Posts

မြားဦးလှည့်သည်

Image
အဓိပ္ပါယ်က တဖက်သို့ပြောင်းသည်။ တစုံတရာကို ညွှန်ပြ ဖော်ညွှန်းလိုသောအခါ မြားသဏ္ဌာန်ပုံဖြင့် မြားဦးကို ပြလိုရာဘက်သို့ လှည့်ညွှန် ပြထားတတ်ကြလေသည်။ အရပ်မျက်နှာပြသော အိမ်မျှောင်စသော အရာဝတ္ထုများ၌လည်း လှုပ်ရှားနိုင်သော အညွှန်းပြ မြားတံကို တပ်ဆင်ထားကြလေသည်။ ဤသည်ကိုစွဲ၍ တစုံတရာစွပ်စွဲချက် ရည်မှန်းချက် စသည်တို့ တဦးအပေါ်မှ တဦးအပေါ်သို့ ပြောင်းလဲရွေ့လည်သောအခါတွင် မြားဦးလှည့်သည်ဟူ၍ တင်စားဆိုကြလေသည်။ မှတ်ချက် မြားကို သတ်ပုံမှားကြတယ်။ သဏ္ဌာန်ကိုလည်း မှားကြတယ်။  တစုံတရာကို၊ တဦးအပေါ်မှ တဦးအပေါ်သို့၊ တပွင့်တည်း၊ လူတဦးတယောက်သည်၊ သူတဦးတယောက်အပေါ်တွင်၊ သတ်ပုံတွေကို မှတ်သားစေလိုပါတယ်။  တကို မလိုအပ်ဘဲ တစ်အလုပ်ခိုင်းပြီး သင်ပေးနေတာဟာ ပလီတာသာဖြစ်တယ်။ တမင်တကာ အပြင်ခိုင်းထားလို့ ဖြစ်တယ်။ တစ်မင်တစ်ကာလို့ ရေးသူကရေးမလားမပြောတတ်။ ကျွန်တော်ပြနေတဲ့ မြားဦးကို မြင်ကြစေချင်ပါတယ်။ ဒေါက်တာတင့်ဆွေ

Appendicitis treatment with Antibiotics အူအတက်ရောင်တာ မခွဲဘဲရသလား

Image
၁။ ဆရာ လူနာက ကျွန်မရဲ့ အမပါ အသက် ၃၀ အိမ်ထောင်ရှိ အမျိုးသမီးပါ ကိုယ်ဝန် ၇ ပါတ်ပါ အရင်က အူအတက် နာဖူးပါတယ် အဲ့ဒီ့တုန်းက စားဆေးနဲ့ပျောက်ခဲ့ပါတယ် အခု ကိုယ်ဝန် ၇ ပါတ််ထဲမှာမှ အူအတက်ဘက်က ပြန်နာ လာလို ့ultrasound ဒီနေ ့သွားရ်ုက်ပါတဟ် ဆရာ အဖြေမှာ အူအတက်က 4.5 cm ရှည်နေတယ်လို ့ပြောပါတယ် ဆရာဝန်က စားဆေးပေးလိုက်ပါတယ် ဒီတရက်စာ သောက်လို ့ကုန်ပါပြီ ဆက်စားဖို ့ပြောပါတယ် လူနာက ကလေး ထိခိုက်မှာ စိုးရိမ်နေပါတယ်ဆရာ ကလေးကြီးထွားလာရင်ရော အူအတက်ကို ပိုစိုးရိမ်လာရမလားဆရာ နောက်ပြီး အ့အတွက် ဆေးသောက်တာ ကိုယ်ဝန်ထိ ခိုက်နိုင်မလားဆရာ မခွဲစိတ်ချင်လို ့ပါရှင့် ကျေးဇူးပြု ပြီး ဖြေပေးပါဦးနော် ဆရာရှင့် ၂။ ဆရာ ကျွန်မ အူအတက်ခွဲထားတာ ၃ ပတ် ရှိပြီ။ မန်းရေထွက်နေတုန်းပဲဆရာ။ flumix တနေ့ ၃ ကြိမ် သောက်တယ်ဆရာ။ အကြံပေးပါအုံးဆရာရှင်။ ကျေးဇူးတင်ပါတယ်ရှင်။ အူအတက် ရောင်တယ်ဆိုတာ အဆင့် အမျိုးမျိုးရှိတယ်။ ပဌမတမျိုး Acute Appendicitis ရုတ်တရက် ရောင်ခြင်း • ချက်ချင်း ဗိုက်နာမယ်၊ နာတာကလဲ မခံမရပ်နိုင်အောင် နာမယ်၊ နာတဲ့နေရာက ဗိုက် အောက်ပိုင်း၊ ညာဘက် ဒေါင့်နေရာမှာ တိတိကျကျ နာမယ်။ လမ်းေလျှောက်ရင် ခါးမတ်ပြီး မလျှောက်နိုင်ဘူး။ • ဆရာဝန်က (၁) အူအတက်ရှ...

မြားပစ်ပြိုင်ပွဲ

Image
နယူးယော့မှာလုပ်မဲ့ နွေဦးတော်လှန်ရေး ရန်ပုံငွေရှာပွဲမှာ တခြားအစီအစဉ်တွေနဲ့အတူ မအလ နဖူးတည့်တည့် မြားပစ်ပြိုင်ပွဲလည်း ပါတယ်။ မြား သတ်ပုံကို အတော်များများက မှားကြတယ်။ မြား ကိစ္စမြားမြောင် လူတို့ဘောင် ဆတ်းမြား = ကြမ်းတမ်းသည် ထိမ်းမြားလက်ထပ်မင်္ဂလာ ပတ္တမြား ယမြား = ပိတ်ကိုဗူးစည်းပြု၍ဆွဲသောအရာ (ယများ) မြားနတ်မောင် မြားသွား = မြှား မြားသွားချွန်ပါစေ မြားမြောင်လှစွာ မြားနှင့်ပစ်သည် အမြောက်အမြား လေးမြားအတတ် မျှား ငါးမျှားတံ ငါးမျှားသည် မျှား၍ခေါ်သည် မြှား ထုပ်လျှောက်ဒိုင်းမြှား (အိမ်) များ ခုနေများ (စကားအသုံး) များစွာသော မေးခွန်းများကို ဖြေရသည့်နေ့များ များတို့က (အရပ်စကား) များဗိုလ်လူ များမကြာမီ များများစားစား များပြားသော များဖြင် များလျား များလျားကျ (ယခင်အသုံး) များဝေနေ သူများကို အပြစ်မပြောအပ် အနည်းအများ ညီမျှပါစေ အများတကာသုံးသည့်လမ်း စည်းကမ်းရှိပါ အလုပ်များ မေးခွန်းများ လူအမည်မှည့်ခေါ်တာကိုတော့ သဘောကျရေးနိုင်တယ်။ ဥပမာ ဒဂုန်ရွှေမျှား။ သတ်ပုံအရ လေးနှင့်မြား။  ဒေါက်တာတင့်ဆွေ

ရလဒ်လို့ရေးရတယ်

Image
သတင်းတခု - မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အာဆီယံအစည်းအဝေးက ထွက်ပေါ်လာမည့် ရလာဒ် (ရလဒ်လို့ရေးရတယ်) ကို လုံခြုံရေးကောင်စီက စောင့်မျှော်နေ ဆုလဒ်က စားလုံးပေါင်းမှန်ပါသလားဆရာ။ အမျိုးသမီးတယောက်က ဆုလာဒ် လို့ပြောလို့ပါ။ ဆုလာဘ် ဆုလဒ် ရလဒ် လဒ် ရလဒ်ဂဏန်း ရွေးကောက်ပွဲရလဒ် ဘောလုံးပွဲရလဒ် ကြိုးစားမှုရလဒ် ရလဒ်ကိုကြည့်တဲ့ခေတ် လာဘ် စုက်လာဘ် (လာဘ) လာဘ်တိတ် လာဘ်တိုက်သည် လာဘ်လာဘ လာဘ်သပ်ပကာ (လပ်သပ်ပကာ) လာဘ်ပေးလာဘ်ယူ လတ် ကင်းလတ်ရွာ ကျိုက်လတ်မြို့ ဆလတ်ရွက် ညိုပြာဝင်းလတ် ဖျပ်ဖျပ်လတ်လတ် မီးပလတ် (မီးပလပ်) ဖြစ်လတ္တံ ့ လတ္တီတွဒ် လတ်တလော လတ်လတ်ဆတ်ဆတ် လတ်လတ်လောလော လတ်လျားလတ်လျားမနေသင့် လတ်ကော့လတ်ကော့ လမ်းခုလတ် လာလတ်သောအခါ အကြီး၊ အလတ်၊ အငယ် အရှင်လတ်လတ် အသားလတ်သူ မြေလတ်ဒေသ လပ် ကွက်လပ် ကွမ်းကလပ် စားရလပ် (စားရလဒ်) ဆုလပ် တခုလပ် ထန်းပလပ်ပြား ကြာကလပ် ရိက္ခာပြတ်လပ် လစ်လပ်သည် လွတ်လပ်ရေး အကြားအလပ် အမှုပလပ် လာပ် ကမ္မဇကလာပ် ရုပ်ကလာပ် ဒေါက်တာတင့်ဆွေ

