Posts

Showing posts from April, 2021

Vitamin C ဗီတာမင် စီ

Image
Gingivitis သွားဖုံးရောင်အကြောင်း ဆရာရှင်းပြထားတာ ပြည့်စုံပြီး သင့်လျော်ပါတယ်ဆရာ။ ဒါပေမယ့် MB က တချို့ ဆရာဝန်တွေနဲ့ ပြောဖြစ်တော့ သူတို့က အဓိက Vit c deficiency ကြောင့်လို့ပြောပါတယ်။ ဗီတာမင် (စီ) က အက်စကောဗစ် အက်စစ်ဖြစ်တယ်။ နည်းရင် Scurvy (စကာဗီ) ရောဂါဖြစ်တယ်။ ဖြစ်ပုံက မအီမသာ ခံစားရတာ၊ အလုပ်ချင်မကိုင်ချင်ဖြစ်တာပါ။ ပြီးတော့မှ ခြေထောက် အရေပြားမှာ အစက်အပျောက်လေးတွေ ပေါ်တယ်။ သွားဖုံးရောင်လာမယ်။ နေရာတချို့မှာ သွေးထွက်မယ်။ ကြာလာရင် အနာတွေဖြစ်မယ်။ ပြည်တည်နိုင်တယ်။ သွားတွေ ကျွတ်ထွက်မယ်။ အသားဝါဖြစ်မယ်။ ကိုယ်ပူမယ်။ အာရုံကြောတွေထုံမယ်။ သွေးယိုတာပြီး သေဆုံးနိုင်တယ်။ ပင်လယ်ခရီးသွားသင်္ဘောသားတွေ၊ ပင်လယ်ဓါးပြတွေမှာ အဖြစ်များတယ်။ အသီးအရွက် စိုစိုစိမ်းစိမ်းမစားရတာကြာလို့ ဖြစ်တယ်။ လတ်ဆတ်တဲ့ အသီးအနှံတွေစားစေရတယ်။ လိမ်မော်သီး။ သံပုရာသီး၊ ကမ္ဗလာသီး၊ ရှောက်သီးအမျိုးမျိုး၊ ဆီးဖြူသီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ ဆီးသီး စတာတွေမှာများတယ်။ အသားငါးတွေမှာလည်းပါတယ်။ အအေးမိတာအတွက်လည်း တချို့သုတေသနက ထိရောက်တယ်ပြောတယ်။ အနာကျက်တာကောင်းစေဘို့လည်း ပေးလေ့ရှိတယ်။ နှလုံး၊သွေးကြော အတွက်လည်းကောင်းစေတယ်။ မျက်စိရေတိမ်၊ သည်းခြေအိတ်ရောဂ

နူတ် နုတ် နုပ် နှပ်

Image
၁။ လူတိုင်း သိတာ မှန်ပေမဲ့၊ နုတ်တာက အမှန်လား၊ နှုတ်တာက အမှန်လားဆရာ။ ၂။ ဆရာရှင့် နှုတ် နုတ် ဘယ်လိုကွာသလဲရှင့် ၃။ နူတ် နဲ့ နုတ် ဘာကွားလည်း ဆရာရှင့်။ နုတ် ဆွဲနုတ်သည် ထုတ်နုတ်သည် မြက်နုတ်သည် ရာထူးမှနုတ်သည် အပေါင်း အနုတ် အနုတ္တရ ရွေးနုတ်သည် သောဏုတ္ထိုမုဆိုး = စကားကိုအလွန်နားထောင်ကောင်းသာသူ နုတ်ကိန်း နုတ်ပယ်သည် နုတ်ယူသည် နုတ်သိမ်းပါ နုပ် ကနုပ်ပန်း ဆန်ကွဲ ဆန်နုပ် ပိုက်ဆံအနုပ် အကျွန်ုပ် အစုတ်အနုပ် သေးသေးနုပ်နုပ် နုပ်နုပ်စဉ်း နုပ်နုပ်ဖွဲဖွဲ နှုတ် နှုတ် = ခံတွင်း နှုတ်ကပါဌ်တော် နှုတ်ကျွံက နုတ်မရ နှုတ်ကျိုးနေသည် နှုတ်ကျူးလက်လွန် နှုတ်ခမ်းစူ နှုတ်ခွန်းဆက်သပါ နှုတ်ချို လျှိုတပါး နှုတ်ငုံရှိသည် (သားသန္ဓေရှိသည်) နှုတ်ငုံဆောင်သည် (ပြန်လည်ရွတ်ဆိုပြနိုင်အောင်လုပ်သည်) နှုတ်ဆက်သည် နှုတ်တုံ့ပြန်မပြောရ နှုတ်တတ်ဆောင်သည် (အာဂုံဆောင်သည်) နှုတ်တုံ့လှန်သည် နှုတ်ပဒမြား (နှုတ်ပတ္တမြား) နှုတ်ပူလက်ကြမ်းသူ မဖြစ်သင့် နှုတ်ကြမ်းသူ နှုတ်ပြန်ပြောသည် နှုတ်လွတ်ရသည် နှုတ်လွန်လက်လွန် နှုတ်လှံထိုး နှုတ်သီးကောင်း လျှာပါး နှုတ်ကောင်းခွန်းမြိန် နှုတ်ကောင်းလျှင် ပြည်စိုး နုပ် ကနုပ်ပန်း ဆန်ကွဲ ဆန်နုပ် ပိုက်ဆံအနုပ် အကျွန်ုပ် အစုတ်အ

Cervicitis သားအိမ်ဝ ရောင်ခြင်း

Image
(ကန်တော့) ဆရာရှင့် ကျမအသက် ၂၄ နှစ်ပါ။ အိမ်ထောင်ကျတာ ၄ နှစ်ပါ။ သားအိမ်ခေါင်ကင်ဆာ ရှိမရှိ စစ်ထားတာ အဖြေလွှာကို OG နဲ့ တပတ်နေမှပြရပါမယ်ရှင်။ သားအိမ်ခေါင်ကင်ဆာ ရှိမရှိ အရမ်းသိချင်နေလို့ တရိုတမေး မြန်းပါတယ်ဆရာရှင့်။ ကျေးဇူးပြုပြီး ပြန်လည်ဖြေကြားပေးပါနော်။ အဝေးနယ်က ကိုယ်ဝန်ကြီးနဲ့မို့ပါဆရာ။ (သားအိမ်ဝကင်ဆာစစ်ဆေး = ရောင်ရမ်းဖြစ်စဉ်ရှိ။ ကင်ဆာမရှိ။ ဆေးကုရင် ရက်ပိုင်းနဲ့ ပျောက်မယ်။ သားအိမ်ဝရောင်ခြင်းစာ ဘလော့မှာ ဖတ်နိုင်။) ၂။ ကျွန်မ ဆရာဆေးအကြောင်းတွေပတ်သက်ပြီး တင်တာလေးတွေ တွေ့လို့ အကူညီတောင်းမိတာပါ။ OG ကတော့ ပြောဘူးပါတယ်။ သားအိမ်ခေါင်းနဲနဲရောင်နေတယ်လို့ ကျွန်မ ဆိုးရိမ်မိတာက ခုလိုမျိုးပြည်တွေလိုဆင်းရင် သားအိမ်ကင်စာဖြစ်တတ်တယ်လို့ပြောကြိလို့ပါဆရာ။ (စိုးရိမ်မိတာလို့ရေးရတယ်။ သားအိမ်ကင်ဆာလို့ရေးရတယ်။) ၃။ သမီး ဒုုတိယအကြိမ် Pap smear test မှာတော့ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တော့မတွေ့ပါဘူး။ သားအိမ်ဝတော့ နည်းနည်းရောင်နေသေးတယ်လိုု့ပြောပါတယ်။ ဒါပေမဲ့ ဆီးစပ်နဲ့ခါးအောက်ပိုုင်းတော့ကိုုက်နေပါသေးတယ်။ ဆရာဝန်ကတော့ ပိုုးသတ်ဆေးထပ်မပေးတော့ပါဘူး ဒါမျိုးက အချိန်ကြာကြာ ရောဂါအမြစ်မပြတ်ဘဲ ကိုုက်ခဲမှုတွေ ဖြစ်တက်ပါသလားရှင့် သမီးသိချင်

တစ် အသုံးမှန်များ

Image
ဆရာ မသိတာရှိလို့ပါရှင့် "တစ်" နှင့် "တ" အသုံးအနှုန်းပါ သမီး သိထားတာက တစ်ခု နှစ်ခု စသဖြင့် ရေတွက်လို့ရရင် "တစ်" လို့သုံးတာပါ "တစုံတရာ" မျိုးဆိုရင် "တ" လို့သုံးာတာမျိုးပါ။ တစ်နိုင်ငံ နှစ်နိုင်ငံက ရေတွက်လို့ရတာမျိုးမဟုတ်ဘူးလားဆရာ  တနိုင်ငံ လို့ရေးတာ ဘာလို့အမှန်ဖြစ်တာလဲဆိုတာ သိချင်တာပါ ဆရာ တစ်ကို ဘယ်နေရာတွေမှာ အဓိကသုံးနှုန်းပါလဲဆရာ အခါ တရာလောက်တော့ တင်ပြထားတယ်။ တစ် အသုံးမှန်များ ဆင်ပြောင်ကြီး အမြီးမှတစ်၊ တစ်၊ နှစ်၊ သုံး၊ တစ်ငှက်၊ တစ်ဆို့၊ တစ်တစ်ခွခွ၊ တစ်တစ်ရစ်ရစ်၊ တစ်တရားခံ၊ တစ်တီတူး၊ (တီတီတူးငှက် ယခင်သတ်ပုံစာအုပ်)၊ တစ်ရှူး (ဆဲလ် အစုအဝေး)၊ တစ်ရှူး (သန့်ရှင်းရေးသုံး စက္ကူ)၊ တစ်လစ်၊ တစ်နှစ် စာကိုချစ် တစ္ဆေမှင်စာ၊ ပြူတစ်၊ ရင်ထဲမှာတော့ တစ်ဆို့ဆို့၊ သားငါး တုံးတစ်သည်၊ သားတစ် ငါးတစ်၊ အဆင့်တစ်ရသည်။ မြန်မာစာမှာ ဖေါ်မြူလာရှိသလား။ ရေတွက်လို့ရလျှင် တစ်၊ ၁၀၀% အထိ မမှန်ပါ။ မ နောက်က ဘဲ လိုက်။ ၁၀၀% အထိ မမှန်ပါ။ နောက်ထုတ်သတ်ပုံစာအုပ်များ ၁၀၀% အထိ မမှန်ပါ။ အထောက်အထားပုံ တထောင် (တစ်ထောင် မဟုတ်) လောက် တင်ပြထားပါတယ်။ မြန်မာစာကို တန်ဖိုးထားတဲ့ခေတ်က ထုတ်တဲ့ ပိုက

Pruritus scroti ယောက်ျားကပ်ပယ်အိတ်ယားခြင်း

Image
(ကန်တော့) ဆရာခင်ဗျား Pruritus scroti အကြောင်းသိချင်လို့ပါဆရာ။ အများသိအောင် fb မှပြန်ကြားပေးပါဆရာ။  ယောက်ျားကပ်ပယ်အိပ်ယားခြင်းရောဂါ အဖြစ်မနည်းလှပါ။ မေးကြတယ်။ အကြောင်းခံအမျိုးမျိုးကြောင့် ယားစေတယ်။ ပိုးအမျိုးမျိုးဝင်တာကနေ ကင်ဆာအထိ စဉ်းစားရတယ်။ ဆီးချို၊ မာလ်တီပယ်စကယ်လရိုးဆစ်ရောဂါ၊ ဆင်ရေယုံခေါ် ရှင်ဂဲလ်၊ အလာဂျီ စတာတွေကနေလည်း ယားစေတယ်။  Anogenital pruritus ဆိုတာက စအိုနားနေရာတွေမှာ ယားတာကိုခေါ်တယ်။ ရက်တိုနဲ့ နာတာရှည်ရှိတယ်။ ကျား-မ ဖြစ်တယ်။ pruritus vulvae, pruritus ani, lichen simplex chronicus နဲ့ neurodermatitis ရောဂါတွေကနေ ယားစေတယ်။ ဗက်တီးရီးယားနဲ့ ဖန်းဂတ်စ် ခေါ်မှိုပ0ို0းကနေဖြစ်စေနိုင်တယ်။ High-potency topical steroid စတီရွိုက်လိမ်းဆေး ရက်တိုပေးနိုင်တယ်။ ညအချိန်ယားတာသက်သက်သာအောင် Sedating antihistamines အင်တီဟစ်စတမင်းဆေးပေးနိုင်တယ်။ တချို့အတွက် Antidepressants စိတ်ဆေးပါ လိုနိုင်တယ်။  Scrotal dermatitis ဆိုတာက အရေပြားတခြားနေရာတွေမှာဖြစ်သလိုပဲ။ ပျောက်နိုင်ခဲတာက နှင်းခူနာသဘောဖြစ်မယ်။ Narrow band UVB နည်းကအသစ်ပေါ်တာဖြစ်တယ်။  Fungal jock itch ယောက်ျား ကပ်ပယ်အိတ်-မှိုရောဂါကို ဂျွတ်လို့ခေါ်ကြတယ

