Urinary Incontinence in Women အမျိုးသမီး ဆီးမလုံခြင်း
(ကန်တော့)
၁။ ဆရာ အမေက ၆၄နှစ်ပါ ဆီးသွားရင်မထိန်းနိုင်လို့ တခြားလူကြီးတွေလဲဖြစ်တာတွေ့တယ် ကုသနည်းများရှိမလားလို့ပါ ဆီးချိုတက်လို့လို့အမေကထင်နေတယ် ဆိုင်ပါသလားရှင့် လမ်းမှာပဲထွက်ထွက်ကျနေလို့ OG နဲ့ပြရမလားဆရာ
၂။ ဆရာရှင့် ကလေးမွေးပြီး ၁ လရှိပါပြီ။ ဆီးမထိန်းနိုင်ဖြစ်နေလို့ပါ။ ဘယ်လိုလုပ်သင့်ပါသလဲရှင့်။
အသက် မသိ။ ဖြစ်တာ ဘယ်လောက်ကြာ မသိ။ ကလေးမွေးနည်း မသိ။
၃။ ဆရာရှင့် ကျွန်မကခွဲထားတာ ၁ နှစ်ကျော်ပါပြီ။ အရည်အိတ်ကြောင့်ဖြစ်ပါတယ်။ မျိုးဥလက်နှစ်ဘက်စလုံးပါ။ မခွဲခင်ကလည်း ဆီးမထိန်းနိုင်ပါရှင့်။ ခွဲပြီးတော့လည်း မထိန်းနိုင်ပါ။ ဆီးပိုးကြောင့်ဆိုပြီး ပိုးသတ်ဆေးတွေလည်း တပတ်ကျော်သောက်ရပါတယ်။ ဒါလည်းမထူးပါ။ ခရီးသွားရင် ပိုဆိုးပါတယ်။ ကားကို နာရီဝက်လောက်ဆို ရပ်ပြီး နေရာရှာရပါတယ်။ အဲဒီအတွက် လေ့ကျင်ခန်းနဲ့ဆေးဝါးလေးများ ညွှွှန်ကြားပေးပါရှင်။ အသက်က ၄၉ ပါဆရာ။
အသက်ကိုနောက်ဆုံးမှရေးတဲ့ မေးခွန်းတိုင်ကို နှစ်ခါဖတ်ရတယ်။ အချိန် ၂ ဆကုန်ရတယ်။
၄။ မင်္ဂလာပါရှင့် ကျမအသက် ၃၆ ပါ။ အိမ်ထောင်ရှိ ကလေး ၂ ယောက်ရှိပါတယ်။ တလလောက်က ရေကျောက် ပေါက်ရာကနေ ချောင်းတအားဆိုးပါတယ်ဆရာ။ ချောင်းအလွန်ဆိုးရင်း ဆီးထွက်ပါတယ်ဆရာ။ အခု ပျောက်သွားတော့လဲ ဆီးထိန်းနိုင်သွားပါတယ်ဆရာ။ ဒါပေမဲ့ မနေ့က ထမင်းစားရင်း သီးပြီးချောင်းဆိုးတာ ဆီးမထိန်းနိုင်ဖြစ်တယ်ဆရာ။ ပုံမှန်ဆိုရင်တော့ ဆီးအလွန်ထိန်းနိုင်င်ပါတယ်။ ချောင်းဆိုးချိန်ကျရင် ဆီးမထိန်းနိုင် ဖြစ်ပါတယ်ဆရာ။ အမြဲဖြစ်သွားမှာ စိုးရိမ်ပါတယ်။ လေ့ကျင့်ခန်း သို့မဟုတ် ဆေးလေး ညွှန်ပြပေးပါဆရာ။
၅။ ဆရာရှင့် ကျမရဲ့အမပါ။ အသက်ကတော့ ၃၄ နစ်ပါ။ အိမ်ထောင်ရှိပါတယ်။ ကလေးတယောက်ရပြီ။ နှာချေတဲ့ အခါတို့ချောင်းဆိုးတဲ့အခါတို့မှာ ဆီးမထိန်းနိင်ပါရှင့်။ ဆောင်ရန်ရှောင်ရန်များ ညွှန်ကြားပေးစေချင်ပါတယ်ရှင့်။
၆။ ဆရာ ကျွန်မအသက် ၂၆နှစ်ပါ။ ကိုယ်ဝန် ၈လရှိပါပြီ။ ဆီးအရမ်းမထိန်းနိုင်ဘူးဆရာ။ ဆီးသွားပြီးလဲအထိုင်အထတွေမှာ ဆီးနဲနဲထွက်နေတတ်ပါတယ်။ ဆီးကုန်အောင်လဲသွားပါတယ်ဆရာ။ OG ပြတော့ဆီးလမ်းပိုးဝင်တယ်ဆိုပြီး ဆေးပေးပါတယ်။ မသက်သာပါဘူး။ ကိုယ်ဝန်ကြောင့်လားဆရာ။ ကလေးမွေးပြီးရင်ကောင်းသွားလားဆရာ ဖြေပေးပါရှင်။ ပြန်မကောင်းမှာကြောက်လို့ပါ။
အသက် ၅-၆ နှစ်ဆိုရင် ဆီးကို ထိန်းနိုင်လာကြပြီ။ သွားရမဲ့နေရာကြမှသာ ဆီးသွားတတ်လာမယ်။ တလထဲမှာ ၂ ခါ လောက် အိပ်ရာထဲရှူပါရင် Bed wetting (Enuresis) ခေါ်တယ်။ စိတ်ဖိအားများရင်၊ ကြောက်စိတ်ဝင်ရင် အမျိုးသမီးတွေ ကြီးလာရင်အဲလိုဖြစ်နိုင်တယ်။ အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်း တည်ဆောက်ထားပုံ၊ ကလေးမွေးရတာ၊ သွေးဆုံးတာ၊ ဆီးလမ်းပိုးဝင်တာတွေကြောင့် သန်းပေါင်းများစွာ အမျိုးသမီးတွေမှာ ဖြစ်နေကြတယ်။ အာရုံကြောထိခိုင်ရင်တော့ ကျားရော မပါဖြစ်တယ်။ ဆီးလမ်းကိုထိန်းပေးနေတဲ့ ကြွက်သားတွေနဲ့ အာရုံကြောတွေမှာ တခုခုဖြစ်လို့ဖြစ်ကြရတယ်။
Stress Incontinence ဖိအားကြောင့်ဆီးမလုံခြင်း = ချောင်းဆိုး၊ ရယ်မော၊ နှာချေ၊ စတာမျိုးကနေလဲဖြစ်တယ်။ ကိုယ်ဝန်ကြောင့်၊ မီးဖွါးလို့နဲ့ သွေးဆုံလို့ကြောင်လဲ ဖြစ်တယ်။ (အီစထိုဂျင်) နည်းတဲ့ ရာသီမလာခင် တပါတ်လောက်မှာ ပိုသိသာတယ်။
Urge Incontinence ဆီးသွားချင်လာရင် အမြန်သွားရခြင်း = အာရုံကြောမှာ ပြဿနာရှိလို့ဖြစ်ရတယ်။ ဆီးသွားစေတဲ့ဆေးသောက်ထားရင်၊ စိုးရိမ်စိတ်များရင်၊ တချို့က ပူလို့၊ တချို့ကအေးလို့ ဖြစ်ကြတယ်။
Functional Incontinence လုပ်ငန်းပျက်ယွင်းခြင်း = လည်ပင်းကြီး-ဟော်မုန်း များတာနဲ့ ဆီးချို မထိန်းနိုင်တာကနေလဲ ဖြစ်နေတာကို ဆိုးစေနိုင်တယ်။ အာရုံကြောရောဂါ၊ ထိခိုက်မိတာတွေကနေလဲ ဆီးအိမ်ကိုထိန်းလို့ ခက်စေမယ်။ မာလ်တီပယ်-စကလ်ရိုးဆစ်၊ ပါကင်ဆန်ရောဂါ၊ အဇာမိုင်ယာရောဂါ၊ ဦးနှောက်သွေးကြောပိတ်ရောဂါတွေကနေလဲ ဖြစ်တယ်။ လူဝလွန်းရင်၊ အိုလာရင် ယောက်ျားတွေရော မိန်းမတွေမှာပါ ဆီးမလုံတာဖြစ်နိုင်တယ်။
Overactive Bladder ဆီးအိမ်က လိုတာထက်ပိုအလုပ်လုပ်နေခြင်း = အာရုံကြောကြောင့် ဖြစ်တယ်။
Overflow incontinence ယောက်ျားတွေမှာ ပိုဖြစ်တယ်။ ဆီးပိုက်ပိတ်နေတာ၊ ဆီးချိုကြောင့် အာရုံကြော အားနည်းတာ၊ ဆီးကျောက်။ ကင်ဆာတွေကနေဖြစ်စေတယ်။
Transient incontinence အခိုက်အတန့်မှာသာဖြစ်တာက ဆီးလမ်းပိုးဝင်နေချိန်၊ ဝမ်းချုပ်နေချိန်၊ စိတ်ဖိအားများချိန်၊ ဆောင်းတွင်းအချိန်တွေမှာ ဖြစ်တယ်။
ဖြစ်စေတဲ့ အကြောင်းအပေါ်မူတည်ပြီး ကုသရတယ်။ အာရုံကြော ထိခိုက်ပျက်စီးတာမျိုးကတော့ မရနိုင်ဘူး။
• Bladder leakage pads, Bladder control pads ခေါ်တဲ့ တခါသုံးအတွင်းခံကို သုံးပါ။
• ဆီးများစေတာတွေ (ဘီယာ၊ ကော်ဖီ စသည်) သောက်တာ ရှောင်ပါ။
• Kegel exercises (ကီဂယ်) လေ့ကျင့်ခန်း လုပ်တာလဲ ကောင်းတယ်။ (ရေးထားပါတယ်။)
• Biofeedback ကရိယာလေး တပ်ထားနည်းဖြစ်တယ်၊ အချိန်မှတ်ပြီး ဆီးသွားနည်းတွေလုပ်နိုင်တယ်။
• ဆီးအိမ်လေ့ကျင့်ခန်း = ဆီးသွားချိန် သတ်မှတ်ပေးထားပါ။ အချိန်ကို ကိုယ်လိုချင်သလို ပြောင်းနိုင်အောင် ကြိုးစားပါ။
• Overactive bladder ဖြစ်နေရင် အာရုံကြောကို ထိန်းမဲ့ဆေးမျိုးပေးမယ်။ Anticholinergics (Atropine, Benzatropine, Biperiden, Ipratropium, Oxitropium, Tiotropium, Glycopyrrolate, Oxybutynin, Tolterodine, Chlorpheniramine, Diphenhydramine, Dimenhydrinate, Orphenadrine, Trihexyphenidyl, Dicyclomine) ဆေးမျိုးဖြစ်တယ်။
• Stress Incontinence အတွက် Vaginal Devices ဗဂျိုင်းနားထဲ ထည့်ထားရတဲ့ကရိယာ၊
• တချို့ကို ဆီးပိုက်ထပ်ထားပေးရတယ်။
• Urge incontinence ဖြစ်တာကို Neuromodulation နည်း လုပ်တယ်။ FDA အသိအမှတ်ပြုထားတာက InterStim ဖြစ်တယ်။
• Vaginal Devices မွေးလမ်းကြောင်းထဲထည့်တဲ့ ကရိယာရှိတယ်။ ဆီးအိမ်လည်ပင်းနား အထိန်းကြွက်သားကွင်း နေရာမှာ ဆေးထိုးနည်းလဲရှိတယ်။ Collagen နဲ့ Carbon spheres တွေသုံးတယ်။
• ခွဲစိတ်ကုသနည်းလဲရှိတယ်။ ခွဲစိတ်နည်းကလဲ အမျိုးမျိုးရှိပါတယ်။ ခွဲစိတ်ကုသနည်း ၃ မျိုးသုံးကြတယ်။ Retropubic suspension နည်း၊ Sling procedures နည်း နဲ့ Midurethral slings နည်းတွေဖြစ်တယ်။ သားအိမ်ကျရောဂါရှိရင် ခွဲစိတ်ပြုပြင်နည်းဖြစ်ဖြစ် သားအိမ်ထုတ်နည်းဖြစ်ဖြစ် လုပ်နိုင်တယ်။
• Oxybutynin 5 mg စာဆေးကောင်းပါတယ်။ ဘေးထွက်သက်ရောက်မှုထဲမှာ လျှာအရသာပြောင်းတာနဲ့ ဝမ်းချုပ်တာ။ တနေ့ ၁-၂-၃ ကြိမ်သောက်နိုင်တယ်။ သက်သာရင် လျှော့သောက်ပါ။
Dr. တင့်ဆွေ
Comments
Post a Comment