Vitamin C ဗီတာမင် စီ
Gingivitis သွားဖုံးရောင်အကြောင်း ဆရာရှင်းပြထားတာ ပြည့်စုံပြီး သင့်လျော်ပါတယ်ဆရာ။ ဒါပေမယ့် MB က တချို့ ဆရာဝန်တွေနဲ့ ပြောဖြစ်တော့ သူတို့က အဓိက Vit c deficiency ကြောင့်လို့ပြောပါတယ်။ ဗီတာမင် (စီ) က အက်စကောဗစ် အက်စစ်ဖြစ်တယ်။ နည်းရင် Scurvy (စကာဗီ) ရောဂါဖြစ်တယ်။ ဖြစ်ပုံက မအီမသာ ခံစားရတာ၊ အလုပ်ချင်မကိုင်ချင်ဖြစ်တာပါ။ ပြီးတော့မှ ခြေထောက် အရေပြားမှာ အစက်အပျောက်လေးတွေ ပေါ်တယ်။ သွားဖုံးရောင်လာမယ်။ နေရာတချို့မှာ သွေးထွက်မယ်။ ကြာလာရင် အနာတွေဖြစ်မယ်။ ပြည်တည်နိုင်တယ်။ သွားတွေ ကျွတ်ထွက်မယ်။ အသားဝါဖြစ်မယ်။ ကိုယ်ပူမယ်။ အာရုံကြောတွေထုံမယ်။ သွေးယိုတာပြီး သေဆုံးနိုင်တယ်။ ပင်လယ်ခရီးသွားသင်္ဘောသားတွေ၊ ပင်လယ်ဓါးပြတွေမှာ အဖြစ်များတယ်။ အသီးအရွက် စိုစိုစိမ်းစိမ်းမစားရတာကြာလို့ ဖြစ်တယ်။ လတ်ဆတ်တဲ့ အသီးအနှံတွေစားစေရတယ်။ လိမ်မော်သီး။ သံပုရာသီး၊ ကမ္ဗလာသီး၊ ရှောက်သီးအမျိုးမျိုး၊ ဆီးဖြူသီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ ဆီးသီး စတာတွေမှာများတယ်။ အသားငါးတွေမှာလည်းပါတယ်။ အအေးမိတာအတွက်လည်း တချို့သုတေသနက ထိရောက်တယ်ပြောတယ်။ အနာကျက်တာကောင်းစေဘို့လည်း ပေးလေ့ရှိတယ်။ နှလုံး၊သွေးကြော အတွက်လည်းကောင်းစေတယ်။ မျက်စိရေတိမ်၊ သည်းခြေအိတ်ရောဂ...