တခု မှန်သည်

Image
ထိုင်းကျောင်းက မြန်မာကျောင်းထပ် သတ်ပုံမှန်နေလို့ ပို့လိုက်တာ ဆရာ။ တခု မှန်သည်။ ထိုင်းကျောင်းက မြန်မာကျောင်းထက်လို့ ရေးရ။  ထက် ကိုယ့်ထက်သာ မနာလို ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး စိတ်အားထက်သန် ဆရာ့ထက် သားတလကြီး ဆရာထက် တပည့်လက်စောင်းထက် ဉာဏ်ထက်သောသူ ထက်ထက်မြက်မြက် ထက်ကြပ်မကွာလိုက်ပါ ထက်ခြမ်းခွဲပါ ထက်မြက်သောသူ ထက်ဝက်ခွဲပါ ထက်ဝန်းကျင် ထက်ဝယ်ဖွဲ့ခွေ နေတော်မူလေသည် ထက်သန် ထက်အောက်ညာကြေ ဓါးထက်ထက်နဲ့ ဝါးခွဲပါ မထတ်မပျောင်း၊ ကြိုင်နံ့လှောင်းသား (ဘူရိဒတ်လင်္ကာ) သူ့ထက်ငါ အထက်အောက် အဖထက် သားတလကြီး ထောင်နေတဲ့ဒူး လဲတာထက်ဆိုး နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ ပျော့ထတ်ထတ် ပျောင်းပျောင်းထတ်ထတ် ထပ် ထပ်ဆင့်စကား ပြောကြားပေးပါ ထပ်တရာပန်း ထပ်တွန့်မနေပါနဲ့ ထပ်တလဲလဲပြောနေရတယ် ထပ်ထူထပ်မျှ ထပ်ပိုးနှစ်လီ ထပ်မံပြုပြင်ထားသည် ထပ်ကျော့သီဆိုသည် ထပ်ချောဖွပ်ထားသည် ထိမ်းမြားလက်ထပ်သည် ထူထပ်သောတော ပဲ့တင်ထပ် ဝါထပ်နှစ် သဘောချင်းထပ်တူကျသည် အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း အပြောထပ်နေသည် နွေဦးကာလ၊ မြူထသောခါ၊ ရင်းထောင် ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ၊ ဓားနှီး ထက်စွာ၊ ခါးမှာချပ်လျက်၊ သတ်ပုံမမှန်သူတဲ့သူကို လက်မထပ်ပါနဲ့လို့သာ

Urinary Tract Infection ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

Image
ကန်တော့ မင်္ဂလာပါ ဆရာရှင့် သမီးအသက် ၂၆ ပါ။ အပျိုပါ။ သမီးခံစာနေရတဲ့ရောဂါနဲ့ပါတ်သက်ပြီး မေးချင်လို့ပါဆရာ။ ဆီးကျင်နေတာ ၂ လလောက်ရှိပြီ။ မခံနိုင်အောင်မဖြစ်တာ ရေအလုပ်လုပ်နေတာ မပျက်ကွက်ချင်တာရေနဲ့ ဒီတိုင်းဘဲထားလိုက်ပါတယ်။ အခုပိုဆိုးလာတယ်။ ဆီးထဲတခါတလေ သွေးဖတ်လေးတွေ ဆီးသွားရင် အမုံအမွှားလေးတွေပါတယ်။ ရေဘယ်လောက်သောက်သောက် ဆီးကဖြူမလာဘူး။ ဆီးလည်းမအောင့်နိုင်ဘူး ဖြစ်လာတယ်။ ဆီးလည်းနည်းတယ်။ သွားချင်တဲ့ အတိုင်းတာထိ သွားလို့မရဘူး။ တခါတလေ ပေါက်ချမိသည်ထိ ဆီးမအောင့်နိုင်ဘူးဆရာ။ သမီးဘယ်လိုလုပ်သင့်လဲ ဘယ်လိုကုသမှုတွေယူသင့်လဲဆရာ။ ကျေးဇူးပြု၍ ပြောပြပေးပါရှင့်။ အမျိုးသမီးတွေမှာ ဆီးအောင့်တာ အဖြစ်များတယ်။ ဆီးလမ်းပိုးဝင်လို့ဖြစ်တာများတယ်။ ဆီးပူတာ၊ ရာသီနဲ့ဆက်စပ်ပြီး အတွင်းအင်္ဂါချင်းနီးလို့ဖြစ်တာတွေ ပိုးကြောင့်မဟုတ်ပါ။ အစားအသောက်ကနေဖြစ်နိုင်တာက ဆီး အက်စစ်ဓါတ် များတာသာဖြစ်တယ်။ ဆီးလမ်းပိုးက အောက် (အပြင်) ကနေအထက်တက်လာတာ။ ဆီးထွက်ပေါက်ကနေ ဆီးအိမ်၊ ဒိထက်တိုက်ရင် ကျောက်ကပ်။ ခဏခဏပြန်ဖြစ်တယ်။ ဖြစ်တိုင်းဆေးလိုတယ်။ ဆီးပူနေရင် ပိုးဝင်လွယ်တယ်။ ဆီးလမ်းကြောင်းဆိုတာ ကျောက်ကပ်၊ ဆီးထွက်ပြွန်၊ ဆီးအိမ်နဲ့ ဆီးသွားပြွန်တွေကို ခေါ်တယ်။ ဆီ

မြားဦးလှည့်သည်

Image
အဓိပ္ပါယ်က တဖက်သို့ပြောင်းသည်။ တစုံတရာကို ညွှန်ပြ ဖော်ညွှန်းလိုသောအခါ မြားသဏ္ဌာန်ပုံဖြင့် မြားဦးကို ပြလိုရာဘက်သို့ လှည့်ညွှန် ပြထားတတ်ကြလေသည်။ အရပ်မျက်နှာပြသော အိမ်မျှောင်စသော အရာဝတ္ထုများ၌လည်း လှုပ်ရှားနိုင်သော အညွှန်းပြ မြားတံကို တပ်ဆင်ထားကြလေသည်။ ဤသည်ကိုစွဲ၍ တစုံတရာစွပ်စွဲချက် ရည်မှန်းချက် စသည်တို့ တဦးအပေါ်မှ တဦးအပေါ်သို့ ပြောင်းလဲရွေ့လည်သောအခါတွင် မြားဦးလှည့်သည်ဟူ၍ တင်စားဆိုကြလေသည်။ မှတ်ချက် မြားကို သတ်ပုံမှားကြတယ်။ သဏ္ဌာန်ကိုလည်း မှားကြတယ်။  တစုံတရာကို၊ တဦးအပေါ်မှ တဦးအပေါ်သို့၊ တပွင့်တည်း၊ လူတဦးတယောက်သည်၊ သူတဦးတယောက်အပေါ်တွင်၊ သတ်ပုံတွေကို မှတ်သားစေလိုပါတယ်။  တကို မလိုအပ်ဘဲ တစ်အလုပ်ခိုင်းပြီး သင်ပေးနေတာဟာ ပလီတာသာဖြစ်တယ်။ တမင်တကာ အပြင်ခိုင်းထားလို့ ဖြစ်တယ်။ တစ်မင်တစ်ကာလို့ ရေးသူကရေးမလားမပြောတတ်။ ကျွန်တော်ပြနေတဲ့ မြားဦးကို မြင်ကြစေချင်ပါတယ်။ ဒေါက်တာတင့်ဆွေ

