Vitamin C ဗီတာမင် စီ

Gingivitis သွားဖုံးရောင်အကြောင်း ဆရာရှင်းပြထားတာ ပြည့်စုံပြီး သင့်လျော်ပါတယ်ဆရာ။ ဒါပေမယ့် MB က တချို့ ဆရာဝန်တွေနဲ့ ပြောဖြစ်တော့ သူတို့က အဓိက Vit c deficiency ကြောင့်လို့ပြောပါတယ်။


ဗီတာမင် (စီ) က အက်စကောဗစ် အက်စစ်ဖြစ်တယ်။ နည်းရင် Scurvy (စကာဗီ) ရောဂါဖြစ်တယ်။ ဖြစ်ပုံက မအီမသာ ခံစားရတာ၊ အလုပ်ချင်မကိုင်ချင်ဖြစ်တာပါ။ ပြီးတော့မှ ခြေထောက် အရေပြားမှာ အစက်အပျောက်လေးတွေ ပေါ်တယ်။ သွားဖုံးရောင်လာမယ်။ နေရာတချို့မှာ သွေးထွက်မယ်။ ကြာလာရင် အနာတွေဖြစ်မယ်။ ပြည်တည်နိုင်တယ်။ သွားတွေ ကျွတ်ထွက်မယ်။ အသားဝါဖြစ်မယ်။ ကိုယ်ပူမယ်။ အာရုံကြောတွေထုံမယ်။ သွေးယိုတာပြီး သေဆုံးနိုင်တယ်။

ပင်လယ်ခရီးသွားသင်္ဘောသားတွေ၊ ပင်လယ်ဓါးပြတွေမှာ အဖြစ်များတယ်။ အသီးအရွက် စိုစိုစိမ်းစိမ်းမစားရတာကြာလို့ ဖြစ်တယ်။


လတ်ဆတ်တဲ့ အသီးအနှံတွေစားစေရတယ်။ လိမ်မော်သီး။ သံပုရာသီး၊ ကမ္ဗလာသီး၊ ရှောက်သီးအမျိုးမျိုး၊ ဆီးဖြူသီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ ဆီးသီး စတာတွေမှာများတယ်။ အသားငါးတွေမှာလည်းပါတယ်။ အအေးမိတာအတွက်လည်း တချို့သုတေသနက ထိရောက်တယ်ပြောတယ်။ အနာကျက်တာကောင်းစေဘို့လည်း ပေးလေ့ရှိတယ်။ နှလုံး၊သွေးကြော အတွက်လည်းကောင်းစေတယ်။ မျက်စိရေတိမ်၊ သည်းခြေအိတ်ရောဂါ၊ သွးအခေါင်းပေါက်တာ၊ ဝမ်းချုပ်တာ၊ ခုခံအား ကောင်းစေဘို့ရာ၊ ပန်းနာ၊ လေပြွန်ရောင်တာ၊ ကင်ဆာ၊ အဆစ်နာ၊ ကလေးမရသေးတာ၊ ဆီးချို စတာတွေမှာလည်း ပေလေ့ရှိတယ်။ အရက်ဖြတ်၊ ဆေးဖြတ်သူတွေအပြင် အသက် အိုစာတာနည်းစေဘို့ဆိုပြီးလည်း ပေးတယ်။ သွားဖုံးရောဂါ၊ အရေပြားအနာ၊ အရေပြားစိုပြေစေဘို့၊ HIV ပိုး ရှိနေတာ၊ လေနာ၊ ဝမ်းကိုက်၊ ဝက်ခြံ စတာတွေအတွက်လည်းပေးတယ်။ စိတ်ဓါတ်ကျနေသူတွေ၊ မှတ်ဉာဏ်နည်းသူ လူကြီးတွေ၊ ဉာဏ်ရည်နည်းတဲ့ ကလေးတွေကိုလည်းပေးတယ်။ ဆေးပြားတွေမှာ 25 mg ကနေ 1500 mg အထိပါတယ်။ ဆေးကို လေလုံအောင်ထားရတယ်။ မဟုတ်ရင် ညိုသွားတယ်။


ဒေါက်တာတင့်ဆွေ

၂၈-၄-၂ဝ၁၅

၂၈-၄-၂ဝ၂၁


Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း

NCGUB ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက်