Endometriotic Cyst မီးယပ်ရောဂါတမျိုး

(ကန်တော့)


၁။ ဆရာရှင့် အမျိုးသမီး အသက် ၃၃နှစ် အိမ်ထောင်သက်တမ်း ၇နှစ် တားဆေးဖြတ်ထားတာ ၄နှစ်နီးပါးရှိပါပြီ ရာသီမှန်ပါတယ်ကလေးမရသေးပါ ibuprofen ပါတဲ့ဆေးတွေဓာတ်မတည့်ပါ Allergic ဖြစ်ပါတယ် အနီအစက်တွေထွက်လာတာ မျက်လုံးတွေမို့လာတာ အသက်ရှုကြပ်လာ‌တာတွေဖြစ်တက်ပါတယ် ရာသီလာချိန်တွင် အရမ်းအောင့်သောကြောင့် ရေနွေးအိတ် ကပ်ပါတယ် ရာသီလာနေစဉ်အတွင်း ၁ လ ပိုင်း ၃ ရက်နေ့ည ၂ နာရီလောက်မှာ အစာအိမ်နေရာမှာ လေအောင့်သလို ဖြစ်ပြီး ချွေးစေးတွေထွက်ပြီး အန်လို့ မြောက်ဥက္ကလာပ ဆေးရုံ အရေးပေါ်ဌာနတွင် သွားပြခဲ့ပါတယ် ဆီးစစ် သွေးစစ် ကိုယ်ဝန်ရှိမရှိစစ် Ultrasound ရိုက်ပြီး အစာအိမ်နေရာလည်း ထပ်မအောင့်တော့လို့ သောက်ဆေးပဲပေးပြီး ပြန်လာပါတယ် အဲဒိနောက်ပိုင်း ကြားထဲမှာ ရာသီလာနေစဉ်အတွင်းအောင့်တာကလွဲရင် ဘာမှမဖြစ်ခဲ့ပါဘူး ရာသီလာနေစဉ်အတွင်း၂၉ ရက် ၃ လပိုင်း ညနေ ၇ နာရီ ဝန်းကျင်ခန့်တွင် ၁လပိုင်းက ဖြစ်သလိုမျိုး ထပ်ဖြစ်ပါတယ် ပင်လုံဆေးရုံ အရေးပေါ်ကို ထပ်မံ သွားပြခဲ့ပါတယ် အဲဒိနေ့က စားခဲ့တဲ့ အစားအသောက်တွေကြောင့် Food Poison လို့ပဲ ရောဂါ ခေါင်းစဉ်နဲ့ပဲ ကုခဲ့ပါတယ် ပုံမှန်အတိုင်း ဆီးစစ် သွေးစစ် ကိုယ်ဝန်ရှိမရှိစစ် Ultrasound ထပ်ရိုက်ပါတယ် သားအိမ်ဘယ်ဘက်အခြမ်းမှာ သွေးအိတ် ခေါ် သွေးလုံး အရွယ်အစားက 4.5cm ရှိနေတယ်လို့ Ultrasound ရိုက်တော့ သိခဲ့ရပါတယ် အရေးသိပ်မကြီးပေမယ့် ၆ လပြည့်ရင် တခါ ထပ်ပြီး Ultrasound ရိုက်ကြည့်ပါလို့တော့ ပြောလိုက်ပါတယ် ဆေးရုံဆင်းပြီး ၂ ပတ်အကြာ သားဖွားမီးယပ် အထူးကုနဲ့ ထပ်မံပြကြည့်ခဲ့ပါတယ် ကိုဗစ်ကာလမို့ သွေးအိတ်ကို စုပ်ထုတ်ရန် အဆင်မပြေသေးကြောင်း သွေးအိတ် ဆက်လက်မကြီးထွားစေချင်ရင် ဟော်မုန်းဆေး (တားဆေး)ထိုးထားလို့ရကြောင်း တားဆေးထိုးလျှင် ကလေးရရန် ပိုခက်ခဲသွားကြောင်း ကလေးယူဖို့ အစီအစဉ်ရှိလျှင် ယူသင့်ကြောင်း စသည့် အကြံဉာဏ်များ ပေးခဲ့ပါတယ် သောက်ရန်ဆေးများလည်း လမ်းညွှန်ခဲ့ပါတယ် ဒီကြားထဲ ကလေးမရခဲ့ပါက ၃ လပြည့်လျှင် သားအိမ်လမ်းကြောင်းကို စစ်ဆေးကြည့်ရန်လည်း ညွှန်ကြားစာ ရေပေးခဲ့ပါတယ် သွေးအိတ်ကြောင့် ကိုယ်ဝန်ရဖို့ ခက်ခဲနိုင်လား အကယ်၍ ကိုယ်ဝန်ရဖို့ ခက်ခဲမည်ဆိုပါက ကိုယ်ဝန်ရဖို့ လွယ်ကူစေရန် မည်သို့ လုပ်ဆောင်ရမည်နည်း ကိုယ်ဝန်ရခဲ့လျှင် သွေးအိတ်ကြောင့် အန္တရာယ်ရှိနိုင်လား သိပါရစေ ကျေးဇူးပြုပြီး အကြံပေးစေချင်ပါတယ် အမှားပါခဲ့လျှင် ခွင့်လွှတ်ပေးပါ