Appendicitis treatment with Antibiotics အူအတက်ရောင်တာ မခွဲဘဲရသလား

Image
၁။ ဆရာ လူနာက ကျွန်မရဲ့ အမပါ အသက် ၃၀ အိမ်ထောင်ရှိ အမျိုးသမီးပါ ကိုယ်ဝန် ၇ ပါတ်ပါ အရင်က အူအတက် နာဖူးပါတယ် အဲ့ဒီ့တုန်းက စားဆေးနဲ့ပျောက်ခဲ့ပါတယ် အခု ကိုယ်ဝန် ၇ ပါတ််ထဲမှာမှ အူအတက်ဘက်က ပြန်နာ လာလို ့ultrasound ဒီနေ ့သွားရ်ုက်ပါတဟ် ဆရာ အဖြေမှာ အူအတက်က 4.5 cm ရှည်နေတယ်လို ့ပြောပါတယ် ဆရာဝန်က စားဆေးပေးလိုက်ပါတယ် ဒီတရက်စာ သောက်လို ့ကုန်ပါပြီ ဆက်စားဖို ့ပြောပါတယ် လူနာက ကလေး ထိခိုက်မှာ စိုးရိမ်နေပါတယ်ဆရာ ကလေးကြီးထွားလာရင်ရော အူအတက်ကို ပိုစိုးရိမ်လာရမလားဆရာ နောက်ပြီး အ့အတွက် ဆေးသောက်တာ ကိုယ်ဝန်ထိ ခိုက်နိုင်မလားဆရာ မခွဲစိတ်ချင်လို ့ပါရှင့် ကျေးဇူးပြု ပြီး ဖြေပေးပါဦးနော် ဆရာရှင့် ၂။ ဆရာ ကျွန်မ အူအတက်ခွဲထားတာ ၃ ပတ် ရှိပြီ။ မန်းရေထွက်နေတုန်းပဲဆရာ။ flumix တနေ့ ၃ ကြိမ် သောက်တယ်ဆရာ။ အကြံပေးပါအုံးဆရာရှင်။ ကျေးဇူးတင်ပါတယ်ရှင်။ အူအတက် ရောင်တယ်ဆိုတာ အဆင့် အမျိုးမျိုးရှိတယ်။ ပဌမတမျိုး Acute Appendicitis ရုတ်တရက် ရောင်ခြင်း • ချက်ချင်း ဗိုက်နာမယ်၊ နာတာကလဲ မခံမရပ်နိုင်အောင် နာမယ်၊ နာတဲ့နေရာက ဗိုက် အောက်ပိုင်း၊ ညာဘက် ဒေါင့်နေရာမှာ တိတိကျကျ နာမယ်။ လမ်းေလျှောက်ရင် ခါးမတ်ပြီး မလျှောက်နိုင်ဘူး။ • ဆရာဝန်က (၁) အူအတက်ရှ

မြားပစ်ပြိုင်ပွဲ

Image
နယူးယော့မှာလုပ်မဲ့ နွေဦးတော်လှန်ရေး ရန်ပုံငွေရှာပွဲမှာ တခြားအစီအစဉ်တွေနဲ့အတူ မအလ နဖူးတည့်တည့် မြားပစ်ပြိုင်ပွဲလည်း ပါတယ်။ မြား သတ်ပုံကို အတော်များများက မှားကြတယ်။ မြား ကိစ္စမြားမြောင် လူတို့ဘောင် ဆတ်းမြား = ကြမ်းတမ်းသည် ထိမ်းမြားလက်ထပ်မင်္ဂလာ ပတ္တမြား ယမြား = ပိတ်ကိုဗူးစည်းပြု၍ဆွဲသောအရာ (ယများ) မြားနတ်မောင် မြားသွား = မြှား မြားသွားချွန်ပါစေ မြားမြောင်လှစွာ မြားနှင့်ပစ်သည် အမြောက်အမြား လေးမြားအတတ် မျှား ငါးမျှားတံ ငါးမျှားသည် မျှား၍ခေါ်သည် မြှား ထုပ်လျှောက်ဒိုင်းမြှား (အိမ်) များ ခုနေများ (စကားအသုံး) များစွာသော မေးခွန်းများကို ဖြေရသည့်နေ့များ များတို့က (အရပ်စကား) များဗိုလ်လူ များမကြာမီ များများစားစား များပြားသော များဖြင် များလျား များလျားကျ (ယခင်အသုံး) များဝေနေ သူများကို အပြစ်မပြောအပ် အနည်းအများ ညီမျှပါစေ အများတကာသုံးသည့်လမ်း စည်းကမ်းရှိပါ အလုပ်များ မေးခွန်းများ လူအမည်မှည့်ခေါ်တာကိုတော့ သဘောကျရေးနိုင်တယ်။ ဥပမာ ဒဂုန်ရွှေမျှား။ သတ်ပုံအရ လေးနှင့်မြား။  ဒေါက်တာတင့်ဆွေ

ရလဒ်လို့ရေးရတယ်

Image
သတင်းတခု - မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အာဆီယံအစည်းအဝေးက ထွက်ပေါ်လာမည့် ရလာဒ် (ရလဒ်လို့ရေးရတယ်) ကို လုံခြုံရေးကောင်စီက စောင့်မျှော်နေ ဆုလဒ်က စားလုံးပေါင်းမှန်ပါသလားဆရာ။ အမျိုးသမီးတယောက်က ဆုလာဒ် လို့ပြောလို့ပါ။ ဆုလာဘ် ဆုလဒ် ရလဒ် လဒ် ရလဒ်ဂဏန်း ရွေးကောက်ပွဲရလဒ် ဘောလုံးပွဲရလဒ် ကြိုးစားမှုရလဒ် ရလဒ်ကိုကြည့်တဲ့ခေတ် လာဘ် စုက်လာဘ် (လာဘ) လာဘ်တိတ် လာဘ်တိုက်သည် လာဘ်လာဘ လာဘ်သပ်ပကာ (လပ်သပ်ပကာ) လာဘ်ပေးလာဘ်ယူ လတ် ကင်းလတ်ရွာ ကျိုက်လတ်မြို့ ဆလတ်ရွက် ညိုပြာဝင်းလတ် ဖျပ်ဖျပ်လတ်လတ် မီးပလတ် (မီးပလပ်) ဖြစ်လတ္တံ ့ လတ္တီတွဒ် လတ်တလော လတ်လတ်ဆတ်ဆတ် လတ်လတ်လောလော လတ်လျားလတ်လျားမနေသင့် လတ်ကော့လတ်ကော့ လမ်းခုလတ် လာလတ်သောအခါ အကြီး၊ အလတ်၊ အငယ် အရှင်လတ်လတ် အသားလတ်သူ မြေလတ်ဒေသ လပ် ကွက်လပ် ကွမ်းကလပ် စားရလပ် (စားရလဒ်) ဆုလပ် တခုလပ် ထန်းပလပ်ပြား ကြာကလပ် ရိက္ခာပြတ်လပ် လစ်လပ်သည် လွတ်လပ်ရေး အကြားအလပ် အမှုပလပ် လာပ် ကမ္မဇကလာပ် ရုပ်ကလာပ် ဒေါက်တာတင့်ဆွေ

Cervix သားအိမ်အဝ

Image
(ကန်တော့) ၁။ ဆရာရှင့် မရိုမသေမေးခွင့်ပြုပါနော်။ ကျွန်မ abortion ဖြစ်တာ တလရှိပါပြီ။ ခု လက်ဖြင့်စမ်းကြည့်လျျှင် သားအိမ်အဝ ပိတ်နေသလိုဖြစ်နေပါသည်ဆရာ။ သေချာချင်ပါသဖြင့် မှန်ထောင်ကြည့်ပါသေးသည်။ သားအိမ်အဝပိတ်ရခြင်း အကြောင်းရင်းကို ဖြေကြားပေးပါနော်ဆရာ။ မရိုမသေစကားကြောင့် ခွင့်လွှတ်ပေးပါဆရာ။ ၂။ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ သားအိမ်အဝဟာပိတ်နေတယ်ဆိုတာ ဟုတ်လားရှင့်။ ကိုယ်ဝန်ပျက်/ဖျက်တဲ့သူဟာ သားအိမ်ပွင့်သွားလို့လား။ ပျက်ပြီးရင် သားအိမ်ဝက ပြန်ပိတ်သွားတာလားရှင့်။ ကိုယ်ဝန်ပျက်/ဖျက်ပြီးရင် သားအိမ်ဝက ပွင့်နေတဲ့အတွက် ပိုးဝင်နိုင်တယ်လို့ ဆရာဝန်တွေက ပြောကြလို့ပါ။ ကိုယ်ဝန်ဆောင်မဟုတ်ပဲ သာမန် အမျိုးသမီးတွေမှာကော သားအိမ်ဝကပွင့်နေလား ပိတ်နေတာလား သိချင်ပါတယ်။ သားအိမ်ပိုးဝင်တာအတွက် သောက်ရတဲ့ ပိုးသတ်ဆေးက ပိုးတွေကိုသေစေရုံပဲလား။ မျိုးဥထွက်မှုကိုကော ထိခိုက်စေနိုင်လား။ မေးခွန်း (၁) အဲလို ကိုယ်တိုင်စမ်းလို့မသိနိုင်ပါ။ ဆရာဝန်မဟုတ်သူလည်း မသိနိုင်ပါ။ သားအိမ်ဝကိုစမ်းရင် (၁) VE ဆရာဝန်လက်ချောင်းနဲ့ ထိတွေ့ပြီးစမ်းနည်း။ Speculum ကရိယာထည့်ပြီး မျက်စိနဲ့ကြည့်နည်း။ (၃) Pap smear အရည်ကိုယူပြီး ဓါတ်ခွဲစမ်းနည်းနဲ့ (၄) Biopsy အသားစဖြတ

တချုပ်တခြာ ကြီးအာဏာဖြင့်

Image
ဒီသတင်းက သေချာသလား၊ အဲဒါသေချာပြီလား စသဖြင့် တင်ကြတာမှာ ချာကိုသတ်ပုံမှားရေးသူတွေမနည်းပါ။ ချာ ရူးချာချာ ကွန်ချာ ကွန်ချာဖူး ကပေါက်တိ ကပေါက်ချာ ချက်ချာ ချာ = ညံ့ဖျင်း ချာကနဲ လည်သွားသည် ချာချာလည်သည် ချာတာတာ ချာတိတ် ချာတူးလံ ချာပရာစီ ချာရစ် ချာလပတ်လည် ချူချာ ဂဏန်းသင်္ချာ စုတ်ချာ တပ်အပ်သေချာ ထိပ်ချာ ပတ်ချာလည် ဖက်သချာနာ ဖျင်းချာ ဗရချာ လုံးချာလိုက် သည်းချာ သွက်ချာပါဒရောဂါ သွက်ချာလည် သားသည်းချာ သဝေချာလည် အချက်အချာ အရင်းအချာ အူချာပေါက် အပြောအဆိုချာသည် စေ့စပ်သေချာ ဆွေမျိုးရင်းချာ ဆွေမျိုးရင်းချာ ဒေါင်ချာစိုင်း ဒေါင်ချာလည် ဗွေချာ မာချာ ယောင်ချာချာ ယောင်တိယောင်ချာ သေချာ သေချာဂန နုံချာ ခြာ ချက်ချက်ခြာခြာ တရက်ခြာ နှစ်ရက်ခြာ မွဲခြာသည် ရက်ခြာဖျား အချုပ်အခြာ = အလုံးစုံကို အုပ်ခြုံမိသည် အချုပ်အခြာ ဒေါက်ခြာ ထို့နောက်မှာမူ၊ ဆင်းဝါ ထူးခြား၊ ဟန်ကိုးကားနှင့်၊ ယောက်ျား ပီပြင်၊ နတ်လုလင်သို့၊ နတ်ရှင် ရွှေလှံ၊ ကိုယ်ရံ တပ်ရဲး၊ ယာဝဲး နောက်ဖြည့်၊ ရွှေပြည့် မှန်ကင်း၊ လင်းဇင်း နန်းဦး၊ တထူး ထိုမှ၊ တရာ့ငါးဆယ်၊ ဓဝယ် မာရဘင်၊ တွင်းပြင် ရှက်ထွေး၊ ကြဲးသေး မိန်ညို၊ မျဉ်း ရှည်တိုနှင့်၊ ဆင်ကို မဆုတ်၊ စွယ်ကိုနုတ်သား၊ မယုတ် စွမ်းသ

နွေဦးမှာ ပန်းပေါင်းတရာ ပွင့်ပါစေသတည်း

Image
ပန်းပေါင်းတရာ မျောပါလာသည့် ဧရာဝတီ ထိုမြစ်ရှည်။ တယောက်တလက် စုပေါင်းဆက်၍ လက်ယက်ရေတွင်း ရိုးအဆင်းမှာ ချက်ချင်းတူးဖေါ်ခဲ့ကြသည်။ ဒေါက်တာတင့်ဆွေ

Anti-Itch အယားသက်သာဆေး

Image
ဆေးအမျိုးအစား များတယ်။ နောက်ပေါ်ဆေးတွေ ကောင်းပါတယ်။ အင်းဆက်ကောင်လေးတွေကိုက်တာ။ အလာဂျီခေါ် မတည့်လို့ယားတာတွေအတွက် ချက်ချင်းသက်သာစေတယ်။ Anti-Itch အယားသက်သာဆေးထဲမှာ Camphor ပရုပ်နဲ့ Menthol ဘုမ္မသိန် (ပရုပ်ကိုပိုသန့်အောင်လုပ်ထားတာ) ပါတယ်။ Aveeno Lotion အဗီးနိုလိမ်းဆေးထဲမှာ Calamine + Pramoxine HCl တွေပါတယ်။ Natural Colloidal Oatmeal သဘာဝအုတ်စပါးကနေ ထုတ်တယ်။ ဆေးနှစ်မျိုးလုံးက အင်းဆက်ကိုက်တာ၊ ဘာကြောင့်ယားမှန်းမသိတာတွေအတွက် အမြန်သက်သာစေတယ်။ ကလေး လူကြီး ကျား မ သုံးနိုင်တယ်။ Aveeno အမည်နဲ့ ဘေဘီလိုးရှင်း၊ အရေပြားရေဓါတ်လိမ်းဆေးတွေလည်းလာတယ်။ ကော်တီဇုန်း မပါ။ ဒေါက်တာတင့်ဆွေ

