen နဲ့ Benzocaine အနာသက်သာဆေး တမျိုးမျိုး သောက်ပါ။ တနေ့ ၁-၂-၃ ကြိမ်။ Codeine နဲ့ Hydrocodone Oxycodone ဆေးတွေက အပြင်းစား အနာသက်သာဆေးတွေ ဖြစ်တယ်။ အိပ်နိုင်မယ်။ Eugenol (Cloves oil) လေးညှင်းဆီသုံးပါ။ ထုံစေလို့ နာတာသက်သာမယ်။ Benzocaine ထုံဆေးလည်းသုံးနိုင်တယ်။ 


သွားပိုးဝင်တာအတွက် ပဋိဇီဝဆေးတွေက တခါတလေမှာသာလိုပါတယ်။


(၁) Erythromycin (အရစ်သရိုမိုင်စင်) တခါသောက် 250mg တနေ့ ၄ ကြိမ်။ ဒါမှမဟုတ် တခါသောက် 500mg တနေ့ ၂ ကြိမ်။


(၂) Metronidazole (မက်ထရိုနိုက်ဒါဇောလ်) သွားပိုးဝင်၍ပြည်တည်ခြင်း၊ 3 Gm တနေ့ ၃ ကြိမ်၊ သွားမနုတ်မီ 2 Gm ၁ နာရီကြိုတင်ပေးပါ။


ဆားကို ရေနွေးထဲထည့်ပြီး ငုံပါ။ ပလုပ်ကျင်းပါ။ ဆား လက်ဖက်ရည်ဇွန်း ၂-၃ ဇွန်းကို အနေတော်ရေနွေး တဖန်ခွက်ထဲ ရောပါ။ ဆားမပါတဲ့ အခန်းအပူချိန်ရှိ ရေနွေးလဲလုပ်နိုင်တယ်။ ရေခဲတုံးလဲ ငုံထားနိုင်တယ်။ ဒါပေမဲ့ တချို့ဆရာဝန်တွေက အေးလွန်းတာနဲ့ ပူလွန်းတာတွေကို ရှောင်စေချင်တယ်။ Listerine ခံတွင်းဆေးရည်ကောင်းပါတယ်။ သွားတိုက်တိုင်း လျှာကိုပါ တိုက်ပါ။ သွားကြားဆေးကြိုးနဲ့သန့်ပေးပါ။ ညအိပ်မီ အချိုပါတာ မစားပါနဲ့။ စားရင် ပါးစပ်ဆေးပါ။ သွားတိုက်ပါ။


မေးခွန်း သတ်ပုံတွေမှန်။ ကွန်ဂရက်ကျူလေးရှင်း။


Dr. တင့်ဆွေ


Comments

Popular posts from this blog

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း

Pruritus scroti ယောက်ျားကပ်ပယ်အိတ်ယားခြင်း

Indonesian Model အင်ဒိုနီးရှား ဒွိစုံနမူနာ