အာထွာဆောင်းအဖြေပါ ရောဂါအမည် သိလို


Ultrasound အဖြေပါ ဆရာ ဒါကတော့ သွေးစစ်တဲ့ အဖြေပါ ဆရာ


၂။ ဆရာ မင်္ဂလာပါရှင့် ကျမနာမည် ့့့ ပါ အိမ်ထောင်မရှိ အပျိုပါ အသက် ၃၁နှစ်ပါ လစဉ်ရာသီမှန်ပါတယ် ဒါပေမဲ့ ရာသီလာရင် ဘယ်ဖက်အခြမ်းက တအားနာပြီး ခါးကိုက်ပါတယ်။ဆရာဝန်က Ultrasound ရိုက်ပေးတော့ left endometriotic cyst (4.1×2.9×3.4cm) ရှိပါ။ ဆရာဝန်က Depo ထိုးပေးတာ ၃လရှိပါပြီ။ ဒီအရွယ်အစားဆိုရင် စိုးရိမ်ရပါသလား။ ခွဲစိတ်ဖို့လု်ပါသလား။ ကျေးဇူးပြု၍ ဆောင်ရန် ရှောင်ရန်လေးတွေနဲ့ သောက်ရမယ့်ဆေးတွေ ပြောပြပေးပါရှင့်။


လူအမည်မလိုပါ။ ရရစ် ၂ လုံးထည့်လိုက်တယ်။ တအားလို့ရေးတာမှန်။ ကွန်ဂရက်ကျူလေးရှင်း။


Endometriotic Cyst မီးယပ်ရောဂါခေါ်တယ်။ မျိုးဥအိမ်ကိုသက်ရောက်နေရင် Endometrial cyst လို့ ခေါ်တယ်။ တခြားနေရာတွေမှာဖြစ်တာကို Endometriosis လို့ ခေါ်တယ်။ ၂ မျိုးတွဲလည်း ဖြစ်နိုင်တယ်။


တင်ပါးဆုံတွင်း နာတာရှည်နာမယ်။ မျိုးဥအိမ်ကင်ဆာဖြစ်စရာ တခြားအမျိုးသမီးတွေထက် အခွင့်အလမ်း ပိုတယ်။ ကိုယ်ဝန်ဆောင်ဖို့ ခက်တယ်။ မျိုးဥအိမ်က အလုပ်မလုပ်တော့တာဖြစ်နိုင်တယ်။


ဆီးစပ်နေရာနာတာက အဖြစ်အများဆုံး။ ရာသီလာစဉ်ပိုဆိုးတတ်တယ်။ သွေးဆင်းတာပိုများတတ်တယ်။ အတူနေတာ နာမယ်။ ကန်တော့။


အသက်၊ အိမ်ထောင်ရေးနဲ့ ခံစားနေရတာတွေအရ ကုသနည်းရွေးတယ်။ တချို့ကို မခွဲသေးပဲထားမယ်။ GnRH analogues ဆေးပေးနည်းသုံးနိုင်တယ်။ leuprorelin (Lupron) နဲ့ triptorelin (Decapeptyl) ဆေးတွေ သုံးတယ်။ မျိုးဥအိမ်ကနေ အီစထိုဂျင်ထုတ်ပေမှာကို တားပေးတဲ့ဆေးတွေဖြစ်တယ်။ သွေးဆုံးသလို ခံစားရမယ်။


Endometriosis (1) သားအိမ်ရောဂါ (၁) https://medical-and-knowlwdge.blogspot.com/2021/04/endometriosis-1.html


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

Pruritus scroti ယောက်ျားကပ်ပယ်အိတ်ယားခြင်း

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း