မမြင်ဘူး မူးမြစ်ထင်

Image
မူရင်းစာအုပ် မြှော်တလင့်တင့်ကို မမြင်ဖူးသူတွေက သတ်ပုံ ပြင်ထုတ် အမှား မျှော်တလင့်လင့်ကို လာပြကြတယ်။   မှန်တာတွေကို နောက်လူတွေ မှားသိစေအောင် ၁၉၈၀ နောက်ကတည်းက အမိန့်နဲ့လုပ်ထားတာ။ အွန်လိုင်းမှာ ၈၀%က အမှားတွေ။ ပြန်ထုတ်စာအုပ် ၉၀% ကအမှားတွေ။   ရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်း၊ သခင်ဘသောင်းရဲ့ တထောင့်တညတွေကို စသတ်မှ ထုတ်ဝေခွင့်ပေးတယ်။   မြန်မာစာလည်း အာဏာသိမ်းခံထားရတာ။   ဒေါက်တာတင့်ဆွေ ၂၂-၄-၂၀၂၀ ၂၂-၄-၂၀၂၁

ထန်းလက်တဲနဲ့နေခဲ့တဲ့ ဆရာဝန်

Image
ထန်းရွက်ရောင်းရန်ရှိပါသည်။ ညောင်ကန်က အမျိုးတယောက် တင်ထားတယ်။ အမျိုးဖြစ်လို့ ပြောဦးမယ်။ ထန်းလက်တွေကို အပင်ကချိုင်ပြီးရင် အောက်မှာ တခုချင်းစီထပ်ပြီး အခြောက်ခံထားရတယ်။ အပေါ်က တုံးကြီးကြီးနဲ့ ဖိထား။ အဲတာမှ အိမ်မိုးတဲ့အခါ ပိုအဆင်ပြေတယ်။ မြို့သာမှာ အိမ်ဘေး ဇောင်းချပြီးနေခဲ့ရတာ ၆ နွေကြာခဲ့လို့ သိတယ်။ ထန်းလက်မိုးကို နှစ်စဉ်လဲပေးတော့ အောက်မှာ အေးတယ်။ အနံ့လေးက မွှေးသေး။ ကျွန်တော်က ပါးစပ်နဲ့တော့ အကုန်လုပ်တတ်တယ်။ ထမင်းဟင်းလည်း ပါးစပ်နဲ့ ချက်တတ်သေးတာ။ နွေဦးတော်လှန်ရေးလည်း ပါးစပ်နဲ့တိုက်နေတာ။ ဒေါက်တာတင့်ဆွေ ၂၂-၄-၂၀၂၀ ၂၂-၄-၂၀၂၁

Indonesia ပါတိတ်လော ဘာကိတ်လော

Image
၁။ ဆရာ မြန်မာစကားက တကယ်တမ်းအရမ်းခက်ခဲတာပေါ့နော် အမှားပါရင် ကန်တော့ဘာ ဆရာ (ကန်တော့ပါလို့ ရေးရတယ်)  ၂။ မင်္ဂလာဘာဆရာ (မင်္ဂလာပါလို့ ရေးရတယ်) ၃။ ဟုတ်ကဲ့ဘာဆရာ (ဟုတ်ကဲ့ပါလို့ ရေးရတယ်) ၄။ ကျေးဇူးဘာဆရာ (ကျေးဇူးပါလို့ရေးရတယ်) ၅။ အသက် ၃၆ နှစ်ပါဆရာ။ အမျိုးသမီးဘာဆရာ။ ကလေးမရှိဘာဘူးခင်ဗျာ။ ခုမှဆေးစစ်ချက်တွေရတာဘာခင်ဗျာ။ ကျွန်တော့်လုပ်ဆောင်ချက်များ မှားယွင်းနေရင် ခွင့်လွှတ်ပါဆရာ။ ၂ လနီးပါးရှိဘာဘီဆရာ။ (အမျိုးသမီးပါလို့ရေးရတယ်။ ရတာပါလို့ရေးရတယ်။ ရှိပါပြီလို့ရေးရတယ်)  ဘာ သြဘာစာ ဘာဂအဘို့ ဘာဂိနေယျ = နှမ၏သား = တူ ဘာဂျာ (တူရိယာ) ဘာဏုရာဇာရာနေမင်း ဘာဘဲလုပ်လုပ်ရ ဘာလီရည် ဘာအလုပ်လုပ်ပါသလဲ ဘာလုပ်နေတာလဲ ဘာဝနာပွါးသည် ဘာဝရုပ် ဘာသာလဝါ = ကြင်နာစွာဖြင့် နှုတ်ဆက်ပြောဆိုခြင်း ဘာသာရေး ဘာသိဘာသာ (ဖါသိဖါသာ) ဘာသန္တရ ဘာပြောချင်တာလဲ ဘာပြောမှန်းမသိ မဟာဘာရတတိုင်း သဘာပတိ သဘာဝကျသည် ဣတ္ထိဘာဝ ပါ ကယ်ပါယူပါ တစာစာနဲ့ ကားပေါ် ပါသွားပြီ ခွင့်လွှတ်ပါ ချစ်ခင်ပါ စာပါဦး ပါချည်ပါချဲ့ ပါစင်အောင်လွဲနေသည် ပါဋလိပုတ်ပြည် = ပါဝါပြည် = ပတ္တနားမြို့ ပါဏာတိပါတ် = သတ္တဝါကိုသတ်ဖြတ်ခြင်း ပါတင်းစုံဖဲ ပါတိတ် ပါတိမောက် ပါဒရက်နာ ပါပဓါတ် = မကောင်းသောဓါတ် ပါပီ (

Indonesian Model အင်ဒိုနီးရှား ဒွိစုံနမူနာ

Image
မြန်မာပြည်မှာ နဝတ/နအဖ လက်ထက်က စည်းကမ်းပြည့်ဝသောဒီမိုကရေစီနဲ့ လွှတ်တော်မှာ ၂၅% ဆိုတဲ့ အသံတွေ စထွက်တော့ မြန်မာပြည်ကို အင်ဒိုနီးရှားနမူနာနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။ အင်ဒိုနီးရှားဖြစ်စဉ်နဲ့ ဆင်တူတာတွေ အတော်များများ မြန်မာပြည်မှာလဲရှိပါတယ်။ ဗိုလ်ချုပ်နေဝင်းက (၁၉၆၂-၁၉၈၈) ၂၆ နှစ်တာ အုပ်စိုးကြိုးကိုင်ခဲ့သလို ဆူဟာတို က အင်ဒိုနီးရှားကို နှစ်ပေါင်း (၁၉၆၇-၁၉၈၈) ၂၁ နှစ် အုပ်စိုးခဲ့တယ်။ အဲဒီအာဏာရှင်ကြီးတွေ နန်းကျနှစ်ကလဲ ၁၉၈၈ အတူတူဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ New Order အစီအစဉ်သစ်ဆိုပြီးလုပ်ခဲ့တယ်။ ဒိနောက်မှာ Reformation Era ပြုပြင်ပြောင်းလဲရေး ကာလဆိုတာ ဖြစ်လာတယ်။ ဒီမိုကရေရေးလှုပ်ရှားမှုရှိလာတယ်။ စီးပွါးရေးပျက်ကပ်ကြီး ခံရတယ်။ ဆူဟာတို ပြုတ်ကျတယ်။ ဘာသာရေးအခြေခံအကြမ်းဖက်မှုနဲ့ အရှေ့တီမောခွဲထွက်မှု ဖြစ်ခဲ့တယ်။ နောက် ဆူဟာတိုကနေ စစ်တပ်အင်အားသုံးပြီး ဆူကာနို ကို ၁၉၆၅ မှာ ဖယ်ရှားလိုက်ပါတယ်။  အဲသည်ကတည်းက လွှတ်တော်ထဲမှာ စစ်ဗိုလ်တွေက နေရာ ၅ဝဝ ထဲမှာ ၁ဝဝ (၂ဝ%) ကို ယူထားပါတယ်။ ဆူဟာတိုကာလအတွင်းမှာ Dual function တာဝန်နှစ်ရပ် ထမ်းဆောင်ရမယ်လို့ ပြဋ္ဌာန်းခဲ့တယ်။ အင်ဒိုနီးရှားလို Dwifungsi ဒွေးဖန်ဆီ လို့ခေါ်တယ်။ တိုင်းပြည်

Wungyi ဝန်ကြီး

Image
မင်္ဂလာပါ ဝန်ကြီးခင်ဗျာ။ အလုပ်တွေအရမ်းများလို ့ကျန်းမာရေးကို ဂရုစိုက်စေချင်ပါတယ်ခင်ဗျာ။ ဝန်ကြီးရဲ့ စာဖတ် ပရိတ်သတ်ပါခင်ဗျ။ ဟုတ်။ ဝန်ကြီးတော့ မဟုတ်ပါ။ လူမှားရေးသလား စစ်ပါရန်။ အရင်က NCGUB မှာ ဝန်ကြီးတာဝန်ယူဖူးတယ်လို ့သိရလို့ပါခင်ဗျ။ ဆေးပညာကော မြန်မာစာအရေးအသား သတ်ပုံပါ လေ့လာခွင့်ရလို ့လူငယ်တွေကိုယ်စား ကျေးဇူးတင်ပါတယ်ခင်ဗျ အော် ဟုတ်တယ်။ ကြာပြီပေါ့။ ကျွန်တော် University စတက်ကတည်းက သတင်းမှာ ပုံကိုခဏခဏ မြင်ဖူးပါတယ်ခင်ဗျ။ ကျွန်တော်တို ့လူငယ်တွေ အနာဂတ်မြန်မာပြည်အတွက် ဆောင်ရွက်သင့်တာကိုလည်း လမ်းညွှန်စကားများ ပြောကြားပေးစေလိုပါတယ်ခင်ဗျ။ ကျွန်တော့်အသက်က ၂၄ နှစ်။ ရဲအရာရှိပါခင်ဗျ။ အမည်က ့့့့့ လို့ ခေါ်ပါတယ်ခင်ဗျ။ • ဝန်ကြီးဆိုပြီး အကြာကြီးအခေါ်ခံရဘူးတယ်။ • လုပ်ခဲ့ရတာတွေကတော့ ပလေကပ်ကိုင်ပြီး လမ်းတွေပေါ်မှာထိုင်ရတယ်။ • ဒို့အရေး၊ ဒို့အရေး အော်အော်ပေးရတယ်။ • အစည်းအဝေးတွေမှာ ဆွေးနွေးရတယ်။ • ဟိုနေရာသည်နေရာမှာ မိန့်ခွန်းဆိုတာခြွေရတယ်။ • အခြေအနေထူးရင် အင်တာဗျူးပေးရတယ်။ • စာတိုပေစ ရေးရသေးတယ်။ • သူများလွှတ်တော်တို့ ကွန်ဂရက်တို့မှာ တက်ရတယ်။ • ကျိန်းကျေသွားပြီပေါ့ဗျာ။ မှတ်ချက်။ ကျွန်တော်က NCGUB စင်ပြိုင်အစိုးရမှာ

The Endings ဖျက်သိမ်းခြင်းများ

Image
ကျွန်တော့်ဘဝမှာ စက်တင်္ဘာလထဲမှာ အပြီးတိုင်ဖျက်သိမ်းခဲ့ရတာကြီး နှစ်ခုရှိပါတယ်။ စင်ပြိုင်အစိုးရနဲ့၊ ယမုန်နာဆေးခန်း။ ၁၄-၉-၂ဝ၁၂ နေ့မှာ အမျိုးသားညွှန်ပေါင်းအစိုးရကို ဖျက်သိမ်းလိုက်တယ်။ ကျွန်တော်က မဖွဲ့ခင်ကတည်းကပါခဲ့တယ်။ ဖျက်တော့လည်း ထုတ်ပြန်ကြေညာချက်ကို ရေးရသူဖြစ်တယ်။ ယမုန်နာဆေးခန်းကို ၁၃-၉-၂ဝ၁၄ နေ့မှာ နောက်ဆုံး ဖွင့်ခဲ့ပါတယ်။ ၁၄-၉-၂ဝ၁၂ စင်ပြိုင်အစိုးရတရပ် မလိုအပ်တော့၍ ဖျက်သိမ်းလိုက် နေမျိုး | သောကြာနေ့၊ စက်တင်ဘာလ ၁၄ ရက် ၂ဝ၁၂ ခုနှစ် ၁၅ နာရီ ၃၇ မိနစ် နယူးဒေလီ (မဇ္စျိမ) ။ ။ လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းများအရ စင်ပြိုင်အစိုးရတရပ် ထားရှိရန်မလိုအပ်တော့၍ အမျိုးသားညွှန်ပေါင်းအစိုးရ NCGUB အား ဖျက်သိမ်းလိုက်ကြောင်း ပြန်ကြားရေးနှင့် လူထုဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ဒေါက်တာတင့်ဆွေ က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေရော၊ ကျောင်းသားတွေရော ပြည်ပကို ထွက်ပြီး မြန်မာပြည် အခြေအနေကို ပြောနိုင် ဆိုနိုင်ပြီ။ ဒီကနေ့ မြန်မာပြည်ရဲ့ ဦးတည်ချက် လမ်းကြောင်းဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဦးတည်ချက်ကို သွားနေတော့ ကျနော်တို့ဟာ ဒီလမ်းကြောင်းမှာ အစိုးရတခုရဲ့ စင်ပြိုင်နေတဲ့ အစိုးရတရပ

Flag robbery အလံတော်အမှု ဘယ်ကတုန်းကစသလဲ

Image
၂၅-၁ဝ-၂ဝ၁ဝ နေ့က ဘီဘီစီသတင်းတခုမှာ နိုင်ငံတော်အလံသစ် ညွန့်ပေါင်းအစိုးရအလံဖြစ်လို့ပါတယ်။ မြန်မာနိုင်ငံက ရွေးကောက်ပွဲအတွက် ကြိုတင်ဆောင်ရွက်ခွင့်ရှိတဲ့ အခြေခံဥပဒေပါ အချက်အလက်အရ နအဖ အစိုးရဟာ မကြာခင် ရက်ပိုင်းက နိုင်ငံတော်အလံကို နိုင်ငံတဝန်း လွှင့်ထူခဲ့ရာမှာ ဒီအလံသစ်ဟာ ပြည်ပအခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်အစိုးရ NCGUB ရဲ့ အလံနဲ့ဆင်တူနေပါတယ်။ ဒါဟာ တိုက်ဆိုင်မှုလား၊ လေ့လာဆန်းစစ်မှု အားနည်းလို့လား ဆိုတဲ့ မေးခွန်းကို NCGUB အစိုးရအဖွဲ့မှ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်ကို မေးကြည့်တော့ အခုကိစ္စဟာ ပဌမအကြိမ် ခိုးယူခံရခြင်း မဟုတ်ပဲ၊ ၉ဝ ပြည့် ရွေးကောက်ပွဲရလဒ်အရ ပြည်သူ့အစိုးရဖွဲ့ခွင့်ပါ ငြင်းဆန်၊ လုယူခြင်းခံရပုံကို ရှင်းပြပါတယ်။ ဒီအလံဟာ မာနယ်ပလောမှာ စတင်ရွေးချယ် အသုံးပြုခဲ့တဲ့အကြောင်းနဲ့ အလံရဲ့အဓိပ္ပါယ်ကိုပါ ဦးဘိုလှတင့်က ဘီဘီစီကိုပြောပြပါတယ်။ အပြုသဘောဆောင်တဲ့ အနေနဲ့ စဉ်းစားကြည့်ရင် NCGUB အစိုးရကို နအဖ အစိုးရအနေနဲ့ လက်တွဲခေါ်မဲ့ အသွင်ရော ရှိနိုင်ပါသလားဆိုတော့ မဖြစ်နိုင်ပုံကို ထောက်ပြသွားပါတယ်။  ကျွန်တော့်ကို တယောက်ကမေးပါတယ်။ ကြိုက်လိုက်တာဆရာရယ် မြန်မာနိုင်ငံတော်အလံအကြောင်းလည်း အလျဉ်းသင့်

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း

Image
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန် ့ပေါင်းအစိုးရ (NCGUB) သည် (၁၉၉ဝ) ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ လျှို့ဝှက် အစည်းအဝေး သဘောတူညီချက်များအား အခြေခံလျက်၊ လွတ်မြောက်နယ်မြေရှိ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) နှင့် မြန်မာနိုင်ငံဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ် (DAB) တို့၏ အခိုင်အမာ ကူညီထောက်ခံမှုများဖြင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ၁၈-၁၂-၁၉၉ဝ နေ့တွင် ထိုင်း-မြန်မာနယ်စပ်အနီး၊ မြန်မာနိုင်ငံမြေပေါ်ရှိ (မာနယ်ပလော) ၌ စတင်ဖွဲ့စည်းပြီး၊ လွတ်လပ်သော၊ ငြိမ်းချမ်းသော၊ ညီညွတ်သော၊ သာယာဝပြောသော၊ ခေတ်မီသော ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရကို ဖွဲ့စည်း တည်ထောင်လိုက်သည်ဟု ပါရှိသည်။ ၁၈-၁၂-၁၉၉ဝ နေ့က ဖွဲ့သည့် အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းနှင့် ဝန်ကြီးအဖွဲ့ဝင်များမှာ ဦးဝင်းကို၊ ဦးပီတာလင်းပင်၊ ဦးသန်းကြွယ်၊ ဦးလှဖေ၊ ဦးသိန်းဦး၊ ဦးဘိုလှတင့်၊ ဦးထွန်းဦးတို့ဖြစ်ကြသည်။ ၂၅-၄-၁၉၉၁ နေ့တွင် အစိုးရကို ပြင််ဆင်တိုးချဲ့ဖွဲ့စည်းရာ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းနှင့် ဝန်ကြီးမ

NCGUB ယှဉ်ပြိုင်ခြင်းသည်အဓိက (သို့မဟုတ်) အဝေးရောက်အစိုးရ

Image
လာမဲ့ ဒီဇင်္ဘာ (၁၈) ရက်နေ့ဆိုရင် NCGUB စင်ပြိုင်အစိုးရကို ဖွဲ့စည်းခဲ့တဲ့ နှစ်ပါတ်လည်နေ့ရောက်ပါမယ်။ လွန်ခဲ့တဲ့ ၁၉၉ဝ ဒီလိုရက်တွေမှာဆိုရင် လောလောလတ်လတ်အရွေးချယ်ခံထားကြရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ စစ်အစိုးရ ထိန်းချုပ်ရာကနေ လွတ်မြောက်အောင် ခက်ခက်ခဲခဲထွက်ခွါနေကြရပါပြီ။ အများစုကတော့ ထိုင်းနယ်စပ်ဘက်ဆီနဲ့ ကျွန်တော်တို့ကတော့ အိန္ဒိယနယ်စပ်ဖက်ဆီ ထွက်ကြရတာပါ။ ၁၈-၁၂-၁၉၉ဝ နေ့ကစတင် ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ NCGUB ကို ၁၄-၉-၂ဝ၁၂ နေ့ကစပြီး အစိုးရအဖွဲ့ကိုယ်တိုင်က ဖျက်သိမ်းလိုက်ပါပြီ။ အဝေးမရောက်ခင်က မြန်မာပြည်မြေပေါ်မှာ ထူထောင်လိုက်တာဖြစ်လို့ စင်ပြိုင်အစိုးရလို့ သုံးနှုံးပါတယ်။ နိုင်ငံတကာမှာလဲ Parallel government လို့ ခေါ်ကြတယ်။ တကယ်တော့ ၁၉၉ဝ ရွေးကောက်ပွဲအရ တရားဝင်အစိုးရထူထောင်ချင်ခဲ့တာပါ။ တခြားနိုင်ငံတွေကိုခရီးထွက်နေကြတဲ့ ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေကို ထိုင်းနိုင်ငံက ဗီဇာပိတ်လိုက်ပြီးနောက် ဝါရှင်တန်-ဒီစီမှာ ရုံးဖွင့်လိုက်ပေမဲ့ အဝေးရောက်အစိုးရလို့ မသုံးခဲ့သေးပါ။ ၁၉၉၅ မှာ မာနယ်ပလောကျသွားမှ Exile အဝေးရောက် ဖြစ်လာတယ်။ နာမည်ဆိုးပေးတတ်တဲ့ အပြိုင်ခံ အာဏာသိမ်

NCGUB ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက်

Image
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) သည် ၁၉၉ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် တခဲနက် ထုတ်ဖေါ်ပြသခဲ့ကြသော တိုင်းရင်းသားလူမျိုးစုံ မြန်မာပြည်သူများ၏ ပြင်းပြသော ဒီမိုကရေစီ လိုလားမှုနှင့် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖေါ်နိုင်ရန်အလို့ငှါ လွတ်မြောက်နယ်မြေနှင့် ပြည်ပ သို့ ထွက်ခွါလာခဲ့ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် မာနယ်ပလောဋ္ဌာနချုပ် တွင် ၁၉၉ဝ ခု၊ ဒီဇင်ဘာလ၁၈ရက်နေ့၌ ဖွဲ့စည်းထူထောင်ခဲ့သည့်စင််ပြိုင်အစိုးရဖြစ်သည်။ ယင်းသို့ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အခြေခံသော စင်ပြိုင်အစိုးရတရပ် ဖွဲ့စည်းနိုင်ရန် ပြည်တွင်း၌ စတင် ကြိုးပမ်းကြစဉ်ကတည်းက တက်ကြွစွာ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များနှင့် စည်းရုံးရေမှူးများ၏ ထောက်ခံမှုများ၊ မာနယ်ပလော အခြေစိုက် အမျိုးသား ဒီမိုကရ