Cervix သားအိမ်အဝ

Image
(ကန်တော့) ၁။ ဆရာရှင့် မရိုမသေမေးခွင့်ပြုပါနော်။ ကျွန်မ abortion ဖြစ်တာ တလရှိပါပြီ။ ခု လက်ဖြင့်စမ်းကြည့်လျျှင် သားအိမ်အဝ ပိတ်နေသလိုဖြစ်နေပါသည်ဆရာ။ သေချာချင်ပါသဖြင့် မှန်ထောင်ကြည့်ပါသေးသည်။ သားအိမ်အဝပိတ်ရခြင်း အကြောင်းရင်းကို ဖြေကြားပေးပါနော်ဆရာ။ မရိုမသေစကားကြောင့် ခွင့်လွှတ်ပေးပါဆရာ။ ၂။ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ သားအိမ်အဝဟာပိတ်နေတယ်ဆိုတာ ဟုတ်လားရှင့်။ ကိုယ်ဝန်ပျက်/ဖျက်တဲ့သူဟာ သားအိမ်ပွင့်သွားလို့လား။ ပျက်ပြီးရင် သားအိမ်ဝက ပြန်ပိတ်သွားတာလားရှင့်။ ကိုယ်ဝန်ပျက်/ဖျက်ပြီးရင် သားအိမ်ဝက ပွင့်နေတဲ့အတွက် ပိုးဝင်နိုင်တယ်လို့ ဆရာဝန်တွေက ပြောကြလို့ပါ။ ကိုယ်ဝန်ဆောင်မဟုတ်ပဲ သာမန် အမျိုးသမီးတွေမှာကော သားအိမ်ဝကပွင့်နေလား ပိတ်နေတာလား သိချင်ပါတယ်။ သားအိမ်ပိုးဝင်တာအတွက် သောက်ရတဲ့ ပိုးသတ်ဆေးက ပိုးတွေကိုသေစေရုံပဲလား။ မျိုးဥထွက်မှုကိုကော ထိခိုက်စေနိုင်လား။ မေးခွန်း (၁) အဲလို ကိုယ်တိုင်စမ်းလို့မသိနိုင်ပါ။ ဆရာဝန်မဟုတ်သူလည်း မသိနိုင်ပါ။ သားအိမ်ဝကိုစမ်းရင် (၁) VE ဆရာဝန်လက်ချောင်းနဲ့ ထိတွေ့ပြီးစမ်းနည်း။ Speculum ကရိယာထည့်ပြီး မျက်စိနဲ့ကြည့်နည်း။ (၃) Pap smear အရည်ကိုယူပြီး ဓါတ်ခွဲစမ်းနည်းနဲ့ (၄) Biopsy အသားစဖြတ...

တချုပ်တခြာ ကြီးအာဏာဖြင့်

Image
ဒီသတင်းက သေချာသလား၊ အဲဒါသေချာပြီလား စသဖြင့် တင်ကြတာမှာ ချာကိုသတ်ပုံမှားရေးသူတွေမနည်းပါ။ ချာ ရူးချာချာ ကွန်ချာ ကွန်ချာဖူး ကပေါက်တိ ကပေါက်ချာ ချက်ချာ ချာ = ညံ့ဖျင်း ချာကနဲ လည်သွားသည် ချာချာလည်သည် ချာတာတာ ချာတိတ် ချာတူးလံ ချာပရာစီ ချာရစ် ချာလပတ်လည် ချူချာ ဂဏန်းသင်္ချာ စုတ်ချာ တပ်အပ်သေချာ ထိပ်ချာ ပတ်ချာလည် ဖက်သချာနာ ဖျင်းချာ ဗရချာ လုံးချာလိုက် သည်းချာ သွက်ချာပါဒရောဂါ သွက်ချာလည် သားသည်းချာ သဝေချာလည် အချက်အချာ အရင်းအချာ အူချာပေါက် အပြောအဆိုချာသည် စေ့စပ်သေချာ ဆွေမျိုးရင်းချာ ဆွေမျိုးရင်းချာ ဒေါင်ချာစိုင်း ဒေါင်ချာလည် ဗွေချာ မာချာ ယောင်ချာချာ ယောင်တိယောင်ချာ သေချာ သေချာဂန နုံချာ ခြာ ချက်ချက်ခြာခြာ တရက်ခြာ နှစ်ရက်ခြာ မွဲခြာသည် ရက်ခြာဖျား အချုပ်အခြာ = အလုံးစုံကို အုပ်ခြုံမိသည် အချုပ်အခြာ ဒေါက်ခြာ ထို့နောက်မှာမူ၊ ဆင်းဝါ ထူးခြား၊ ဟန်ကိုးကားနှင့်၊ ယောက်ျား ပီပြင်၊ နတ်လုလင်သို့၊ နတ်ရှင် ရွှေလှံ၊ ကိုယ်ရံ တပ်ရဲး၊ ယာဝဲး နောက်ဖြည့်၊ ရွှေပြည့် မှန်ကင်း၊ လင်းဇင်း နန်းဦး၊ တထူး ထိုမှ၊ တရာ့ငါးဆယ်၊ ဓဝယ် မာရဘင်၊ တွင်းပြင် ရှက်ထွေး၊ ကြဲးသေး မိန်ညို၊ မျဉ်း ရှည်တိုနှင့်၊ ဆင်ကို မဆုတ်၊ စွယ်ကိုနုတ်သား၊ မယုတ် စွမ်းသ...

နွေဦးမှာ ပန်းပေါင်းတရာ ပွင့်ပါစေသတည်း

Image
ပန်းပေါင်းတရာ မျောပါလာသည့် ဧရာဝတီ ထိုမြစ်ရှည်။ တယောက်တလက် စုပေါင်းဆက်၍ လက်ယက်ရေတွင်း ရိုးအဆင်းမှာ ချက်ချင်းတူးဖေါ်ခဲ့ကြသည်။ ဒေါက်တာတင့်ဆွေ