Wungyi ဝန်ကြီး

မင်္ဂလာပါ ဝန်ကြီးခင်ဗျာ။ အလုပ်တွေအရမ်းများလို ့ကျန်းမာရေးကို ဂရုစိုက်စေချင်ပါတယ်ခင်ဗျာ။ ဝန်ကြီးရဲ့ စာဖတ် ပရိတ်သတ်ပါခင်ဗျ။


ဟုတ်။ ဝန်ကြီးတော့ မဟုတ်ပါ။ လူမှားရေးသလား စစ်ပါရန်။


အရင်က NCGUB မှာ ဝန်ကြီးတာဝန်ယူဖူးတယ်လို ့သိရလို့ပါခင်ဗျ။ ဆေးပညာကော မြန်မာစာအရေးအသား သတ်ပုံပါ လေ့လာခွင့်ရလို ့လူငယ်တွေကိုယ်စား ကျေးဇူးတင်ပါတယ်ခင်ဗျ


အော် ဟုတ်တယ်။ ကြာပြီပေါ့။


ကျွန်တော် University စတက်ကတည်းက သတင်းမှာ ပုံကိုခဏခဏ မြင်ဖူးပါတယ်ခင်ဗျ။ ကျွန်တော်တို ့လူငယ်တွေ အနာဂတ်မြန်မာပြည်အတွက် ဆောင်ရွက်သင့်တာကိုလည်း လမ်းညွှန်စကားများ ပြောကြားပေးစေလိုပါတယ်ခင်ဗျ။ ကျွန်တော့်အသက်က ၂၄ နှစ်။ ရဲအရာရှိပါခင်ဗျ။ အမည်က ့့့့့ လို့ ခေါ်ပါတယ်ခင်ဗျ။


• ဝန်ကြီးဆိုပြီး အကြာကြီးအခေါ်ခံရဘူးတယ်။

• လုပ်ခဲ့ရတာတွေကတော့ ပလေကပ်ကိုင်ပြီး လမ်းတွေပေါ်မှာထိုင်ရတယ်။

• ဒို့အရေး၊ ဒို့အရေး အော်အော်ပေးရတယ်။

• အစည်းအဝေးတွေမှာ ဆွေးနွေးရတယ်။

• ဟိုနေရာသည်နေရာမှာ မိန့်ခွန်းဆိုတာခြွေရတယ်။

• အခြေအနေထူးရင် အင်တာဗျူးပေးရတယ်။

• စာတိုပေစ ရေးရသေးတယ်။

• သူများလွှတ်တော်တို့ ကွန်ဂရက်တို့မှာ တက်ရတယ်။

• ကျိန်းကျေသွားပြီပေါ့ဗျာ။


မှတ်ချက်။ ကျွန်တော်က NCGUB စင်ပြိုင်အစိုးရမှာ ၂၃-၇-၁၉၉၅ ကနေ ၁၄-၉-၂ဝ၁၂ နေ့ ဖျက်သိမ်းတဲ့အထိ ဝန်ကြီးနာမည်နဲ့ တာဝန်ရှိခဲ့ပါတယ်။ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီယား၊ နီပေါ၊ ယူအက်စ်၊ စတဲ့ လွှတ်တော်တွေကို ရောက်ခဲ့ရဖူးတယ်။ အများဆုံးကတော့ နယူးဒေလီမြို့လယ်က ဂျန်တားမန်းတားလမ်းမပေါ်မှာ ခဏခဏဆန္ဒပြရတယ်။


ဒေါက်တာတင့်ဆွေ

ဓါတ်ပုံ = ၁-၁၂-၂ဝ၁၂ နေ့ လက်ပတောင်းတောင်အရေးဆန္ဒပြပွဲ၊ နယူးဒေလီ


Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း

NCGUB ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက်